ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသလား။
ဝင်ဖို့ ရည်ရွယ်ချက် ရှိသလား။
ဝင်နိုင်ဖွယ်ရှိတယ်၊ သူ့ကို အားပေးသူ အများအပြားရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ဝင်လိမ့်မယ် လို့ တချို့က ဆိုပါတယ်။
အခုတလောက သဲ့သဲ့ထွက်နေတယ်ဆိုတဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး သူကတော့ တစုံတရာ ပြောသေးဟန် မတူပါဘူး။
ဒီသတင်းထွက်နေတာနဲ့
ပတ်သက်ပြီး သတင်းထောက်တယောက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့
ကြာသပတေးနေ့ (အောက်တိုဘာ ၂၄ ရက်နေ့) သတင်းစာရှင်းလင်းပွဲမှာ ကြုံကြိုက်လို့
မေးလိုက်ပါတယ်။
ဦးရွှေမန်းရဲ့ အဖြေက ဒီလိုပါ။
"ဒီသတင်းထွက်တာ
မှန်တယ် ဆိုရင်တော့ သူ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ သူ့ရဲ့
အခွင့်အရေးပါ၊ သူ (အောင်မြင်မှု) ရရှိခြင်း မရှိခြင်းကတော့ ပြည်သူများကပဲ
အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ သီးခြားမှတ်ချက် မရှိပါဘူး"
မေးတဲ့သူရှိလို့ သူရဦးရွှေမန်းက အဲဒီလို ဖြေလိုက်ပါပြီ။
ဦးခင်ညွန့်ကတော့
သူ နိုင်ငံရေး မလုပ်ဘူးလို့ ပြောထားပါတယ်၊ သို့သော်လည်း လူ့စိတ် ဆိုတာက
အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်၊ ကိုယ့်သဘောအရ ပြောင်းလဲတာ ရှိသလို
တခြားအခြေအနေတွေက တွန်းပို့လို့ ပြောင်းလဲတာလည်း ရှိမှာပါ။ ဒီအကြောင်းနဲ့
ဆက်စပ် ဖတ်သင့်တာကတော့ ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို http://burma.irrawaddy.org/%E1%81%80_politic/2012/11/02/24444.html သတင်း ဖြစ်ပါတယ်။
ဦးခင်ညွန့်က
ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် ကြီးသုံးကြီးထဲမှာ ပါဝင်ခဲ့သူပါ။
သို့သော်လည်း အဲဒီတုန်းက သူ့ထက် ပိုပြီး အာဏာကြီးတဲ့ ဦးသန်းရွှေ၊
ဦးမောင်အေးတို့က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ကြီးသုံးကြီးထဲ ဦးခင်ညွန့် ပါဝင်ခဲ့တဲ့ အကြောင်းရင်းကတော့ ၁၉၈၈
စစ်တပ်အာဏာသိမ်းမှုမှာ သူ ဦးဆောင် ပါဝင်ဖို့ ခေါင်းဆောင်ကြီးဦးနေ၀င်းက
စီစဉ်ခဲ့လို့ပါပဲ။ ဒီအကြောင်း အာဏာသိမ်းဖို့ "အဖေကြီး" စီစဉ်ပေးခဲ့ http://blog.irrawaddy.org/2013/08/blog-post_6161.html မှာ ဖတ်နိုင်ပါတယ်။
ဦးခင်ညွန့်
လာမယ့်ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့ကနေ ၀င်အရွေးခံမလား ဆိုတာကတော့ သိပ်
မသေချာပါ။ မြန်မာပြည်နိုင်ငံရေးမှာက ထင်မှတ်မထားတာတွေ ဖြစ်လာတတ်တဲ့အတွက်
ဒီသတင်းထွက်တာကို စိတ်ဝင်တစား ပြောဆို မေးမြန်းနေကြတာ ဖြစ်တယ်လို့
ယူဆရပါတယ်။
Irrawaddy News
No comments:
Post a Comment