menu

Monday 13 January 2014

လက်သည်းဝှက်ထားတဲ့ နဂါးနှင့် ကျားသေကိုအသက်သွင်းခြင်း (သို့) တစ်နိုင်ငံလုံးတုန်ခါစေဦးမည့် တစ်ကျော့ပြန် မြစ်ဆုံနှင့် ပြည်သူ့အသံ


ဧရာဝတီမြစ် အစပြုရာ မြန်မာပြည်မြောက်ပိုင်း မြစ်ဆုံဒေသတွင် တည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်နား ထားသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ် သည်။ ယခင်စစ်အစိုးရလက်ထက် ၂ဝဝ၉ ခုနှစ်အတွင်း လက်မှတ်ရေးထိုးထားခဲ့သော အဆိုပါ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် မသိရှိခဲ့ကြ။ သို့သော် အရပ်သားအစိုးရတက် လာသောအချိန်တွင် မြစ်ဆုံစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပညာ ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြလာခဲ့ကြသည်။
ထို့ကြောင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လာကြသောအခါ သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်း စီမံကိန်း ကို ရပ်နားထားမည်ဖြစ်ကြောင်း ၂ဝ၁၁ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါစီမံကိန်းကို လုပ်ဆောင်သည့် CPIကုမ္ပဏီက ၎င်းတို့၏ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်မှုအစီရင်ခံစာကို ၂ဝ၁၃ ဒီဇင်ဘာတွင် ချပြလာခဲ့ပြီး မြစ်ဆုံစီမံကိန်းကို နောက်တက်လာမည့်အစိုးရလက်ထက်တွင် လုပ်ဆောင်လိုကြောင်း ထုတ်ေ ဖ်ာပြောဆို လာခဲ့သည်။ ဤသို့ CPI ၏ တစ်ကျော့ပြန် ကြိုးပမ်းမှုအပေါ် ပြည်သူများ၏သဘောထားများနှင့် အစိုးရသစ်အတွက် မည်သို့သက်ရောက် မှုရှိနိုင်မည် လဲဆို သည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဇော်ဌေး
(နိုင်ငံတော်သမ္မတရုံး-ညွှန်ကြားရေးမှူး)
CPI ရဲ့ ကြိုးပမ်းမှုကို ရှုမြင်သုံးသပ်ရာမှာ ရစရာမရှိကျဆင်းသွားခဲ့ရတဲ့ သူ့ရဲ့ပုံရိပ်ကို ပြန်လည်ဆယ်တင်ဖို့ ကြိုးပမ်းတဲ့သဘောလို့ မြင်ပါတယ်။ သူ တို့ဘက်ကလည်း တစ်ကမ္ဘာလုံးအတိုင်း အတာအရကျဆင်းသွားတဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်လိုတာလည်း သာမန်အားဖြင့် အပြစ်ပြောစရာ မရှိပါဘူး။ CSR ကို ချပြလာတဲ့သဘောက ဘာကို မြင်ရမလဲဆိုရင် တရုတ်ကုမ္ပဏီတွေဟာလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ CSR တွေလုပ်နေပြီ ဆိုတာကို ထုတ်ဖော်ပြသတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိနေသလို ကမ္ဘာလုံးဆိုင်ရာ  စီးပွားရေးချိန်ခွင်လျှာအရ၊ ပထဝီနိုင်ငံ ရေးအရ၊ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု အရ တရုတ် ရင်းနှီးမြုပ်နှံ မှုတွေ ဆက်ပြီး ရှိနေဦးမှာပါပဲ။ တာဝန်သိ၊ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ လိုလားကြတာ ဖြစ်ပါတယ်။ CPI မှာလည်း ပြန်လည် အဖတ်ဆယ်တင်တဲ့ အားထုတ်မှုတွေ လုပ်ပိုင်ခွင့် ရှိပါတယ်။ မြစ်ဆုံရပ်ဆိုင်းမှု ရဲ့ အကျိုးဆက်အနေနဲ့ တစ်ကမ္ဘာလုံး မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအား လုံးကို သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီ Image ကို ပြန်ပြင်ချင်တဲ့ သဘောပါ။ ဒါက တစ်ပိုင်းပါ။
”သမ္မတကြီးရဲ့သက်တမ်းအတွင်း မှာ ရပ်ဆိုင်းထားတဲ့အဆင့်”ကို မေးခွန်း ထုတ်ကြတဲ့သူတွေ ရှိပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံ တကာဇာတ်ခုံပေါ် က အခြေအနေ၊ မြန်မာနိုင်ငံနဲ့ဆက်ဆံ ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ တိုင်းရင်းသားအရေးကိစ္စနဲ့ နယ်နိမိတ်၊ ပြည် တွင်းငြိမ်း ချမ်းရေးလမ်း စဉ်အစရှိတဲ့ ဆက်နွှယ်ပတ်သက်ရာအ ကြောင်းတရားများအရ ဒီဆုံးဖြတ်ချက် ဟာ အသင့်လျော်ဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတကြီး ရဲ့   ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်အ တော် များများ မလုပ်ရဲတဲ့၊ မလုပ်ဝံ့တဲ့၊ လုပ်ဖို့ မစဉ်းစားရဲတဲ့ ဆုံးဖြတ်ချက် ဖြစ် ပါတယ်။ နောက်တစ်ပိုင်းကတော့ စီမံ ကိန်းပြန်လုပ် ရင်ဆိုတဲ့ မေးမြန်းချက်ပါ။ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကတော့ ရှင်းပါတယ်။ သူ့သက်တမ်းအတွင်း ရပ် ဆိုင်းထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီတုန်း က မြန် မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ စီးပွားရေးအခြေအနေ စတဲ့ ဘက်စုံ အခင်းအကျင်းအကြားမှာ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက် ဟာ ဘယ် လောက်အထိ စွန့်စားရာကျတယ် ဆို တာ တွေ့ရှိနိုင်ပါလိမ့်မယ်။ ဒီတော့ လက်ရှိအချိန်မှာလည်း ဒီဆုံးဖြတ်ချက် အတိုင်းပါပဲ။
စီမံကိန်းနယ်မြေမှာလည်း ယန္တရားတွေ၊ စက်ပစ္စည်းတွေ မရှိတော့ ပါဘူး။ အတိုချုပ် ပြောရရင် ”သမ္မတကြီး ရဲ့ သက်တမ်းအတွင်းမှာတော့ သူတို့ ပြန်စလို့လည်း မရပါဘူး” ဆိုတာပါပဲ။ ၂ဝ၁၅ မှာ တက်လာမယ့် သမ္မတ ဘာ လုပ်သင့်သလဲ ဆိုတာကတော့….. ဒီကိစ္စဟာ စမ်းသပ်ချက်တစ်ရပ်ပဲ။ နိုင် ငံခြားရေးမူဝါဒ၊ ကမ္ဘာ့အင်အားချိန်ခွင် လျှာ၊ ပထဝီနိုင်ငံရေး၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်း ချမ်းမှု၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုး တက်မှုအားလုံး နက်နက်ရှိုင်းရှိုင်း ဆက် နွှယ်ပါဝင်နေပါတယ်။ ဒါဟာ သေချာ ပေါက် စိန်ခေါ်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။ လွယ်လွယ်တွေးလို့ မရသလို ခပ်ပေါ့ပေါ့  သဘောထားလို့ မရပါဘူး။ ဘာလုပ် သင့်သလဲ ဆိုတာကတော့ တက်လာမယ့် သမ္မတ၊ တက်လာမယ့်အစိုးရက ဆုံး ဖြတ်လုပ်ကိုင်ရမယ့် ကိစ္စသာ ဖြစ်ပါ တယ်။
ဦးသိန်းလွင်
(သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ)
ဒီမြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ဂျာ နယ်တစ်ခုထဲမှာတွေ့တယ်။ ၂ဝ၁၇ မှာ ဒီစီမံကိန်းကို ပြန်စမယ်ဆိုတော့ ကျွန် တော်လည်းတော်တော်အံ့အားသင့်သွား တယ်။ ဒီစီမံကိန်းက အပြီးအပိုင်ကို ရပ်ထားသင့်တဲ့ကိစ္စတစ်ခုပါ။ သမ္မတ ကြီးဦးသိန်းစိန်လက်ထက်မှာ မလုပ်ပါ ဘူးလို့ပြောထားတယ်။ ဒါပေမဲ့ ၂ဝ၁၅ ဆိုရင် အစိုးရသစ်တက်မှာမို့ သူတို့ ဘက်ကလည်း ကြိုကန်တဲ့သဘောပါ။ ပြည်သူအားလုံးနီးနီးက ဒီကိစ္စစဖို့ လုံးဝ သဘောတူမှာမဟုတ်ဘူး။ အထူးသဖြင့် ကချင်ဒေသခံတွေဆို ပိုနစ်နာတယ်။ ရေရှည်ကြည့် ရင် ဧရာဝတီမြစ်ညာက နေ ဟိုးအောက်အထိ ဒုက္ခပေးမယ့် စီမံကိန်းဆိုတာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ထောက်ပြ ကြတော့ လူထုကသိနေပြီ။ အဲဒီတော့ တစ်ပြည်လုံးက လုပ်ခွင့်မပြုချင်တဲ့ စီမံ ကိန်းကို အစိုးရကလုပ်မယ်ဆိုရင်တော့ တစ်ပြည်လုံးနဲ့ ထိပ်တိုက်တွေ့စရာတွေ တော့ ရှိလာနိုင်တာပေါ့။ ဒီလိုမျိုး ရေ အားလျှပ်စစ်အကြီးစားစီမံကိန်းကြီး လုပ်တာ အနည်းနဲ့အများတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာပဲ။ ဖွံ့ဖြိုးတိုး တက်မှုနဲ့ သဘာဝပတ်ဝန်းကျင်  လိုက် လျော ညီထွေဖြစ်ဖို့က ခက်ခဲတယ်။ ဧရာ ဝတီမိခင်ကြီးထိခိုက်ရင် တစ်ပြည်လုံး ထိခိုက်မယ့်ကိစ္စဖြစ်တော့ အင်မတန် ကို ကျယ်ပြန့်တဲ့ကိစ္စပဲ။ လျှပ်စစ်ထုတ်ဖို့ က ဧရာဝတီတစ် ခုပဲရှိတာလား။ လျှပ် စစ်ထုတ်တယ်ဆိုတာ ပတ်ဝန်းကျင်ထိ ခိုက်မှုရှိတဲ့ စီမံကိန်းလား၊ ထိခိုက်မှုမရှိ ဘူးလား သုံးသပ်ရမယ်။ တိုင်းပြည်တိုး တက်မှုနဲ့ ထိခိုက်မှုအနည်း ဆုံးဟာကို ရွေးသင့်တာပေါ့။ တရုတ်နဲ့က အရင် တုန်းက ဘာတွေစာချုပ်ချုပ်ထားလဲဆို တာမသိရတော့ အရင်ဆုံးတရုတ်နဲ့ဘယ် လိုထိပ်တိုက်တွေ့မလဲဆိုတာ အရင်ရှင်း ရမယ်။ လုပ်ငန်းတွေကို ပြည်သူကိုချပြ ရမယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ဖွံ့ဖြိုး တိုးတက်ဖို့လုပ်မယ်ဆိုရင် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဟာကို ရွေးရ မယ်။
ဒေါ်ဒေဝီသန့်စင်
(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လှုပ်ရှားဆောင်ရွက်သူ)
တကယ်က ဒီကိစ္စကပြည်သူလူထု နဲ့ အစိုးရက ဆုံးဖြတ်ရမှာ။ တကယ်ဒီမို ကရေစီစစ်စစ်နိုင်ငံဆို ခေါင်းဆောင် ဘယ်သူပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့အသံ ကို နားထောင်ရ မယ်လေ။ ဖြည့်ဆည်း ရမယ်။ ပြည်သူတွေအနေနဲ့ကလည်း စံ ချိန်စံညွှန်းနဲ့ လုပ်တာလက်ခံတဲ့သူရှိ ကောင်းရှိမယ်။ ဧရာဝတီကို လွတ်လွတ် လပ်လပ် နဲ့ပဲ ဖြစ်စေ ချင်တဲ့သူတွေရှိ မယ်။ ဒါကို တရားသဖြင့် အများဆန္ဒအ ရ လုပ်ရမယ်။ ပြည်သူကိုအချိုးချလိုက် ရင် လက်ခံတဲ့သူများလား၊ လက်မခံတာ များလား ဒါကိုတက် လာတဲ့ အစိုးရက ပြည်သူ့အသံကိုနားထောင်ဖို့ လိုမယ်။ CPI ကလည်း စံချိန်စံညွှန်းတွေအတိုင်း လုပ်တယ်လည်း ပြောနေတယ်။ စာအုပ် တွေထုတ်တယ်။ ဒါပေမဲ့ ပွဲတွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မယ့် သူတွေ ကျတော့ မဖိတ်ဘူး။ ဒီကိစ္စကို လုပ်ခဲ့တဲ့ အစိုးရအနေနဲ့လည်း သူတို့ ဘာတွေ လုပ်ခဲ့ လဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ချပြသင့်တယ်။ ဒါမှ နောင်အစိုးရအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို သိနိုင်မယ်။ ပြည်သူ့အသံကို အဓိကနားထောင်ေ စ ချင်တယ်။ ချစ်ကြည်ရေးတို့ ကျေးဇူး တရားတို့ဆိုတာတော့ တစ်ပိုင်းပေါ့။ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းရမှာ ဒီမိုက ရေစီအစိုးရရဲ့ တာဝန်ပဲ။
ဦးအံ့ဘွယ်ကျော်
(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း)
အဲဒီကိစ္စကို ကျွန်တော်တို့ရုံးမှာ CPI  အဖွဲ့လာတုန်းကလည်း ပြောပြီးပြီ။ ကိုမြအေးတို့သွားတုန်းကလည်း ကျွန် တော်တို့ ၈၈ ရဲ့ရပ်တည်ချက်ကို ပြော ခဲ့ပြီးပြီ။ ဒါဟာ နိုင်ငံ သားတွေအတွက် ဧရာဝတီမြစ်အတွက် အန္တရာယ်ကြီးမား တဲ့အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက် အခင်အမင်ပျက်လာနိုင်တဲ့ အနေအ ထားမျိုးတွေ ဖြစ် လာနိုင်တယ်။ အန္တရာယ် ရှိလာနိုင်တဲ့အတွက် ဒီဟာကြီးကို ကျွန် တော်တို့အနေနဲ့ မလုပ်စေချင်ပါဘူးလို့ ပြောခဲ့ပြီးပြီ။ ကျွန်တော်တို့အနေနဲ့ မဖြစ် အောင် တတ်နိုင် သလောက် တားသွား မယ်။ တရုတ်ပြည်မှာလည်း dam (ရေ ကာတာ)တွေ တည်ဆောက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေရှိ တယ်။ အဲဒီပြဿနာတွေတောင် မရှင်း နိုင်ဘဲနဲ့ ဒီမှာလာလုပ်ရတဲ့အကြောင်း ရင်းကို ကျွန်တော်တို့ကတော့ တတ်နိုင် သလောက် တားသွားမယ်။ နောက် တက်မယ့် သမ္မတအနေနဲ့လည်း ဒီကိစ္စ ကို တိုင်းပြည်ကိုပွင့်ပွင့် လင်းလင်း ချပြ ရမယ်။ ဒီစီမံကိန်းရဲ့ ဆိုးကျိုးတွေကို လည်း နောက်တက်လာမယ့်သမ္မတ အနေနဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား မြင်ရမယ်။ အဲဒီအခါ ကျရင်တော့ သူ့ရဲ့ဆုံးဖြတ်ချက်က ခိုင်ခိုင်မာ မာဖြစ်လာမှာပါ။
ဦးဂျော်ဂွန်း
(ကချင် ငြိမ်းချမ်းရေးကွန်ရက်)
အဓိကက လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ တစ်နိုင်ငံလုံး အတိုင်းအ တာဆီကို ရောက်နေပြီ။ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးမှုကို ချီတက်နေတဲ့ အချိန် မှာ သဘာဝသ ယံဇာတနဲ့ ပတ်သက်တဲ့ ဟာတွေ၊ ပြီးတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ အာဏာခွဲဝေမှု အပိုင်းအစတွေကအစပါတယ်။ အခု လက်ရှိ နံပါတ် (၁)အချက်က CPI နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့အနေအ ထားမှာ အာဏာခွဲဝေမှုကိုလာပြီး ဂယက်ရိုက်နိုင်တာက နဂိုထဲက စစ် ဘက်က ဒါကို ကိုင်တွယ်ထားတဲ့ကိစ္စ။ အခု တကယ်ငြိမ်း ချမ်းရေးဆောင်ရွက် လာမယ်ဆိုရင် ပြည်နယ်အစိုးရအတွက် အဟန့်အတားကြီးဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပြီး တာနဲ့နိုင် ငံရေး တွေ့ဆုံဆွေးနွေးမှုက စတော့မယ်။ နောက်တစ်ခုက သမ္မတရဲ့တိုင်းပြည် တည်ဆောက်မှု အခန်းကဏ္ဍစီးပွားရေး ပြုပြင်ပြောင်းလဲမှု ကဏ္ဍနဲ့ ငြိမ်းချမ်းရေး တည်ေ ဆာက်မှု ကဏ္ဍသုံးခုကို သွားနေ တာ။ ဒီမှာ ပြုပြင်ပြောင်းလဲသင့်တာတွေ ကို ထည့်သွင်းစဉ်းစားရမယ်။
အဲဒီအရာ က တိုင်းပြည်တည်ဆောက်မှု ကဏ္ဍမှာ လည်း အကျိုးသက်ရောက်မှု ရှိနိုင်သလို ငြိမ်းချမ်းရေးတည်ဆောက်မှုမှာလည်း မြစ်ဆုံဒေသရဲ့ ပတ်ဝန်းကျင် တစ် လျှောက်မှာ လက်နက်ကိုင်တွေလည်း ရှိတဲ့အတွက် ပြဿနာဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တိုင်း ရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ မူလအခွင့် အရေးကို လည်း အဓိကပြောကြတာကိုး။ တကယ်လို့ ဒါကိုဆက်ပြီး လုပ်မယ်ဆို ရင် လက်နက်ကိုင်တွေက မပြောဘူးဆို ရင်တောင် အရပ်ဘက်လူ့အဖွဲ့အစည်း တွေက အင်မတန်မှ အချေအတင် ဖြစ် ရမယ့်ကိစ္စ။ ကျွန်တော့်ငြိမ်းချမ်းရေး ကွန်ရက်က တရုတ်ပြည်ကိုသွားတဲ့အခါ မှာ အဲဒီကလူကြီးတွေကလည်း ဆက်လုပ် ကြလိမ့်မယ်လို့ ပြောပါတယ်။ ဆိုတော့ ဒါက သမ္မတပေးတဲ့ ကတိကဝတ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလားလား ဆန့် ကျင်တဲ့အရာ။ ပြည်သူနဲ့အစိုးရကို ရန် တိုက်ပေးတဲ့သဘောပဲ။ အဓိက က လွှတ် တော် ရဲ့ဆုံးဖြတ်ချက်ပဲ။ သမ္မတရဲ့ လုပ် ပိုင်ခွင့်နဲ့လည်း ဒီကိစ္စကိုအမြန်ဆွေးနွေး ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ အခုကိစ္စက တစ်တိုင်းပြည်လုံးနဲ့ ဆိုင်လို့ လွှတ်တော်နဲ့ လည်းဆိုင်သွားပြီ။ လွှတ် တော်အမတ်တွေက ဒီကိစ္စကို ရှောင်လို့ မရတော့ဘူး။ အတိအလင်းဆုံးဖြတ် ချက်ချရမယ့် အနေအထားရောက်လာ ပြီ။ CPI က ဒေသ ခံပြည်သူတွေကို လုံ လောက်တဲ့အကျိုးခံစားခွင့် မပေးနိုင် သေးဘူး။ မြစ်ကြောင်းတစ်လျှောက်လုံး မပြောနဲ့ မြစ်ဆုံနေရာကလူတွေတောင် ယနေ့အထိ ဘာမှဖြစ်မ လာသေးဘူး။ ၂ဝ၁၅ မှာတက်မယ့် သမ္မတအနေနဲ့ မြစ်ဆုံတစ်ခုလုပ်ပြီး တစ်တိုင်းပြည်လုံး အရေးကို လဲမလားဆိုတာပဲ။ ဒီကိစ္စအ တွက် အစိုးရက ဘယ်လောက်ကုန်ကျ ခဲ့သလဲ။
ဘယ်လောက်ပြန်လျော်ရမလဲ။ ဒေါ်လာ သန်း ၆ဝ ဆို တစ်ယောက်ကို ၁ ဒေါ်လာကောက်ရင်တောင် ဒါယုတ်စွ အဆုံးကျွန်တော်ပြောချင်တာ။ ပြန်ပြီး အစိုးရက လုပ်နိုင်တဲ့ကိစ္စ။ ဒီလိုမလုပ် နိုင်ရင်တောင် ကချင်ပြည်နယ်မှာရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ရောင်းလိုက်ရင်တောင် ဒီ ကိစ္စပြေလည်သွားနိုင်တယ်။ ကတိက ဝတ်ပေးရင် ဖျက်လို့မရဘူးဆိုပေမယ့် အများအတွက် အကျိုးမရှိရင် အဲဒီ ကတိကဝတ်ကို စဉ်းစားရမှာပဲ။ အဲဒီ ကိစ္စကိုလုပ်ခဲ့တဲ့ လူတစ်စုအဲဒီကိစ္စကို တာဝန် ယူသင့်တယ်။ သူတို့က တာဝန် မယူနိုင်ရင်သူတို့ကိုအရေးယူပြီး ကျွန် တော်တို့က ဒီကိစ္စကို ဖြေရှင်းရမယ်။
မေဇင်ဝင်း၊ ဝေမာထွန်း
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis