menu

Tuesday 28 August 2012

အမျိုးသားလွှတ်တော်က ခုံရုံးအားစွပ်စွဲပြစ်တင်သောအဆိုကို အတည်ပြု

နေပြည်တော်၊ သြဂုတ် - ၂၈
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန် များကို ကျေပွန်စွာ မထမ်းဆောင် ခြင်းတို့အရ စွပ်စွဲပြစ်တင်သည့် အဆိုကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသော အမျိုးသားလွှတ် တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ် ရာ တက်ရောက်သောကိုယ်စား

လှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် ထောက်ခံသဖြင့် အထက်ပါအဆို မှာ အတည်ဖြစ်သွားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မဲခွဲမဆုံးဖြတ်မီတွင် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးကပြန်လည်ရှင်းလင်းရာတွင် "ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေပြု အမတ်များကမဲခွဲဆုံးဖြတ်ခြင်းဟာ ကမ္ဘာ့အစဉ်အလာမရှိပါ။ တရားရုံးရဲ့ စီရင်ခွင့်ကို ပြင်ပမှ မဲခွဲဆုံးဖြတ်ခြင်းက အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်းဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇော်မြင့် ဖေ တင်သွင်းသော စွပ်စွဲပြစ်တင် သည့်အဆိုကို တပ်မတော်သား ကိုယ်စားလှယ်ခြောက်ဦးအပါအ ၀င် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ၁၆ ဦးက ပါဝင်ဆွေး နွေးခဲ့သည်။ ဆွေးနွေးမှုများအပြီး မတ်တပ်ရပ်၍ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၂၃ ဦးရှိသည်တွင် ၁၆၃ ဦးက မတ် တပ်ရပ်ထောက်ခံပြီး၊ တက်ရောက် သောကိုယ်စားလှယ်အရေအတွက် ၏ သုံးပုံနှစ်ပုံကျော်သဖြင့် အဆို မှာ အတည်ဖြစ်သွားခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၀ ဦးစလုံးက အဆိုကို ထောက်ခံ ဆွေးနွေးပြီး၊ တပ်မတော်သား ကိုယ်စားလှယ်ခြောက်ဦးက လွှတ်တော်နှင့်အစိုးရအဖွဲ့ကို ပြည်သူလူ ထုက အထင်မှားနိုင်၍ စွပ်စွဲပြစ် တင်ခြင်းကို ပြန်လည်စဉ်းစားသင့် ကြောင်း အကြံပြုတင်ပြခဲ့ကြသည်။ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများဆိုသည်မှာ လွှတ် တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များကို ရည်ညွှန်းကြောင်းနှင့် အခြေခံဥပဒေနှင့်လည်း ညီညွတ်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များက ပြောကြားထား ရာ လွှတ်တော်နှစ်ရပ်မှ ဒုဥက္ကဋ္ဌ များမှာ တည်ဆဲဥပဒေများအရ နုတ်ထွက်ရမည့်အခြေအနေရှိနေကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့ကပြောကြားသည်။

တည်ဆဲဥပဒေများဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေပုဒ်မ-၁၇ တွင် “ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်”ဟုလည်းပါရှိထားသည်။

လွှတ်တော်နည်းဥပဒေ ပုဒ်မ -၅၄ တွင် လွှတ်တော်အခွင့်အ ရေးကော်မတီကို ၁၅ ဦးထက်မပို သော လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းရမည်။ ယင်းသို့ ဖွဲ့စည်းရာတွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌသည် ရာထူးအလျောက် ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ရမည်ဟုပါရှိထားသည်။

လွှတ်တော်နှစ်ရပ်ရှိ ဒုတိယ ဥက္ကဋ္ဌများသည် လွှတ်တော်အခွင့် အရေးကော်မတီတွင် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ကြောင်း ယင်းအချက်များကို တပ်မတော် သားကိုယ်စားလှယ်များက ထောက်ပြနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis