menu

Tuesday 28 August 2012

အရက်နှင့် စီးကရက်ကို မြင့်မားသည့်နှုန်းဖြင့် အခွန်ကောက်ခံရန် ထိုင်းအစိုးရသဘောတူ

ဘန်ကောက်၊ သြဂုတ် - ၂၈

ထိုင်းနိုင်ငံတွင်း အရက်နှင့် စီးကရက် စားသောက်ကုန်ပစ္စည်းနှစ်မျိုးအပေါ် အဆမတန်ကြီးမားသည့် အခွန်နှုန်းထားဖြင့် တိုးမြှင့်ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုပြုချက်ကို ကက်ဘိနက်အဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း The Nation သတင်းစာကရေးသားဖော်ပြသည်။

ယင်းသို့ အခွန်နှု

န်းထားများ များစွာတိုးမြှင့်ကောက်ခံခြင်းကြောင့် အစိုးရအနေဖြင့်လည်း အခွန်ဘဏ္ဍာပိုမိုရရှိမည်ဖြစ်သလို ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ကုန်များဖြစ်သည့် စီးကရက်နှင့် အရက် သောက်သုံးမှုနှုန်းလည်း နိုင်ငံတွင်းကျဆင်းသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော အဆိုပြုချက်တွင် အကြောင်းပြချက်အဖြစ်ဖော်ပြထားသည်။

ကက်ဘိနက်သဘောတူညီလိုက်ပြီဖြစ်သဖြင့် လတ်တလောအခြေအနေတွင် စီးကရက်အမှတ်တံဆိပ် ၈ မျိုးအား တစ်ဗူးလျှင် ၆ ဘတ်မှ ၈ ဘတ်အထိ အခွန်ကောက်ခံမည်ဖြစ်သည်ဟု ဆိုသည်။ ယမကာကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပြည်တွင်းထုတ် အရက် ၁ လီတာလျှင် ဘတ်ငွေ ၁၂၀ အထိ တိုးမြှင့်ကောက်ခံရန်နှင့် ပြည်ပမှတင်သွင်းသော အရက် ၁ လီတာလျှင် ဘတ်ငွေ ၄၀၀ ကောက်ခံရန် စီစဉ်ထားသည်ဟု ဆိုသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis