menu

Friday 31 August 2012

" ၀ါခေါင်လနှင့် ဗုဒ္ဓဘာသာတို့ရဲ့ကောင်းမှုပွဲတော်များ "


                    
" မေတ္တာအခါသမယ ၀ါခေါင်လ "

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်း ၅၀၀ တို့ သည်ဘုရား
ထံမှ ကမ္မဋ္ဌာန်းတရားယူပြီးနောက် တောအုပ်တခု အတွင်းသို့ ဝင်ရောက်၍ ၀ါဆိုဝါကပ်
ပြုတော်မူကြသည် ၊ ရဟန်းများ သစ်ပင်ဝါးပင်များအောက်တွင် ၀င်ရောက်သီတင်းသုံး
ကြသောအခါ ၊ သစ်ပင်စောင့်နတ်များ နှင့် ရုက္ခစိုးနတ်တို့ မှာရဟန်းများ၏သီလတန်းခိုး
ကြောင့် မိမိတို့ နေရာသစ်ပင်များတွင် မနေနိုင်ဖြစ်ကြခါ၊ရဟန်းတို့ ကို အသံအမျိုးမျိုးတို့ 
ဖြင့်မနေနိုင်အောင်ခြောက်လှန့် ကြကုန်၏ ၊ရဟန်များလဲရုက္ခစိုးနတ်များ၏ခြောက်လှန့်
 မှုများကြောင့် တရားကိုကောင်းစွာအားမထုတ်နိုင်သောကြောင့် ၀ါတွင်းမှာပင်မြတ်စွာ
 ဘုရားသီတင်းသုံးနေရာဖြစ်သောသာဝတ္တပြည်ဇေတ၀န်ကျောင်းသို ပြန်ကြွသွားကြရလေသည်။


ဤအကြောင်းကိုမြတ်စွာဘုရားအားလျောက်ထားသောအခါမြတ်စွာဘုရားကတောတွင်း
နေထိုင်သောရုက္ခစိုးနတ်အပေါင်းတို့အား မေတ္တာပို့ပေးရန်တွက် မေတ္တာသုတ်ကိုဟောတော်မူပြီး၊
မေတ္တာလက်နက်ကိုယူဆောင်ပြီးတောအုပ်သို့ ပြန်သွးကြရန်တိုက်တွန်းလေသည်၊
ရ     ရဟန်းများတောအုပ်သို့ ပြန်ရောက်ပြီး မေတ္တာသုတ်ကိုရွတ်ဆိုသောအခါ ၊ ရဟန်း
များ၏မေတ္တာဓါတ်ကြောင့် နတ်များကချစ်ခင်နှစ်သက်လာကြသဖြင့် တရားကိုကောင်း
စွာအားထုတ်နိုင်ခဲ့ကြသည် ၊ ရဟန်း ၅၀၀ တို့ သည် ထိုတောအုပ်အတွင်းမှာပင်ဒုတိယ
ဝါကပ်တော်မူကြပြီးမေတ္တာာဘာဝနာကိုပွါးများ၍ ၀ိပဿနာတရားကိုအားထုတ်သောအခါ
ဝါမကျွတ်မှီ ရဟန်း ၅၀၀ စလုံး ရဟန္တာများဖြစ်တော်မူကြပါသည် ၊

· ရဟန်း ၅၀၀ ကိုအကြောင်ြး့ပု၍ ၀ါတွင်းကာလတွင်မေတ္တာသုတ်ကိုဟော တော်မူခြင်း
· ရဟန်း ၅၀၀ တို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လတွင်းတွင် ပစ္ဆိမ၀ါကပ်တော်
မူခြင်း စသောအကြောင်းများကြောင့် ၀ါခေါင်လတွင် မေတ္တာအခါတော်နေ့ 
အထိမ်းအမှတ်ပွဲများကျင်းပလေ့ရှိကြပါသည် ၊



" ၀ါခေါင်လ နှင့် စာရေးတံမဲပွဲ "

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာ ရောက်ရှိထွန်းကားချိန်မှစ၍ သာသနာကို ကြည်ညိုလေးစားကြသော ရှေးမြန်မာမင်းများနှင့် ပြည်သူတို့သည် ဤစာရေးတံမဲ
ဆွမ်းအလှူပွဲကို မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ ရာသီပွဲတော်အဖြစ် ၀ါခေါင်လ၌
တခမ်းတနား ကျင်းပခဲ့ကြသည်။

ထိုစာရေးတံမဲဆွမ်း အလှူပွဲသည် မြတ်စွာဘုရားရှင် လက်ထက်တော်ကပင်
စတင်ပေါ်ပေါက်ခဲ့သော ပွဲတော်ဖြစ်သည်။ အခါတပါး၌ ဘုရားရှင်သည်
ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မှု၏။ ထိုအချိန်တွင်
ရာဇဂြိုလ်ပြည်၌ ငတ်မွတ်ခေါင်းပါးသောဘေးကြီး ကျရောက်လေရာ ဒါယကာများသည်
ယခင်ကလို ဝေဠုဝန်တစ်ကျောင်း လုံးရှိ သံဃာတော်များကို တစ်ဦးတည်း
ဆွမ်းလှူဒါန်းရန် မတတ်နိုင်ကြတော့ချေ။


ထို့ကြောင့် ဒါယကာများသည် တစ်ပါးနှစ်ပါးစသည့် ရွေးချယ် ပင့်ဖိတ်လှူလိုခြင်း၊
စာရေးတံမဲချ၍ လှူလို ခြင်း၊ ဥပုသ်နေ့များ၌ သီလဆောက်တည်ပြီး မိမိတို့တွင်ပါသော
ဆွမ်းကို သံဃာအချို့အား လှူလိုခြင်း၊ ဆွမ်းရှားပါးသော ဥပုသ်အထွက် ၁-ရက်နေ့၌
ဆွမ်းလှူလိုခြင်း စသည်ဖြင့်အမျိုးမျိုး အယူအဆ ကွဲပြားကြကုန်၏။



ထိုအကြောင်းကို ဒါယကာများက ဘုရားရှင်အား လျှောက်ထားကြရာ ဘုရားရှင်သည်
သံဃာအားလုံးကို လှူသော သံဃာ့ဘတ်၊ တစ်ပါးနှစ်ပါးစသည့် ရည်ညွှန်း၍
လှူဒါန်းသော ဥဒ္ဒေသဘတ်၊ ကြိုတင်ပင့်ဖိတ် လှူဒါန်းသော နိမန္တနဘတ်၊
စာရေးတံမဲချ၍လှူသော သလာကဘတ်၊ လဆန်းပက္ခ၌လှူသော ပက္ခိကဘတ်၊
ဥပုသ်အထွက်နေ့၌လှူသော ပါဋိပဒိကဘတ်တို့ကို လှူဒါန်းနိုင်ကြောင်း ခွင့်ပြုတော်မှုလေ သည်။
ထိုအချိန်မှစ၍ စာရေးတံမဲချ၍ လှူဒါန်းသော သလာကဘတ်ခေါ် စာရေးတံမဲပွဲတော်သည်လည်း
စတင်ပေါ်ပေါက်လာခဲ့သည်။

ဘုရားရှင်လက်ထက် စာရေးတံမဲပွဲကျင်းပပုံမှာ သစ်သားဖြင့်ပြုလုပ်သော တုတ်တံ
ကလေးများပေါ်၌ဖြစ်စေ၊ ၀ါးခြမ်းပြား၊ နှီးပြားပေါ်၌ဖြစ်စေ ထန်းရွက် ပေရွက်ပေါ်၌ဖြစ်စေ
ဒါယကာ၏အမည်ကို ဆွမ်းညွှန် ရဟန်းကရေးသား၍ တောင်း၌ သော်လည်းကောင်း
သင်္ကန်းလိပ်၌သော်လည်းကောင်း ထည့်မွှေပြီး မထေရ်ကြီးမှစ၍ ၀ါတော်စဉ်အလိုက်
မဲနှိုက်ကြရသည်။


သံဃာတော်များသည် မိမိတို့ မဲကျရာဒါယကာတို့၏ အိမ်သို့ဆွမ်းဘုဉ်းပေးကြွရသည်။
ယခုခေတ် စာရေး တံမဲပွဲကျင်းပပုံမှာ ဦးဆောင်ဒါယကာများသည် မိမိတို့ မြို့ရွာ
ရပ်ကွက်အတွင်းရှိ သံဃာတော်များ၏ ဘွဲ့အမည်များနှင့် ကျောင်းတိုက် အမည်များကို
စာရင်းကောက်ယူရသည်။ ထို့နောက် စက္ကူပေါ်တွင် သံဃာတော်များ၏ ဘွဲ့အသီးသီးကိုရေးပြီး
မဲလိပ်လိပ်၍ ငွေဖလားထဲတွင် ထည့်ထားကြသည်။

ဒါယကာ ဒါယိကာမ ပရိသတ်စုံသည့်အခါ ဒယကာ၏အမည်ကို စာရင်းအစဉ်လိုက်ခေါ်၍
စာရေးတံမဲ နှိုက်ယူစေသည်။ ဒါယကာများသည် မိမိတို့မဲတွင်ပါသော သံဃာတော်များကို
ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းကြလေသည်။ မည့်သည့်ပုဂ္ဂိုလ် ရဟန်းသံဃာကိုရည်၍ လှူဒါန်းကြရသော
သံဃိကဒါန မြောက်သော ဤစာရေးတံမဲပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု
ပွဲတော်တစ်ရပ် အဖြစ် ဆက်လက်တည်ရှိနေသည်မှာ အားရကြည်နှုးဖွယ် ကောင်းလှပါသည်။
ရှေးမြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် ဤစာရေးတံမဲပွဲကို ၀ါခေါင်လ၌ ကျင်းပပြုလုပ်လေ့ ရှိကြပါသည်။


" ၀ါခေါင်လနှင့် မဟာဒုတ် အလှူ "

မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည် ၊ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကို
အနိုင်နိုင် အသက်မွေးနေရသောလင်မယားနှစ်ယောက်ဖြစ်သည်၊တခုသောဝါခေါင်လ
တလတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်သံဃာတော်များဆွမ်းလှူရန်အလှဲ့ကျသည်
တအိမ်တပါးစီတာဝန်ယူရမည်ဟုသတ်မှတ်သောကြောင့် ၊ မဟာဒုတ်တို့ လင်မယား
လည်းသံဃာတပါးကိုတာဝန်ယူ၇မည်ဖြစ်သည်မဟာဒုတ်လင်မယားသည်ဆင်းရဲသော်လည်း သံဃာတပါးကိုတော့ဆွမ်းတနပ်ရအောင်လှုမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး ၊
အလုပ်ကိုကျိုးစားလုပ်ကိုင်ကြ၏ ၊ ယောက်ျားလုပ်သူကလယ်လုပ်ရာတွင်
သီချင်းတအေးအေးနှင့်ဆွမ်းကပ်ရတော့မည်ကိုပျော်နေ၏။မယားလုပ်သူလဲဆန်ထောင်းရာတွင်
သီချင်းလေးတအေးအေးနှင့်ပျော် နေ၏ ၊သံဃာတော်တို့ အားဆွမ်းပင့်ရမည့် တွင်ရွာသူ
ရွာသားအသီးသီးသံဃာတပါးစီသူ့ ထက်ငါဦးအောင်ပင့်ဆောင်သွားကြသောကြောင့်
မဟာဒုတ်တို့လင်မယားတွက်သံဃာကုန်နေပြီဖြစ်သည် ။

ကံအားလျော်စွာ ဘုရားရှင်တပါးထဲသာကျန်တော့သည်မဟာဒုတ်လဲ အရဲစွန့် ပြီး အရှင်ဘုရား၏သပိတ်တော်ကိုတပည့်တော်အားချီးမြှောက်ပါရန်လျောက်ထားသော
အခါမြတ်စွာဘုရားကမဟာဒုတ်လက်သို့သပိတ်ကိုပေးအပ်လိုက်လေသည် ၊ မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကိုရသွား
သည်ကို သူဌေးသူကြွယ်များကမြင်သောအခါ အို မဟာဒုတ် သင့်အားရွှေငွေဥစ္စာအ

မြောက်အများပေးပါမည် သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟုပြောကြသော်လဲ
မဟာဒုတ်က မိမိ      ၏သဒ္ဒါကို အသပြာနှင့်မလဲနိုင်ဟုဆိုကာ မြတ်စွာဘုရားအားအိမ်သို့
ပင့်သွား၏ ၊ မြတ်စွာဘုရားဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရားဟော
သောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦးသောတပန်တည်ကြလေသည် ၊
ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဒါထက်သန်စွာကျိုးစားအားထုတ်နေသည်ကို
စောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ရတနာမိုးကြီးရွာ
သွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည်နေ့ချင်းညချင်းချမ်း
သာသွားကြလေသည်။

       မဟာဒုတ်ကိုအကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို
ပြုလုပ်လာကြလေသည် ၊


Source: http://myittaryik.blogspot.com
               http://kandawyakethar.blogspot.com
 by Young Buddhist's Association on Friday, August 31, 2012 at 11:55am ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis