menu

Thursday 30 August 2012

အရှင်ဝီရသူဦးဆောင်သည့် ဆန္ဒဖော်ထုတ်ပွဲ မန္တလေး ၆ မြို့နယ်တွင် ပြုလုပ်မည်


သြဂုတ်လ(၂၁)ရက်ကပြုလုပ်သည့် သမ္မတအားထောက်ခံပြီး ကင်တားနားအားကန့်ကွက်သည့် ရှပ်အင်္ကျီမိတ်ဆက်သည့် အခမ်းအနားတွင် ဆရာတော်ဝီရသူကိုတွေ့ရစဉ်

ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီးနိုင်ငံတော်သမ္မတအားထောက်ခံကာ မစ္စတာ ကင်တားနားကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်းနာယက ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာမန္တလေး(၆) မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ်၊အောင်မြေသာစံမြို့နယ်၊ စက်တင်ဘာ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ စက်တင်ဘာ ၄ ရက်တွင် အမရပူရမြို့နယ်တို့ ၌ပြုလုပ်သွားမည်ဟု ဆရာတော် အရှင်ဝီရသူ က မိန့်ကြားသည်။


ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများသည်တိုင်းရင်းသားမဟုတ်ကြောင်း ကမ္ဘာကြီးသိစေရန်၊ ဘင်္ဂါလီများ၏အကြမ်းဖက်မှုကို မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးက ရှုတ်ချကြောင်းကမ္ဘာကြီးသိစေရန်၊ ရခိုင်တံခါးနှင့် ရခိုင်ပြည်သူလုံခြုံရေးကို
အစိုးရအစဉ်အဆက် အလေးနက်ထားနိုင်ရန်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis