menu

Friday 31 August 2012

ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေး နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့သ၀ဏ်လွှာပေးပို့

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူလ ပြည်ထောင်စုဝန်ကြီးဌာန ၃၄ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပိ
ု့သည်။

နိုင်ငံတော် သမ္မတက ပြင်ဆင် ဖွဲ့စည်းလိုသော ပြည်ထောင်စုဝန်ကြီးဌာနများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပြင်ဆင်ဖွဲ့စည်းမှု အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှစ်ခုမှ တစ်ခုတည်းသာဖြစ်လာပြီး၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းကာ၊ သမ္မတရုံး ၀န်ကြီးဌာနအောက်တွင် ၀န်ကြီးဌာန ၆ ခုရှိလာသည်။

(၁) ကာကွယ်ရေးဝန်ကြီးဌာန
(၂) ပြည်ထဲရေးဝန်ကြီးဌာန
(၃) နယ်စပ်ရေးရာဝန်ကြီးဌာန
(၄) နိုင်ငံခြားရေးဝန်ကြီးဌာန
(၅) ပြန်ကြားရေးဝန်ကြီးဌာန
(၆) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၇) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
(၈) ဆောက်လုပ်ရေးဝန်ကြီးဌာန
(၉) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၁၀) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၁၁) ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၁၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၁၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၄) မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
(၁၅) သတ္တုတွင်းဝန်ကြီးဌာန
(၁၆) သမ၀ါယမ၀န်ကြီးဌာန
(၁၇) အလုပ်သမားဝန်ကြီးဌာန
(၁၈) ပို့ဆောင်ရေးဝန်ကြီးဌာန
(၁၉) ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
(၂၀) စက်မှုဝန်ကြီးဌာန
(၂၁) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
(၂၂) စွမ်းအင်ဝန်ကြီးဌာန
(၂၃) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂၄) ပညာရေးဝန်ကြီးဌာန
(၂၅) ကျန်းမာရေးဝန်ကြီးဌာန
(၂၆) ယဉ်ကျေးမှုဝန်ကြီးဌာန
(၂၇) သာသနာရေးဝန်ကြီးဌာန
(၂၈) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(၂၉) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(၃၀) အားကစားဝန်ကြီးဌာန
(၃၁) သမ္မတရုံးဝန်ကြီးဌာန
(က) ၀န်ကြီးဌာန(၁)
(ခ) ၀န်ကြီးဌာန(၂)
(ဂ) ၀န်ကြီးဌာန(၃)
(ဃ) ၀န်ကြီးဌာန(၄)
(င) ၀န်ကြီးဌာန(၅)
(စ) ၀န်ကြီးဌာန(၆)
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူပေးနိုင်ရန် သြဂုတ်လ ၃၁ရက် (ယနေ့)ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့သည်။
သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၇ (၀၁)/၈/သမ္မတရုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်

သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။အစိုးရသစ် တာဝန်ယူစအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန (၂)ဌာနကို ပြည်ထောင်စုဝန်ကြီးတစ် ဦးမှ တာဝန်ယူ၍ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၂။သို့သော်လည်း လတ်တလော အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အချိန်ယူပြင်ဆင်ရန် လိုအပ်လျက်ရှိသောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ သို့ပါ၍ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူ ပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
 နိုင်ငံတော်သမ္မတ
 
 
နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် တစ်ခုထဲသို့ ပြင်ဆင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ထားသည်။ သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၇(၅)/၈/သမ္မတရ
ုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊သြဂုတ်လ ၂၉ ရက်
သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ ။ ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ဖူလုံရေးအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနများအဖြစ် တာဝန်ခွဲ၍ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်

၂။ လုပ်ငန်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ထိရောက်ကောင်းမွန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု လွယ်ကူစေရန်တို့အတွက် အဆိုပါ ၀န်ကြီးဌာနနှစ်ခုအား ပေါင်းစည်း၍ ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာန'' အဖြစ် ၀န်ကြီးဌာနတစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအားဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis