menu

Tuesday 29 October 2013

The Voice Daily မှ သတင်းထောက်တစ်ဦး နေပြည်တော် ပျဉ်းမနား၌ ရိုက်နှက်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၂၉

The Voice Daily သတင်းစာ တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်တစ်ဦးအား ဝိုင်းဝန်း ရိုက်နှက်မှု ပျဉ်းမနားမြို့၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ အောက်တိုဘာ ၂၈ ရက်နေ့ ၁ဝ နာရီခွဲခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အမှုကို ပျဉ်းမနားမြို့မ ရဲစခန်းတွင် (ပ) ၆၉၄/ဝ၃၊ ပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းဝန်းရိုက်နှက်ခံရသူ သတင်းထောက် ကိုအောင်ထက်သည် မင်္ဂလာရပ်ကွက် သံလမ်းထိပ် ထမင်း ဆိုင်မှ ထမင်းစားပြန်လာချိန် အောင် ချမ်းသာဘုရားအနီးအရောက် စက်ဘီး တစ်စီးကို ၄င်းစီးနင်းလာသည့် ဆိုင် ကယ်ဖြင့်ကျော်တက်စဉ် စက်ဘီးနှင့် ဆိုင်ကယ်ထိမိရာမှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စက်ဘီးနှင့် ဆိုင်ကယ် ထိမိရာ စက်ဘီးထိခိုက်မှု ရှိ မရှိ ပြန်လည် လှည့် ကြည့်ပြီး ထိခိုက်မှုမရှိသဖြင့် တောင်းပန် သော်လည်း စက်ဘီးနင်းသူမှာ မကျေ နပ်၍ ၄င်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက်ခြင်းနှင့် ငွေကြေး တောင်းခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက် ကိုအောင်ထက်က ပြောသည်။

''တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီး တောင်းတယ်။ ပေးမယ်လို့ ပြောတော့ လည်း ထပ်ထိုးတယ်။ စစ်ထွက်တွေလို့ ပြောတယ်။ သူပုန်တွေတောင် သတ်လာ တာ မင်းတို့လို ကောင်မျိုးကတော့ ဆို ပြီး ပြောဆိုပြီး ရိုက်နှက်ကြတယ်'' ဟု ၄င်းက Popular News သို့ ပြောပြ သည်။

ပျဉ်းမနားမြို့မရဲစခန်းမှ ဝိုင်းဝန်း ရိုက်နှက်ခဲ့သူများကို စုံစမ်းရာ တရုတ် ကြီး အသက် (၂၄)နှစ် မြို့ဦးရပ်ကွက်နေ သူနှင့် အမည်မသိ အသက် (၂၅) နှစ် ခန့်၊ အောင်ချမ်းသာ ရပ်ကွက်နေသူတို့ ဖြစ်ကြောင်း သိရှိခဲ့ရပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ယခုအမှုသည် နေပြည်တော် ပျဉ်းမနားတွင် ပထမဆုံး ဖြစ်ပွားသည့် သတင်းထောက်တစ်ဦးအား အုပ်စုဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ကြောင်း သိရ သည်။

WMT

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis