menu

Monday 13 January 2014

လက်တစ်ဘက်တို လက်တစ်ဘက်အတုတ်ကြီးနှင့် ထူးခြားသည့် သနားစဖွယ်ကလေးငယ်

Photo: လက်တစ်ဘက်တို လက်တစ်ဘက်အတုတ်ကြီးနှင့် ထူးခြားသည့် သနားစဖွယ်ကလေးငယ်
==== === ==== ===

မိတ္ထိလာမြို့ အရှေ့ဘက် ၅ မိုင်အကွာတွင် ပျော်ကုန်းကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာရှိ အဖဦးပြုံးမောင်၊ အမိဒေါ်အေးမော်တို့၏ သားဖြစ်သူ မောင်ထူးထူးအောင်(အသက် ၆ နှစ်)သည် မွေးဖွားစဉ်က သာမန်ကလေးတစ်ယောက်ဖြစ်သော်လည်း ဘယ်ဘက်လက်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာခဲ့သည်။ လက်မနှင့် လက်သန်းမှာလည်း ပိုမိုကြီးထွားလာကာ ကျန်လက်ချောင်းကလေးများမှာ သာမန်အရွယ်သာ ဖြစ်သည်။

မောင်ထူးထူးအောင်ကို ၃ နှစ်သားအရွယ်က ရန်ကုန်မြို့ ကြည်းမြင်းတိုင်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဆေးရုံမှ လက်ဖြတ်ပစ်ရမည်ဆိုသဖြင့် မိသားစုမှာ ပြန်လာခဲ့ရသည်ဟုဆိုသည်။

ပျော်တန်းကုန်းမူလတန်းကျောင်းတွင် သူငယ်တန်းတတ်နေသော မောင်ထူးထူးအောင်၏ ဘယ်ဘက်လက်သည် အလျား ၂ ပေရှိပြီး လက်မောင်းလုံးပတ်မှာ ၂၀ လက်မရှိသည်။ ညာဘက်လက်မှာမူ ပုံမှန်အရွယ်အစားအတိုင်း အလျား ၁ ပေနှင့် လုံးပတ် ၅ လက်မရှိနေသည်။

အနီးအပါးရွာများမှ လးများက မောင်ထူးထူးအောင်အား လူထူးလူဆန်းအဖြစ် လာရောက်ကြည့်ရှုလေ့ ရှိကြကြောင်း သိရသည်။

မိဘများမှာ လက်လုပ်လက်စား တောင်သူလယ်သမားများဖြစ်ကြသဖြင့် ၎င်းတို့၏သားကို ဆေးကုသပေးလိုသော်လည်း ငွေရေးကြေးရေး မတတ်နိုင်ဘဲ ရှိနေသည်ဟု ပြောပြသည်။ မောင်ထူးထူးအောင်၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ထောက်ပံ့လိုပါက မိတ္ထိလာမြို့ ရတနာမာန်အောင်ရပ်ကွက်နေ မရှမ်းမ(ခ)ဒေါ်မြင့်မြင့်သန်း ဖုန်း - ၀၉ ၂၅၆၀၀၁၇၂၅ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ဦးတင်လှိုင်(မိတ္ထိလာ)
 News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Aye Chan Mon# Credit To :News Watch> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis