menu

Monday 13 January 2014

၆ လပိုင်းမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်မယ့် ဂရပ်ဖစ်တီအနုပညာ ရှင်အာကာကျော်ရဲ့ ဘဝကောက်ကြောင်း


ကိုယ်ဝါသနာပါရာ၊ ကိုယ် လျှောက်ချင်တဲ့လမ်းကြောင်းကို ခက်ခဲကြမ်းတမ်းမှုတွေကြား ထဲကနေလျှောက်နေကြတဲ့ လူငယ်တွေ အများကြီးရှိပါ တယ်။ ဒီလို လူငယ်တွေ ထဲမှာမှ အသက်၂ဝ ကျော်အရွယ် ဂရပ်ဖစ်တီ အနုပညာရှင် အာ ကာကျော်ကတော့ သူဝါသနာပါ ရာ ပညာရပ်တစ်ခုကို အခက် အခဲတွေကြားကနေ ဇွဲသန်သန် နဲ့ ဖြတ်ေ ကျာ်ရင်း အောင်မြင်မှု ဆီကို ရောက် အောင်သွားနေတဲ့ လူငယ်တစ်ယောက်ပေါ့။ သူ့ရဲ့ဘဝဖြတ်သန်းမှုက ကြမ်းတမ်း ခဲ့သလို၊ စိတ်ဝင်စားစရာ လည်းေ ကာင်း နေ ခဲ့ပြန်ပါတယ်။
” ကျွန်တော် ပထမဆုံးစဆွဲဖြစ်တာက ၈တန်းလောက်မှာ စဆွဲဖြစ်တယ်။ စာအုပ်ထဲမှာ ဆွဲရင်းနဲ့ နံရံမှာ ဆွဲချင်စိတ်ဖြစ် လာခဲ့တယ်။ သူငယ်ချင်းတစ် ယောက် က ဆေး ဘူးတွေ ဝယ် ပေးတော့ ကျွန်တော်ဆွဲဖြစ်ခဲ့ တယ်။ ပန်းချီသင်တန်းတွေ လည်း တက်ဖြစ်ခဲ့တယ်။ ကြားထဲမှာ family ကလည်း စီးပွားကျသွား တယ်။ အဲတော့ ကျွန်တော့် အနေနဲ့ ပွဲတွေမှာ ပုံတူတွေ ဆွဲ တယ်။သူငယ်ချင်းမိန်းကလေး တွေရဲ့ ပုံတူတွေ ဆွဲပေးတယ်။ အရင်တုန်းကဆိုရင် ဆေးဗူးတောင် ဝယ်မစုနိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်တော် ပန်းချီမ ဆွဲတော့ဘဲနဲ့ အလုပ်လုပ်ဖို့ပဲ ဆုံးဖြတ် လိုက်တယ်။အိမ်ကလည်း ဖိအားများလာတယ်။ လသာမှာ တစ်ပတ်လောက် အင်္ကျီတွေဘာတွေ ထွက်ရောင်း ခဲ့သေး တယ်။ နောက်ပိုင်း အရင်းအနှီး နည်း နည်းစုမိတာနဲ့ တက်တူး စက် တွေဘာတွေဝယ်ပြီး ကိုယ်တတ် တဲ့ အနုပညာတစ်ခုနဲ့ အလုပ် လုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ တယ်။
ဘာကြောင့် ဆုံးဖြတ်ဖြစ် လိုက်လဲဆိုရင် ကျွန်တော် စာအုပ် တစ်အုပ်ဖတ်ရတယ်။အဲ့ဒီစာအုပ် ထဲမှာ ရေးထားတာက လူတစ် ယောက်မှာ ကိုယ်ပိုင်အရည် အချင်းရှိ တယ်။အဲဒီ အရည် အချင်းကိုပဲ အသုံးချပါ။ အဲ့ဒီ အရည်အချင်းကိုပဲ up date  ဖြစ်အောင်လုပ်ပါ။ အဲဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုပါ တဲ့။ ဒါနဲ့ ကျွန်တော်လည်း ပုံပဲ ဆွဲတော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။
အိမ်မှာလည်း အတိုက် အခံလုပ်ပြီး ငြင်းခဲ့ရတယ်။ ကျွန်တော်တက်တူးစထိုးဖြစ်ခဲ့ တယ်။ တက်တူးထိုးပြီးတော့ ၂သောင်း၊ ၃ သောင်းလောက် ရ ခဲ့တယ်။အဲဒါနဲ့ ၁၅ဝဝဝလောက် အထိ ဆေးဘူးဝယ်လိုက်တယ်။ ဝယ်ပြီးတော့ သမ္မတဦးသိန်း စိန်ပုံကို ပထမဆုံးဆွဲတယ်။ အဲဒီကနေ တဖြည်းဖြည်း နဲ့ ကြိုးစားပြီး လုပ်ခဲ့တာပါ” လို့ အာကာကျော်က သူ့ရဲ့ဘဝ ဖြတ်သန်းမှုအစကို ပြန်ပြောင်း ပြောပြပါတယ်။ ဟစ်ဟော့ပ် ယဉ်ကျေးမှုတွေထဲမှာ ဂရပ်ဖီက တစ်ခုအပါ အဝင်ဖြစ်ပေမယ့် ဟစ်ဟော့ပ်ထက်ရော့ခ်ကို  ကြိုက်နှစ်သက်ခဲ့တယ်လို့ အာ ကာကျော်က ဆိုပြန်ပါတယ်။
” ကျွန်တော်ငယ်ငယ်တုန်းက ဟစ်ဟော့ပ်မကြိုက်ဘူး။ ရော့ခ်သီချင်းတွေ နားထောင်တယ်။ ဒါပေမဲ့ ဟစ်ဟောပ်လည်း နား ထောင်တယ်။ ဂရပ်ဖစ်တီဆို တာက ဟစ်ဟော့ပ် မတိုင်ခင် ကတည်းက ရှိခဲ့တာပါ။ နံရံ ဆေးရေးပန်းချီဆိုပြီးပေါ့။ ဟစ်ဟော့ပ်က ယူသုံးတာမျိုးပဲရှိ တာပါ။ သူ့ရဲ့ပင်ရင်းက ဟစ် ဟော့ပ်က ဆင်းသက်လာတာ မ ဟုတ်ပါဘူး။ ကျွန်တော်က ဂရပ်ဖစ်တီကို အရင်ကတည်းက စိတ်ဝင်စားခဲ့တယ်။ နံရံတွေမှာ ဆွဲတာတွေကို တွေ့ရကတည်း ကပေါ့။ ပြီးတော့ ပုဂံကနံရံ ဆေးပန်း ချီတွေ ကိုလည်း စိတ် ဝင်စားခဲ့တယ်။ ကျွန်တော်အား ကျတဲ့ ဂရပ်ဖစ်တီပညာရှင်တွေကလည်း ဟစ်ဟော့ပ်တွေ မဟုတ် ဘဲနဲ့ ရိုးရိုးတန်း Street Art  လုပ်တဲ့ လူတွေ လည်းပါတယ်။ ဟစ်ဟော့ပ်နဲ့ကလည်း ကျွန်တော် က သိပ်အကင်းအကွာကြီး မဟုတ်ခဲ့ဘူး။ ကျွန်တော့်သူငယ် ချင်းတွေထဲမှာ ရက်ပါတွေရှိ တယ်။ သူတို့တွေ ဂရပ် ဖစ်တီဆွဲ တာကိုကြည့်ရင်း၊ ကြည့်ရင်းနဲ့ ကျွန်တော်လည်း ဆွဲဖြစ်သွားခဲ့ တယ်။ အနုပညာတွေက လည်း တစ်ခုနဲ့တစ်ခုက ဆက်နွှယ်နေတာပါပဲ” လို့ ဂရပ်ဖစ်တီနဲ့ ဟစ်ေ ဟာ့ပ်ကြားထဲက သူ့ရဲ့ အမြင်ကို အာကာကျော်က ပွင့်လင်းစွာ ပြောပြပါတယ်။
နံရံဆေးရေးပန်းချီလို့ခေါ်တဲ့ ဂရပ်ဖစ်တီအနုပညာကို နံရံမှာဆွဲဖို့အတွက် ကြိုးစားခဲ့ရတဲ့ သူတွေထဲမှာ အာကာကျော်လည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒီ လိုကြိုး  စားရခြင်း က ဂရပ်ဖစ်တီနဲ့ ပတ်သက်လို့ နေရာအများအပြားမှာ တရားမဝင် ဘူးလို့ သတ်မှတ်ထားမှုတွေရှိ နေလို့ပဲဖြစ်ပါတယ်။ အာကာ ကျော် ကတော့ဂရပ် ဖစ် တီနဲ့ ပတ် သက်ပြီး သူ့အနေနဲ့ rule တစ်ခု ချမှတ်ထားပါတယ်လို့ ဆိုပါ တယ်။ ” ကျွန်တော်တို့ အနေနဲ့ rule တစ်ခုတော့ ထားပါတယ်။ ကျွန်တော်လိုက်ဆွဲတဲ့အခါ ဆွဲ မယ့် နေရာတွေက ဘယ်လိုမျိုးနေရာတွေဖြစ်ရမယ်ဆိုပြီး စောင့်စည်းတယ်။တကယ်ကို လှပတဲ့ နေရာမျိုးကျတော့ ကျွန်တော်တို့ မဆွဲသင့်ဘူး လေ။ မြို့တော် ခန်းမရှေ့မှာ သွားဆွဲရင် မြို့တော်ခန်းမက ညစ်ပတ်သွားမယ်လေ။ တကယ် ကို အသုံးမဝင်တဲ့ နေရာတွေ ကိုပဲ အဓိကရှာတယ်။ အရင် တုန်းက ကျွန်တော်ဆွဲဖြစ်ခဲ့တဲ့ ပုံတွေကို ၁ဝပုံ ပုံ လိုက်ရင် ၈ပုံ လောက်က ခိုးကြောင် ခိုးဝှက်ပုံစံနဲ့ ဆွဲခဲ့ရတာပါ။ အများစုက တော့ လမ်းဘေးမှာ ကျွန်တော် နဲ့ ကျွန်တော့် အစ်ကို ခိုးဆွဲခဲ့ရ တာများပါတယ်” လို့ ဂရပ်ဖစ်တီ နဲ့ပတ်သက်ပြီး သူရဲ့ခံယူချက် ကို ပြောပြပါတယ်။
အာကာကျော်က ကိုယ်ယုံ ကြည်ရာဝါသနာပါရာကို တစ် စိုက်မတ်မတ်လုပ်ရင်းနဲ့ သူ့ဘဝ၊ သူ့အနုပညာရဲ့ အမှတ်တရ တစ်ခုအဖြစ် တစ်ကိုယ်တော် ပန်းချီပြပွဲကို လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်နေပါပြီ။
” ကျွန်တော့်ရဲ့ solo ကို ၆လ ပိုင်းမှာ လုပ်မယ်။ မွေးနေ့မှာ လုပ်ဖို့တော့ စီစဉ်ထားတယ်။ ပွဲရဲ့နာမည်ကိုတော့ အနားနီးမှပဲ ပြောပါရစေ။ အဲ့ဒီပွဲမှာ ကျွန်တော်ငယ်ငယ်က ဆွဲ ခဲ့တဲ့ ပန်းချီကားတွေပါမယ်။ street art  လည်းပါမယ်။ ဂရပ်ဖစ်တီ Art  လည်း ပါမယ်။ ကျွန်တော် အရင်ကတည်းက ရည်ရွယ်ထား တာရှိပါတယ်။ ကျွန်တော်ပန်း ချီ ကားတွေ ဆွဲမယ်။ ပြီးရင် ပန်းချီပြပွဲလေးတစ်ခုလုပ်မယ်။ ကိုယ့်ရဲ့ လက်ရာကို ပြချင်တာ ပေါ့။ကျွန်တော်က အခု Street Art  ပါဆွဲတော့ အဲဒီအနုပညာ ၂ခုကို ပေါင်းပြီးေ တာ့ ပြချင်တယ်။ ပွဲမှာ 3D ပုံတွေလည်း ပြမယ်။ ကျွန်တော်တစ်ယောက်တည်း ဆွဲထားတဲ့ ပုံတွေကိုပဲ ပြမှာပါ။ဒီပွဲက ကျွန်တော့်ဘဝရဲ့ အမှတ်တရဖြစ်စေဖို့ ရည်ရွယ်ပါ တယ်။ အကောင်းဆုံးဖြစ်အောင် တင်ဆက်မှာပါ။” လို့ဆိုရင်း ဆေးဘူးကိုကိုင်ပြီးဖြေ ကြားနေတဲ့အာကာကျော်ရဲ့ မျက်လုံးတွေ ကတော့ အနုပညာနဲ့ပတ်သက်ပြီး စိတ်အား ထက်သန်မှုတွေကိုတွေ့မြင်ခဲ့ရပါတော့တယ်။
လင်းအက္ခရာ
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis