menu

Monday 13 January 2014

သက်မွန်မြင့် စက်ရုပ်မဟုတ်ပါ


သက်မွန်မြင့်ရဲ့ ပရိသတ်ဖေ့စ်ဘုတ်စာမျက်နှာမှာ နောက်ဆုံးတင်ထားတာ ၂ ခုကတော့ သူတို့စုံတွဲဓာတ်ပုံ နဲ့ စာပိုဒ်တပိုဒ်ပါပဲ။




ဓာတ်ပုံမှာတော့ ဆိုင်ကယ်မောင်းတဲ့သူ့ခင်ပွန်းလောင်းကို နောက်ကဖက်ပြီးလိုက်သွားတာ တွေ့ရမှာပါ။

ရေးထားတဲ့စာမှာတော့ ... အနုပညာသမားဟာ စက်ရုပ်မဟုတ်ဘူးလို့ အစချီထားပါတယ်။


အနုပညာသမားကို ဘာခံစားမှုမှ မရှိတဲ့ စက်ရုပ်တွေ ထင်ကြလား မသိဘူး။
ဘက်ထရီလေးထည့်ပြီး ရီမုတ်လေးနဲ့ ထိန်းရတဲ့ စက်ရုပ်တွေလို့ သဘောထားကြတယ်။
တခါတခါအဲဒီခံစားမှုက ကိုယ့်ဘဝကိုယ် ရင်နာစေတယ်။
ဘယ်သူမပြုမိမိမှုဆိုတော့လည်း အဆိုးအကောင်းအားလုံးရင်စည်းခံယုံပဲ။
ဘယ်အရာမှာမှ အကောင်းကြီးပဲ မရနိုင်ပါဘူး။
ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့ အရေးကြီးပါတယ်လေ။

ဒီစာတိုတိုလေးကို မှတ်ချက်တိုတိုပေးထားကြတာ ငါးရာကျော်သွားပြီဆိုတာ တွေ့ရပါတယ်။

အဲဒီထဲမှာ သက်မွန်မြင့်ကိုယ်တိုင်ရဲ့ မှတ်ချက်လည်း ပါပါတယ်။

သက်မွန်ပိုက်ဆံမျက်နှာနဲ့ ယူတယ်ပြောရအောင် သူ့အကြောင်းဘယ်လောက်သိလို့လဲပဲ မေးချင်ပါတယ်။ ပိုက်ဆံရှိယုံနဲ့ ဘဝကပြည့်စုံတယ်လို့ မယုံကြည်နေပါဘူး
ပက်ပက်စက်စက်တွေ ပြောချင်ရင်လည်း အရင်သိအောင်လုပ်ပြီးပြော ပါလား
ဆိုပြီး တွေ့ရမှာပါ။

သူကိုယ်တိုင်ရေးတာ ဖြစ်နိုင်သလို ဒီစာမျက်နှာကို မွမ်းမံသူတဦးဦး ရေးတာလည်း ဖြစ်နိုင်ပါလိမ့်မယ်။

အားပေးကြတာကျေးဇူးများကြီးပါ
အဓိကဖြစ်ချင်တာ နှစ်ဦးနှစ်ဖက် နားလည်မှုတွေနဲ့ ချစ်ချစ်ခင်ခင်နေချင်တာပါ။ အနုပညာသမားကလည်း ပရိတ်သတ်တွေ ကို မြတ်နိုးတန်ဖိုးထားရသလို ပရိတ်သတ်က လည်း ငါတို့က ထမင်းရှင်ဆိုပြီး မပြောရင်တော့ ပိုကောင်းတာပေါ့။ အကုန်လုံးကိုပြောတာမဟုတ်ဘူးနော်။ ချစ်တဲ့သူအများကြီးဆိုတာလည်း သိပါတယ်။ မနက်က တချို့ကြောင့် တော်တော်ခံစားလိုက်မိလို့ပါ။
ဆိုပြီး ရေးထားတာလည်း တွေ့ရပါတယ်။

သူ့ခင်ပွန်းလောင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရေးသားချက်တွေကို တုန့်ပြန်ထားတာလို့ ယူဆရပါတယ်။

Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis