menu

Monday 13 January 2014

အငြင်းပွားနေသော ဂျပန် ကျွန်းစုရေပိုင်နက် အတွင်းသို့တရုတ်သင်္ဘောများဝင်

China ships
ဇန်နဝါရီ ၁၃။
ဂျပန်ကာကွယ်ရေးဝန်ကြီးက နိုင်ငံ၏ ရေပိုင်နက်ကို ကာကွယ်ရန်အတွက် အရှေ့တရုတ်ပင်လယ်ပြင်မှ တိုကျို၏ ထိန်းချုပ် မှုအောက်တွင်ရှိသော ရေပိုင်နက်များအတွင်း တရုတ်အစိုးရ၏ သင်္ဘောများ ၀င်ရောက်မှုကို တာဆီးတော့မည်ဖြစ်ကြောင်း သန္နိဌာန်ချလိုက်ပြီဟု ဆိုသည်။
တရုတ်ကမ်းခြေစောင့်ရေယာဉ်များသည် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၈နာရီခွဲတွင် ဆန်ခါကုကျွန်းစုများအနက် တစ်ခု၏ အနီးသို့ ၀င်ရောက်ခဲ့ကြောင်းကို နှစ်ဘက်စလုံးက အတည်ပြုပြောကြားခဲ့သည်။ ဂျပန်ကာကွယ်ရေး ၀န်ကြီး အိဆုနိုရိအိုနိုဒီရာက နောက်တစ်ကြိမ်နိုင်ငံ၏ ရေပိုင်နက်အတွင်း ၀င်ရောက်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နိုင်ငံ၏ မြေ၊ ရေ နှစ်ရပ်စလုံးကို ကျူးကျော်မှုများ လက်မခံနိုင်တော့ဟု ဆိုသည်။
တမင်ကြံရွယ်ချက်ဖြင့် နယ်ကျော်ဝင်ရောက်လာသော သင်္ဘောများသည် နှစ်နာရီမရှိတရှိ အချိန်အတွင်း ဂျပန်ရေပိုင်နက် အတွင်း လှည့်လည်နေခဲ့ကြသည်။

တရုတ်သည် နိုင်ငံ၏ နယ်နိမိတ်နှင့်ပတ်သတ်ပြီး အငြင်းပွားခဲ့သော ကျွန်းစုများအနီးသို့ တစ်စစ နယ်ပယ်ချဲ့ထွင် လျှက်ရှိသည်။ အထူးသဖြင့် ၂၀၁၂ စက်တင်ဘာလက ကျွန်းအချို့သည် ဂျပန်၏ ပိုင်ဆိုင်မှုအောက် ရောက်သွားပြီး နောက်ပိုင်းတွင် သတ်မှတ်မှုများ ပိုမိုကြီးထွားလာခဲ့သည်။
ယနေ့ တရုတ်သင်္ဘောများ ၀င်ရောက်မှုသည် ဒီဇင်ဘာ ၂၉ရက်က တရုတ်ကမ်းခြေစောင့် ရေယာဉ်သုံးစီးက ဂျပန်တို့၏ ဇုံအတွင်းသို့ သုံးနာရီကျော် ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း ပထမအကြိမ် ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ဂျပန်အာဏာပိုင်များက ဆိုသည်။ ယခုဖြစ်ရပ်တွင် ဂျပန်ကမ်းခြေစောင့်ကင်းလှည့်ယာဉ်များက တရုတ်ရေယာဉ်များ အဝေးသို့ ရောက်အောင် နောက်မှလိုက်လံသည်အထိ ဖြစ်ခဲ့သည့်အတွက် နောင်တစ်ချိန်တွင် အပြန်အလှန် ပြစ်ခတ်မှုများမှ တစ်ဆင့် စစ်ပွဲမီးများ ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်နေကြသည်။
Ref: Al jazeera
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis