menu

Saturday 4 August 2012

ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာ အတွက် အရွေးခံရသူတစ်ဦး အကြောင်း သတင်းအချို့ထွက်ပေါ်


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်တွင် ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံရသူမောင် ကျောက်ခဲအား အချက် ၄ချက်ဖြင့် ဗိုလ်ချုပ်၏ သရုပ်ဆောင်နေရာတွင် မသင့်လျော်ကြောင်း၊ ယင်း၏ ကိုယ် ရေးရာဇဝင်ကို အမြန်ဆုံးစုံစမ်းသင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး တံခွန်တိုင်ရပ်ကွက် ပါတီဝင်များမှ အသိပေး တင်ပြသည့် စာတစ်စောင်ကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံ ဇူလိုင် ၂၆ ရက်က ပေးပို့ ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် ရွှေးချယ်ခံရသူ မောင်ကျောက်ခဲ
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် ရွှေးချယ်ခံရသူ မောင်ကျောက်ခဲ
အဆိုပါ စာပါအကြောင်းအရာများတွင် ကိုကျောက်ခဲသည် တက်ကြွသော ကြံ့ခိုင်ရေး ပါတီဝင် ရပ်ကွက် စည်းရုံးရေးမှူးတစ်ဦးဖြစ်ခြင်း၊ အကျင့်စာရိတ္တ ညံ့ဖျင်း၍  အိမ်ထောင်ရေး ဖောက်ပြန်သူတစ်ဦး ဖြစ်ခြင်း၊ မန္တလေး တိုင်းဒေသကြီး၊  ပြည်ကြီးတံခွန် မြို့နယ်၊ နံ့သာရပ်ကွက် ရာအိမ်မှူး တစ်ဦး ဖြစ်ခြင်း၊ ၂၅.၇.၂ဝ၁၂ ဗုဒ္ဓဟူး နေ့တွင် ကိုကျောက်ခဲမှ နောက်ဆုံး ဆန်ခါတင် ၂ ဦးတွင် ရွေးချယ်ခံရကြောင်းကို ယင်း၏ မိခင်ပါတီကို သစ္စာခံကာ ရပ်ကွက်၊ မြို့နယ်များသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်းကို တံခွန်တိုင် ရပ်ကျေး အန်အယ်လ်ဒီ ပါတီဝင် ၉ ဦးတို့က မှတ်ပုံတင် နံပါတ်များနှင့်အတူ လက်မှတ်များ ရေးထိုး၍ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးသို့ ပေးပို့ထားသည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ကာယကံရှင်ကိုကျောက်ခဲက“ကြံ့ခိုင်ရေး ပါတီဝင် စည်းရုံးရေးမှူး တစ်ဦးဆိုတာ မှန်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်က လူမှုရေး အဓိက ထားလုပ်တာပါ။ ရပ်ကွက် ဆွမ်းလောင်းအသင်းတို့ နာရေးတို့ ဆိုရင် ဦးဆောင်ပြီး လုပ်ခဲ့ပါတယ်။ လူမှုရေးအသင်းမှာ လူမှုရေးအရ လုပ် ခဲ့တာပါ။ နောက်ပိုင်း ပါတီလုပ်လိုက်တဲ့ အခါမှာတော့ လှုပ်ရှားမှု သိပ်မလုပ်ခဲ့ရပါဘူး ခင်ဗျာ။ အကျင့်စာရိတ္တ ညံ့ ဖျင်းတယ် ဆိုတာကတော့ လူတစ်ဦးတစ်ယောက် ကျွန်တော့်ကို မလိုလို့ ပြောတဲ့စကား ဖြစ်နိုင်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက် ရာအိမ်မှူးတစ်ဦး ဖြစ်တာလည်း မှန်ပါတယ်။  အကျင့်စာရိတ္တ ဖောက်ပြားတာ လုံးဝ မဟုတ်ပါဘူး။ မဟုတ်တန်းတရား အိမ်ထောင်ရေး ဖောက်ပြန်တာ ဘာညာ  ဆိုတာက အိမ်မှာကျွန်တော့်မိန်းမ ရှိတယ်လေ သွားမေးလို့ရပါတယ်။ ရပ်ကွက်က သိပါတယ်။ ဒီလိုဟာက လူတစ်ဖက်သားကို ချောက်တွန်းတာပါ။ သူတို့ ကိုယ့်အပေါ်မှာ ဘာအစာမကြေတာတွေ ရှိလို့လည်း မသိဘူး။ အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုရင် တစ်ဖက်က မိန်းကလေးတစ်ယောက်တော့ ရှိမှာပဲ။ အဲဒီတော့ ကျွန်တော့ မကောင်းကြောင်း ပြောတဲ့သူနဲ့ ဖောက်ပြန်ခဲ့ပါတယ်ဆိုတဲ့ အမျိုးသမီးရဲ့ နာမည်လေး တစ်ချက်လောက် သိချင်ပါတယ်”ဟု ဖြေရှင်း ပြောကြားသွားခဲ့သည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis