menu

Thursday 30 August 2012

တိုင်ဖုန်းမုန်တိုင်းဘိုလဗင်ကြောင့် တောင်ကိုရီးယားတွင် ၁၈ ဦးသေ၊ ၇ ဦးပျောက်ဆုံးလျက်ရှိ




ဂျေဂျူးကျွန်းတောင်ဘက် ဆိုဝီပိုတွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် သောင်တင်နေသော တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းမှ အမှုထမ်းများကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ်
တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၈ ရက်နေ့က အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ကာ ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအတွင်း၌ အပြင်းထန်ဆုံးဖြစ်သော အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Bolaven ဘိုလဗင်ကြောင့် နေအိမ် ၂၀၀၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ရပြီး သင်္ဘောများ နစ်မြုပ်ခြင်း၊ သစ်ပင်များ လဲပြိုခြင်းများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းဘိုလဗင်သည် တောင်ကိုရီးယားအနောက်ဘက်ရှိ မြစ်ဝါမြစ်ဒေသတွင် တိုက်ခတ်ပြီးနောက် မြောက်ကိုရီးယားဘက်သို့ရွေ့လျားကာ မြေပြိုမှုများဖြစ်ပွားစေနိုင်ကြောင်း ခန့်မှန်းထားကြသော်လည်း အားပျော့သွားခဲ့ကြောင်း သိရသည်။


မြောက်ကိုရီးယား အနောက်ဘက်တွင် မုန်တိုင်းဘိုလဗင်ဝင်ရောက်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် သစ်ပင်လဲပြိုမှုများဖြစ်ပွားခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်နွေက ဖြစ်ပွားခဲ့သော ဆိုးရွားသည့် ရေကြီးမှုကြောင့် ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။ မုန်တိုင်းကြောင့် ပင်လယ်ကူး ခရီးစဉ် ၈၇ ခုနှင့် လေကြောင်းပျံသန်းမှု ၂၄၇ ခုကို သြဂုတ်လ ၂၇ ရက်နေ့ကတည်းက ရပ်ဆိုင်းထားခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစိုးရမှ မြို့တော်ဆိုးလ်၏ အချက်အချာပိုင်းတွင် မုန်တိုင်းသက်ရောက်မှု အနည်းငယ်သာရှိသည်ဟု ပြောခဲ့သော်လည်း ဘိုလဗင်မုန်တိုင်းသည် တိုက်ခတ်ခဲ့ရာလမ်းကြောင်း တစ်လျှောက်ဖြစ်သော နိုင်ငံအနောက်တောင်ပိုင်းနှင့် ဗဟိုတောင်ပိုင်းဒေသ များတွင် အပျက်အစီးနှင့် အသေအပျောက်များစွာ ဖြစ်ပေါ်စေခဲ့သည်။
မုန်တိုင်းကြောင့် သြဂုတ်လ ၂၈ ရက်အစောပိုင်းက ဂျေဂျူးကျွန်းတောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းသင်္ဘောနှစ်စီး နစ်မြုပ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ လုပ်ဆောင်ခဲ့သော်လည်း ရှစ်ဦးသေဆုံးခဲ့ကာ ပျောက်ဆုံးနေသူ ခုနစ်ဦးရှိနေကြောင်း သိရသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis