menu

Saturday 4 August 2012

မြန်မာ့နွေဦး စိန်ခေါ်မှုများနှင့် ဒုတိယလှိုင်း(မှူးဇော်)

 မြန်မာ့နွေဦး နိဒါန်းအစ

နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအောက်မှ  တွေ့ဆုံ ပွဲသည်ပင် မြန်မာ့နွေဦး  နိဒါန်းဖြစ်ကြောင်း အချို့က ဆိုကြသည်။ အချို့ကလည်း  နိုင်ငံတော် သမ္မတကြီး ၏ ရာထူးလက်ခံ ကတိသစ္စာပြုပွဲ သည်ပင် မြန်မာ့နွေဦးနိဒါန်း ဟု ပြောကြသည်။ မည်သို့ပင် သတ်မှတ်ကြသည်ဖြစ်စေ၊ မြန်မာ့နွေဦးသည်ကား ပုရစ်ဖူးတို့ တဝေဝေ ဖြစ်နေသည်မှာ နိုင်ငံတကာမှ လက်ခံထားသော အမှန်တရားဟုဆိုက မှားမည်မထင်ပေ။ ကမ္ဘော ဒီးယားနိုင်ငံ၌ ပြောကြားခဲ့သော သမ္မတကြီး၏  မိန့်ခွန်းတွင် ခြေလှမ်းတိုင်းကို သတိကြီးကြီးထားပြီး လှမ်းနေရသည်။ အကြောင်းရင်းမှာ ဒီမိုကရက်တစ် အတွေ့အကြုံများ အားနည်းခဲ့ခြင်းကြောင့် မြန်မာ့ ဒီမိုကရက်တိုင်ဇေးရှင်းတွင် အမှားမခံနိုင် ဟူသောသဘောမျိုးပြောကြားသွားခဲ့သည်ကို တွေ့ရှိရ သည်။ မှန်ပါသည်။ မြန်မာ့နွေဦး သည် မြန်မာ့နွေဦးသာဖြစ်၍ ဆောင်းလက်မည်းကြီး၏ဖုံးအုပ်မှုကို မခံရရေးသည်ပင် နိုင်ငံတည်ဆောက် ရေးဖြစ်ပေ လိမ့်မည်။


နွေဦးကို စိန်ခေါ်နိုင်သော အကြောင်းအချက်များများမရှိသလို နွေဦးခြေလှမ်းကို နောက်ပြန်လန် ကျသွား စေနိုင်သော ရိုက်ခတ်ချက်များ သည်လည်း လက်ချိုးရေ၍ ရနိုင်ပေသည်။ သို့သော် ဆိုခဲ့ပါပုရစ်ဖူး တို့ ဝေဆာစ၊ ရွက်နုတို့ စိမ်းစိုစ နွေဦးပုံရပ်တွင် အလှတရားတို့ဆင်မြန်းနိုင်ရန်အတွက် ပါဝင်ကြ ကုန်သော stakeholder များ၏ရင့်ကျက်မှုရေချိန်တို့မှာ အဓိကအကြောင်းတရားဖြစ်နေသည်။ စွမ်း ရည်မြှင့်တင်ရေး ဟူသော စိန်ခေါ်မှုနှင့် အနာဂတ်အိပ်မက်များအကြား အချိန်ခွဲဝေရရှိမှုမလုံလောက် သော အကြောင်း ရင်းခံများကြောင့် ဦးစားပေးနယ်ပယ်အလိုက် တွန်းတင်မှရမည်ဟူသော သဘော တရား တစ်ခု သည်လည်း မြန်မာနိုင်ငံဆိုင်ရာ စိတ်ဝင်စားသူများအတွက် ပုစ္ဆာတစ်ပုဒ်သဖွယ်ဖြစ်လာ နေသည်။

နွေဦးကိုစိန်ခေါ်မည့်သူများ

မြန်မာ့နွေဦးကိုလေ့လာကြည့်လျှင် နွေဦးကိုစိန်ခေါ်မည့်သူအတော်များများမှာ External Factor များဖြစ် နေသလို နိုင်ငံတော်သမ္မတကြီး တရားဝင်ထုတ်ပြန်ကြေညာထားသည့် ပြုပြင်ပြောင်း လဲရေး ဒုတိယလှိုင်း ၏ အရှိန်အဟုန်သည်လည်း အရေးကြီးသည်ဟု အတော်များများ က လက်ခံထား ကြ သည်။ ဒုတိယလှိုင်းသည် ဆိုခဲ့ပါစိန်ခေါ်မှုများကို အံတုရင်ဆိုင်ရပေလိမ့်မည်။ ဒုတိယလှိုင်း သည် နောင်တွင် ကြုံ လာမည့် အတားအဆီးများ ကိုကျော်ဖြတ်ရပေလိမ့်မည်။ ဒုတိယလှိုင်းသည် အနာဂတ် ကို လွှမ်းခြုံနိုင် သော စွမ်းရည်များ တည်ဆောက်ပေး ရပေလိမ့် မည်။ အချုပ်ဆိုရလျှင် ဒုတိယလှိုင်း သည်ပင် ပြည်သူများ ၏ မျှော်လင့်အိပ်မက်များဖြစ်လာနေသည်ကို တွေ့ရှိနိုင်သည်။

ဗျူရိုကရေစီယန္တရားမှ ကြိုးနီနီများ၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်နောက်ပြန်ရေး နှစ်ခုအကြား မှာ စိတ်ဓာတ်နှင့် ခံယူချက်များ၊ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး နှစ်ခုအကြားမှ ချိန်ခွင်လျှာများ၊ ထာဝရ ငြိမ်းချမ်း သို့ ချီရာလမ်းတစ်လျှောက်ရှိ အခုအခံအဟန့်အတားများ၊ မဏ္ဍိုင်များ အချင်းချင်း စဉ်ဆက် မပြတ် ထူထောင်တည်ဆောက်သွားရမည့် နားလည်မှုနှင့် ယုံကြည်မှုများ၊ ပါဝင်ပတ်သက်သူအားလုံး အတွက် အရေးကြီးလှသော ဘုံအကျိုးစီးပွားများ၊ ပွင့်လင်းမှုနှင့် ခေတ်မီမှုတို့၌ ကြုံတွေ့လေ့ရှိသော စည်းခြားရေးပြဿနာများ အစရှိသည့် အစွန်းထွက်တန်ဖိုးများကို ဒုတိယလှိုင်းက ဖြတ်ကျော်နိုင်စွမ်း ရှိပါလိမ့်မည်။ အကြောင်းရင်းမှာ ဒုတိယလှိုင်းဟူ၍ ဖွင့်လှစ်ကတည်းက ယင်းအခက်အခဲများကို အောင်မြင်စွာဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။

သို့သော် ဒုတိယလှိုင်းအတွက် အဓိကစိန်ခေါ်မှုမှာ ခေတ်မီရေးသို့ဦးတည်လျှောက်လှမ်းရာ၌ အရေးကြီး လှသော စီးပွားရေးမဏ္ဍိုင် သိသိသာသာမြင့်တက်လာရေးအတွက် ဖြစ်ပေါ်နေသောအတားအဆီးများ ဖယ်ရှား နိုင်ရေးပင်ဖြစ်ပေလိမ့်မည်။ အချို့သောနိုင်ငံရေးသမားများ ထောက်ပြဝေဖန်မှု ပြနေသည့် Internal Sanction  များကို ဒုတိယလှိုင်းက ဝါးမျိုးဖုံးအုပ် ရှင်းလင်းပေးနိုင်မည်ဖြစ်သော် လည်း External Sanction များကိုမူ ဒုတိယလှိုင်းက အပြီးတိုင်ဖယ်ရှားနိုင်ရန် မလွယ်ကူသော ကြောင့်ဖြစ်သည်။ ခြေလှမ်းတိုင်း ကို ခြေလှမ်းတိုင်းနှင့် တုံ့ပြန်မည်ဟူသော အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်သည် ရှုပ်ထွေး နက်နဲလှသော၊ နိုင်ငံရေးတိုက်ကွက်များနှင့် ပြည့်လွှမ်းနေသော ကွန်ဂရက် အသိုင်းအဝိုင်းကို အလုံးစုံ အောင်နိုင်ရန် ခက်ခဲလှသောအခြေအနေများလည်း ရှိနေပေသည်။

ရိုးရှင်းသောပဲ့ကိုင်ရှင်

နိုင်ငံတော်သမ္မတကြီး၏ ပြည်ထောင်စုလွှတ်တော်မိန့်ခွန်းပါအတိုင်း ပရိယာယ်မပါ ပွင့်ပွင့် လင်းလင်း၊ ရိုးရိုးရှင်းရှင်း ဒိုင်ယာလော့ခ်ပြုလုပ်သွားမည့်စိတ်ဓာတ်သည်ပင် တူသောအကျိုးပေးနေ သည့် အနေ အထား အဖြစ်ရှုမြင်ရမည်။ အတွေးရှင်းသောကြောင့် အလုပ်ရှင်းရသည့်သဘောသည် ပွင့်လင်းရေး ခေတ်တစ် ခေတ်တွင် အံဝင်ခွင်ကျဖြစ်နေခြင်း၏ အကြောင်းရင်းဟုလည်း ဆိုနိုင်ပါလိမ့် မည်။ ဒုတိယ လှိုင်း ၏ပဲ့ကိုင်ရှင်သည် ရိုးရိုးကျင့် မြင့်မြင့်ကြံဟူသော ဆိုရိုးအတိုင်း ရိုးရိုးရှင်းရှင်းပြုမူ ဆောင်ရွက်ခဲ့ သော် လည်း မြင့်မြင့်မားမားကြံစည်  မျှော်မှန်းသည်မှာ ပုဂ္ဂိုလ်ရေး  အကျိုးစီးပွားများမပါဘဲ နိုင်ငံနှင့် ပြည်သူ့ အကျိုး အတွက်ဖြစ်နေ သည်မှာ မြန်မာ့နွေဦး၏ကံကောင်းမှုတစ်ရပ်ပင်ဖြစ်ပါလိမ့်မည်။

နယူးယောက်၌ အသစ်ဖွင့်လှစ်သော ရှော့ပင်းမောလ်များ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ချုပ်လုပ် သည်။ ဗီယက်နမ် နိုင်ငံတွင်ပြုလုပ်သည် အစရှိသည့်တံဆိပ်ကလေးများ တပ်ဆင်ထားသော အဝတ် အထည်များစွာ တွေ့မြင်ခဲ့ရသော်လည်း မြန်မာနိုင်ငံတွင်  ပြုလုပ်သည်ဟူသော တံဆိပ်ကလေးများတပ် ဆင်ထား သော အဝတ်အထည်များ မြင်တွေ့ရခြင်းမရှိသည့်အပေါ် အတွေးမျှင်တန်း မိသည်။ မြန်မာ နိုင်ငံတွင်ပြုလုပ်သည် ဟူသော တံဆိပ်တပ်အကျÐ၊ ဘောင်းဘီများ၏နောက်ကွယ်တွင် တရုန်းရုန်းနှင့် ချုပ်လုပ်နေကြသော အထည်ချုပ်စက်ရုံများစွာ၊ မြန်မာအလုပ်သမားများစွာ၊ ယင်းတို့၏မိသားစုဝင် များစွာ မြင်တွေ့ရပါလိမ့်မည်။

လွန်လေပြီးသောအတိတ်ကာလတစ်ခု၌ အထည်ချုပ်စက်ရုံပေါင်း ရာနှင့်ချီ၍ပေါ်ပေါက်ခဲ့သလို ဆယ်စုနှစ်မပြည့်မီမှာပင် ရာနှင့်ချီသောအထည်ချုပ်စက်ရုံများ နိဌိတံ ခဲ့ရသည်။ အဓိကနစ်နာဆုံးရှုံးရသူများမှာ အားနည်းသူပြည်သူများသာဖြစ်သည်။ ပြောရလျှင် အထည် ချုပ်စက်ရုံ၌ ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဝမ်းရေးအတွက် ပြေလည်အောင်ဖြေရှင်းခဲ့ကြသည့် သူတို့တွင် အပြစ်မရှိပါ။ ဝေဖန်တိုက်ခိုက်နေကြသူများ ပြောကြားခဲ့ကြသည့် လူအခွင့်အရေးချိုး ဖောက်မှုများကို သူတို့ကျူးလွန်ခြင်းမရှိခဲ့ပါ။ သူတို့သည် လူသားပီပီ ရှင်သန်ရပ်တည်ရေး၊ စားဝတ် နေရေးအတွက် ထွက်ပေါ်လာသောအထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် အပြစ်ရှိသည်ဟုယူဆခဲ့ပါလျှင် သူတို့အတွက် တရားမျှတမှု၊ အခွင့်အရေးရပိုင်ခွင့်များ မည်သူတို့က ဆောင်ကြဉ်းပေးပါမည်နည်း။ အရပ်ရပ်လုပ်ငန်းခွင်များသို့ စိတ်ပျက်လက်ပျက်ပြောင်းရွှေ့လုပ် ကိုင်ခဲ့ရသော သူတို့နှင့် သူတို့လိုပြည်သူများ အများအပြားရှိနေပြီး ယင်းတို့၏မျှော်လင့်ချက်များ တဖြည်းဖြည်းချင်းမှေးမှိန်ဖျော့တော့နေခြင်းကို နိုင်ငံတကာမှ သက်ဆိုင်သူများသိမြင်နိုင်ခဲ့ပါလျှင် လူသားချင်းစာနာထောက်ထားမှုဟူသော အသံများကျယ်လောင်လာပါလိမ့်မည်။

မြန်မာ့နွေဦးသည် ဤသည်ကိုမျှော်လင့်ဆောင်ရွက်ခဲ့ခြင်းမဟုတ်သော်လည်း  မြန်မာ့နွေဦးကြောင့် ဤသည်ကို မျှော်လင့်လာခဲ့ကြသောပြည်သူများကို အဆိုးမဆိုသာ။ ၎င်းတို့သာမက အရပ်ရပ် နယ်ပယ်အစုံမှ နိုင်ငံသားများသည် မြန်မာ့နွေဦးကြောင့် မျှော်လင့်အိပ်မက်များ ကြီးမားခဲ့ကြသည်။ မြန်မာနွေဦးအပေါ်တွင်လည်း မြင့်မြင့်မားမားမျှော်လင့်ထားကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အပြောင်းအလဲများတွေ့မြင်လာရသောအခါ စိတ်ကူးမျှော်လင့်ချက်များ ကြီးမားလာသည်မှာ ဓမ္မတာ ပင်ဖြစ်နေသည်။

အပြောင်းအလဲအတွက် မြန်မာ့နွေဦးကို လိုအပ်ပါသည်

ပြည်သူလူထုမှ အပြောင်းအလဲအတွက် မြန်မာ့နွေဦးကို အလိုရှိကြသလို မြန်မာ့နွေဦးအနေ ဖြင့်လည်း အပြောင်း အလဲအတွက် Stakeholder အားလုံးကို လိုအပ်သည်။ အမြော်အမြင်နှင့်ရင့် ကျက်မှုများ လိုအပ် သည်။ စည်းလုံးညီညွတ်ပြီး ဆင်ခြင်ဉာဏ်မြင့်မားသော အရပ်ဘက်လူ့အဖွဲ့အစည်း ကို လိုအပ်သည်။ ရှင်းရှင်း ဆိုရလျှင် အပြောင်းအလဲအတွက် ပြည်သူလူထုအားကို လိုအပ်နေပေသည်။

နိုင်ငံတော်သမ္မတကြီးခင်းသည့်လမ်းသည် သက်ဆိုင်သူအကုန်လုံး အနိုင်ရရှိစေမည့် Win for All  ဖြစ်သော ကြောင့်လည်း မြန်မာ့နွေဦး ဟူ၍ အသံမြည်လာခြင်းဖြစ်သည်။ ယခုလက်ရှိကာလ သည် နောက်လာ မည့်ဆယ်စုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ၊ မြန်မာ့စီးပွားရေး မည်သည့်အဆင့်၊ မည်သည့်လှေကားထစ်သို့ရောက်ရှိမည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သောကြောင့် မြန်မာ့နွေဦး၏ ပစ္စုပ္ပန်သည်ပင်လျှင် မြန်မာနိုင်ငံအနာဂတ်၏ မနက်ဖြန်ကို ပုံဖော်ပေးပါလိမ့်မည်။

မြန်မာ့နွေဦး အသက်ရှည်ရေး၊ တစ်နည်းအားဖြင့် ဒီမိုကရေစီပြောင်းလဲမှုများခိုင်မာသည်ထက် ခိုင်မာရေးသည် ဘုံအကျိုးစီးပွားကို အမှန်တကယ်ရှေ့တန်းတင်သော လက်တွေ့ပူးပေါင်းဆောင် ရွက်မှုများ ထွက်ပေါ်လာခြင်း ရှိ၊ မရှိအပေါ်တွင်မူတည်နေသည်။ ရင်တမမ မြန်မာ့နွေဦးကို မြန်မာ ပြည်သူများ မရှုနိုင်သလို နိုင်ငံတကာဒီမိုကရေစီချန်ပီယံများကလည်း ရှုမြင်လိုမည်မထင်ပေ။ ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး တစ်လမ်းလမ်းကိုရွေးခဲ့ကြသော နိုင်ငံရေးအတွေးအခေါ်ဟောင်းများ ကို နောက်ချန် ထား၍ မြန်မာ့နွေဦးသည် ဒီမိုကရေစီကိုရော ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဒွန်တွဲဆောင် ကြဉ်းနိုင် ရန် ဦးတည်နေခြင်းဖြစ်သည်။

အနာဂတ်မျိုးဆက်သစ်များအတွက် ခိုင်မာသောဒီမိုကရေစီနှင့် ခိုင်မာသော ဖွံ့ဖြိုးတိုးတက်ရေးတို့ အမွေချန်ရစ်ထားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးပုံဖော် တည်ဆောက် မည့် ဒုတိယလှိုင်းကိုအားဖြည့်ပေးရန်လိုပါမည်။ မဏ္ဍိုင်အရပ်ရပ်နှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းပေါင်း စုံကိုသာမက နိုင်ငံတကာမိတ်ဆွေများလည်း ကူ၍တွန်းပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်း လိုက်ရပေသည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis