menu

Thursday 30 August 2012

အမည်ပျက်စာရင်းထဲက ထုတ်လိုက်တဲ့ နာမည် ၁,၁၄၇ ခု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ် (ဓာတ်ပုံ - ဧရာဝတီ)

Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းဆိုပြီး အခုလေးတင် သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ တင်လာ ပါတယ်။
ပြည်ပနိုင်ငံအသီးသီးမှာ နိုင်ငံသားအဖြစ်ခံယူထားကြတဲ့ မြန်မာတွေ အပါအဝင် စုစုပေါင်း ၁,၁၄၇ ယောက်ပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးအမည်ကို ထိပ်ဆုံးမှာ တွေ့ရမှာပါ။
စာရင်းကို ဟိုတို့ဒီတို့ ဖတ်ကြည့်တဲ့အခါ နာမည် ၂ ခု ထပ်နေတာ ၄၊ ၅ ခုတွေ့ရတာမို့ ၁,၁၄၇ ဆိုပေမယ့် တကယ်တမ်း ၁,၁၃၅ နဲ့ ၁,၁၄၇ ကြားမှာ ရှိလောက်မယ် ထင်ပါတယ်။

စာရင်းထဲမှာ မကြာခင်ရက်ပိုင်းအတွင်း ပြည်ထဲကို အလည်သွားကြမယ့် ABSDF ဥက္ကဌဟောင်း ကိုမိုးသီးဇွန် နာမည်လည်း ပါပါတယ်။

အခြား ABSDF ဥက္ကဌဟောင်းတယောက်ဖြစ်တဲ့ ကိုထွန်းအောင်ကျော် နာမည်ကိုတော့ ရှာမတွေ့ပါဘူး။ အမေရိကန်ပြည်ထောင်စုရောက်သွားတဲ့အချိန်မှာ နာမည်ပြောင်းလိုက်လို့လားတော့ မသိပါ။

စာရင်းအပြည့်အစုံကို သမ္မတရုံးဝက်ဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ အတော်လေးတော့ သီးခံပြီး စောင့်ရပါမယ်။

စိတ်မရှည်သူများအတွက်တော့ ဟောဒီမှာ ပီဒီအက်ဖ်ဖိုင်
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis