menu

Saturday 4 August 2012

တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာသားများရန်ပွဲအချိန်မီထိန်းသိမ်းနိုင်

မုံရွာ၊ သြဂုတ်- ၂
မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် မကျေနပ်သော ဇလုပ်ကျေးရွာဆရာတော်များနှင့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည် မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင် ရိုက်နှက်သူများကို  လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက် ဘက်ရှိ အီကိုကင်းအမျိုးသားဘော်ဒါဆောင်အားဝိုင်းထားစဉ် မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မုံရွာမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများရောက်ရှိလာပြီး အခြေအနေအားလုံးထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

    သြဂုတ် ၁ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်ကျောက္ကာလမ်းမကြီးပေါ်တွင် ရိုက်နှက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ကျောင်းသားများဝိုင်းဝန်းရိုက်နှက်မှုခံရသော မောင်အောင်ဆန်းဝင်းကတရားလိုပြုလုပ်တိုင်ကြားသဖြင့်မုံရွာမြို့နယ် အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis