menu

Friday 31 August 2012

ABSDF (မြောက်ပိုင်း)စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)
ရန်ကုန်၊ သြဂုတ်-၃၁

ABSDF (မြောက်ပိုင်း)တွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက် မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အမှုတည်ဆောက်နေပါ

တယ်”ဟု ကိုဆမားညီညီက ပြောသည်။ အချက်ခြောက်ချက်ပါ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၏ မိသားစုဝင်ဟောင်းများက တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းပါက လက်တွဲမည်ဟုပါရှိပြီး ကာယကံရှင်ကိုယ်တိုင် တရားဥပဒေကြောင်းအရ ဖြေရှင်းရန် ရှိ၊ မရှိ မေးမြန်းရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဟာအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ဖြစ်ပြီးတော့မှ စွဲဆိုနိုင်အောင် ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။ အမှုတည်ဆောက်ပြီးပါက တရားရေးနှင့် ပြည်ထဲရေးတို့ကို သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းတို့ကပြောသည်။

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ အဆိုအရ အဆိုပါ ABSDF (မြောက်ပိုင်း)စခန်းတွင် တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၁၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တစ်ပြိုင်တည်း အသတ်ခံရသူ ၁၅ ဦး အပါအ၀င် လူ ၃၉ ဦးမှာ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း အသတ်ခံခဲ့ရကြောင်း သတင်းထောက်များသို့ ပြောသည်။

ယင်းဖြစ်စဉ်တွင် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာနိုင်အောင် အပါအ၀င် လူ ၁၃ ဦးသည် တာဝန်ရှိသူများဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲလိုက်သည်။ ၎င်းတို့ထုတ်ပြန်သည့် တာဝန်ရှိသူ ၁၃ ဦးစာရင်းတွင် ရော်နယ်အောင်နိုင်၊ သံချောင်း(ခ) မြင့်စိုး (ခ) စ၀်ခွန်ကျော်၊ ကျော်ကျော်၊ မျိုးဝင်း၊ လှဆိုင်း၊ အောင်ကြီး၊ စိန်အေး၊ နေထွန်း၊ ထွန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ ကျော်တင်ဦး အစရှိသူများ ပါဝင်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis