menu

Thursday 30 January 2014

ထိုင်းမင်းသမီးဒါဝိကာနှင့် မြန်မာသရုပ်ဆောင်တို့ ရိုက်ကူးမည့် ဇာတ်ကားကို ထိုင်းက ကင်မရာ၊ ဆက်တင်များ ပံ့ပိုးကူညီမည်

Photo: ထိုင်းမင်းသမီးဒါဝိကာနှင့် မြန်မာသရုပ်ဆောင်တို့ ရိုက်ကူးမည့် ဇာတ်ကားကို ထိုင်းက ကင်မရာ၊ ဆက်တင်များ ပံ့ပိုးကူညီမည်
Thursday, January 30, 2014

ယခုနှစ်အတွင်း ထိုင်းမင်းသမီး ဒါဝိကာ Davika Hoorne၊ ထိုင်းမင်းသား မို့စ်ပက်ထရာဝိကာရန်(န်) Mos Patiparn Pat aweekarn တို့နှင့်အတူ မြန်မာနိုင်ငံက လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီက ကူညီပေးမည်ဖြစ်သည်။

“အခုနှစ်ဦးနှစ်ဘက် အကျိုးတူ ပူးပေါင်းလိုက်တဲ့ သဘောပါ။ တခြားနိုင်ငံတွေဘက်ကို ထိုးဖောက်တဲ့အခါ Media 7 အနေနဲ့ လုပ်မယ့် Local ပိုင်းဆိုရင်တော့ ADMA Media အနေနဲ့ လုပ်သွားမှာပါ”ဟု DMA Media Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က ပြောသည်။

ယင်းဇာတ် ကားရိုက်ကူးရန်အတွက် ထိုင်း Kant ana JK ကုမ္ပဏီအနေဖြင့် စက်မှုပိုင်းဆိုင်ရာများ၊ ရိုက် ကူးရေးတွင် အသုံးပြုမည့် ကင်မရာပိုင်းဆိုင်ရာများနှင့် ရိုက်ကွင်းဆက်တင်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုး မည်ဖြစ်သည်။

မြန်မာ့ရုပ်ရှင် အနုပညာဈေးကွက်သည် ထိုင်းနိုင်ငံသို့ ထိုးဖောက်နိုင်ရန်အတွက် ယင်းနိုင်ငံဘက်က နာမည်ကြီး မီဒီယာအမာခံရှိမှသာ ထိုးဖောက်နိုင်မည်ဖြစ်ခြင်းကြောင့် ယခုလို နှစ်နိုင်ငံမီဒီယာများ အကျိုး တူပူး ပေါင်းလိုက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ပူးပေါင်းလိုက်ခြင်းဖြင့် နှစ်နိုင်ငံအတွင်းရှိ အနုပညာရှင်များကို ရိုက်ကူးရန်အတွက် ငှားရမ်းလိုပါက နှစ်ဦးနှစ်ဘက်က စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်သည်။

ADMA Media မှ စီစဉ်ထားသည့် ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ လူမင်းက ရိုက်ကူးမည်ဖြစ်ပြီး Pee Mark ဇာတ်ကားမှ မင်းသမီးဒါဝိကာ Davika Hoorne နှင့်ထိုင်းမင်းသား မို့စ်ပက်ထရာဝိကာရန်(န်) Mos Patiparn Pataweekarn အပြင် စိုင်းစိုင်းခမ်းလှိုင်သည်လည်း ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

ယင်းဇာတ် ကားရိုက်ကူးရန်အတွက် နားလည်မှု စာချွန်လွှာရေးထိုးခြင်းကို ဇန်န၀ါရီ ၃၁ ရက်တွင် ရေးထိုး ပြီးပါက ယခုနှစ်အတွင်း အမြန်ဆုံးရိုက်ကူးသွားမည် ဖြစ်သော်လည်း ဇာတ်ကားနာမည် မပေးရသေး ကြောင်း ကိုဝေမင်းမောင်က ဆိုသည်။

အဆိုပါဇာတ်ကားတွင် ထိုင်းမင်းသမီး ဒါဝိကာ Davika Hoorne ၏အစ်ကို အဖြစ် သရုပ်ဆောင်မည့် ထိုင်းမင်းသားနေရာတွင်Mos Patiparn Pataweekarn ကိုADMA ကုမ္ပဏီက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရေးနေရာများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရိုက်ကူးကြမည်ဖြစ်သည်။ ဇာတ်ကား၏ ဇာတ်လမ်းကိုADMA ကုမ္ပဏီမှ ဦးဝေမင်းမောင်က ရေးသားထားခြင်းဖြစ်ပြီး ဇာတ်ညွန်းသည် မင်းထင် ကိုကိုကြီး ဖြစ်သည်။ ယင်းဇာတ်ကားကို မြန်မာနိုင်ငံ အပါအ၀င် ထိုင်းနိုင်ငံနှင့်အရှေ့တောင် အာရှနိုင်ငံ များတွင် ပြသသွားရန် ရည်ရွယ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis