ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး
"ဓမ္မစေတီ" ရန်ကုန်မြို့ပြင်တနေရာ မြစ်ထဲမှာ နစ်မြုပ်နေရတာဟာ
ခေါင်းလောင်းကို သွန်းလုပ်ခဲ့တဲ့ နက္ခတ်ကြောင့်ဖြစ်တယ်၊ ပြန်ဆယ်ယူရေး
အောင်မြင်ဖို့ ဆိုတာ လာမယ့် ဇွန်လ ကျော်သွားမှ ဖြစ်နိုင်ချေရှိတယ်လို့
နက္ခသိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောလိုက်ပါတယ်။
အဲဒီအကြောင်း စနေနေ့ထုတ် LADIES ဂျာနယ်မှာ ရေးထားပါတယ်။
"ခေါင်းလောင်းကြီး၏
စိုးမိုးမှုမှာ မွန်ဘုရင်မင်းမြတ်ဖြစ်နေ၍ အထက်ပုဂ္ဂိုလ်များ၊
မွန်ရိုးရာနတ်များနှင့် မူလ ခေါင်းလောင်းစောင့်နတ်များ ပင့်ဖိတ်ခြင်း၊
အမျှဝေ မေတ္တာပို့သခြင်း၊ မွန်ဓလေ့ထုံးစံများဖြင့် ဆင်ယင်ဆယ်ယူပါက
အောင်မြင်မှု ရလဒ်ကောင်းများ ထွက်ပေါ်မည်" လို့ ဦးဇေယျာကိုက သုံးသပ်ကြောင်း ဂျာနယ်မှာ ရေးထားပါတယ်။
ခေါင်းလောင်းသွန်းလုပ်မှုက
နက္ခသိပ္ပံ နည်းနဲ့ လုပ်ခဲ့တယ်၊ ဆယ်ယူဖို့ ကြိုးစားသူ အဆက်ဆက်က
"ဒီပညာအလိုနဲ့ မညီညွတ်တဲ့အတွက်" မအောင်မြင်ခဲ့တာပါ လို့ ဆရာက ဆက်ပြောပါတယ်။
အခု
ဆယ်ယူဖို့ ပြင်ဆင်နေတဲ့ ကျိုက်ထီးဆောင်းဆရာတော်ကြီးရဲ့ သစ္စာ သမာဓိကြောင့်
အောင်မြင်ဖို့အလားအလာ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ဆရာက တွက်ချက်ပါတယ်။
ရွှေတိဂုံဘုရားကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ က သယ်ဆောင်သွားကြပြီး ရေထဲနစ်မြှုပ်သွားခဲ့တဲ့အကြောင်းကို ရေအောက်ရောက် ခေါင်းလောင်းကြီး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
http://blog.irrawaddy.org/2012/03/blog-post_2184.html
မှာ ဖတ်နိုင်ပါတယ်။ ဒီခေါင်းလောင်းကြီးအကြောင်း အမျိုးသားလွှတ်တော်မှာ
ဆွေးနွေးကြပုံအကြောင်းပါ။ ခေါင်းလောင်းကြီးရဲ့ အချက်အလက် အသေးစိတ်ကို
အဲဒီမှာ ဖော်ပြထားပါတယ်။
ဒီခေါင်းလောင်းကြီး ပြန်ဆယ်ရေးအတွက်ကိုလည်း စင်္ကာပူနိုင်ငံက ကုမ္ပဏီ တခု မနှစ်က ပါဝင်ပတ်သက်ခဲ့ပါသေးတယ်။ အဲဒီအကြောင်း http://www.irrawaddy.org/burma/singapore-firm-to-help-raise-sunken-bell.html မှာ ဖတ်နိုင်ပါတယ်။
ဒီခေါင်းလောင်းကြီးကို
ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်တဲ့ သာသနာပြုအဖွဲ့က ပြန်လည် ဆယ်ယူမယ့်
အစီအစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့တယ်လို့
သတင်းဂျာနယ်တချို့မှာ ဖော်ပြထားချက်အရ သိရပါတယ်။
ကျိုက်ထီးဆောင်းဆရာတော်က
မွန်ပြည်နယ် နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ စေတီ အများအပြား ပြန်လည်
ပြုပြင်ရေး၊ ထီးတော် တင်လှူရေးတို့ကို ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ဓာတ်ပုံများကို ကျိုက်ထီးဆောင်းဆံတော်ရှင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖူးမျှော် ကြည့်ရှုနိုင်ပါတယ်။ လင့်က https://www.facebook.com/kyeikhteesaung?hc_location=timeline ဖြစ်ပါတယ်။
ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရင်တော့ ဝမ်းသာစရာပါပဲ။
ခေါင်းလောင်းနဲ့အတူ ပေါ်တူဂီခေတ် သင်္ဘောပျက် ၂ စီး၊ တခြားခေါင်းလောင်း ၁
လုံး၊ ဉာဏ်တော် ၇ တောင်စီရှိတဲ့ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်
၂ဆူ၊ ကျောက်သံ ပတ္တမြားများ ပါတဲ့ သေတ္တာ ၁၁ လုံး တို့ ရှိနေတယ်လို့
ယူဆရပါတယ်။
အထက်မှာ တွေ့ရတာကတော့ ရွှေတိဂုံမှာ ခေါင်းလောင်းကြီး ရှိစဉ်က မြင်ကွင်းကို သရုပ်ဖော်ထားတဲ့ ပန်းချီကားပုံ ဖြစ်ပါတယ်။
ဆက်စပ် -
ရေအောက်ရောက် ခေါင်းလောင်းကြီး
http://blog.irrawaddy.org/2012/03/blog-post_2184.html
Irrawaddy News
No comments:
Post a Comment