ရန်ကုန်၊ သြဂုတ် ၎
သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)၏ တောင်းဆိုချက်များအပေါ် အရေးယူဆောင်ရွက်ပေးရန် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်း မှစတင်၍ နေရာ ခြောက်နေရာ ခွဲ၍ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း ယင်းကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ကပြောကြားသည်။
အဆိုပါ ခြောက်နေရာမှာ လက်ရှိအချိန်တွင် ထုတ်ဝေခွင့်ပိတ်သိမ်းခံထား ရသော The Voice Weekly ရုံးခန်းနှင့် Envoy ရုံးခန်းများသို့ သွားရောက် နှစ်သိမ့်ကာ လက်မှတ်ရေးထိုးလိုသူများ လက်မှတ်ရေးထိုးစေခြင်း၊ ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ဟောပြောပွဲများတွင် လက်မှတ်ရေးထိုးလိုသူများကို လက်မှတ်ရေးထိုးစေခြင်း တို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
No comments:
Post a Comment