menu

Saturday 4 August 2012

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ ၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်

ဦးတင်မောင်အေး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ
၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဉ် အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။

အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်လက်
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံ
သားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Myanmar News Now

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis