menu

Thursday 30 January 2014

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာရေးခရီးလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြသူအနုပညာရှင်တို့ ၏ ပညာရေးအမြင်


မြန်မာ့ပညာရေးအဆောက်အအုံမှာ အသက်မွေးမှုပညာရပ်အနေနဲ့ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်ဆိုပြီးရှိကြပါတယ်။ အဲဒီတက္ကသိုလ်တွေကို တက်ရောက်ပညာသင်ကြားခွင့်ရရှိဖို့ဆိုရင်သတ်မှတ်အရည်အချင်းတွေပြည့်မီကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်သလို အထက်တန်းေ ကျာင်းသားဘဝကတည်းက ထူးချွန်ထက်မြက်တဲ့ ကျောင်း သား၊ ကျောင်းသူတွေဖြစ်ကြရပါတယ်။ ကြိုးစားမှုစွမ်းရည်အပြည့်ရှိပြီး အဆင့်မြင့်ပညာရေး တက္ကသိုလ်မှာ
တက်ရောက်ပညာသင်ကြားနိုင်တဲ့ ပညာရည်ထူးချွန်ကျောင်းသား ကျောင်းသူတွေလည်း ဖြစ်ကြသလို တစ်ဖက်မှာလည်း ပြည်သူအကြားမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ အဖြစ် လည်း တည်ရှိနေကြသူတို့ရဲ့ ပညာရေးဦးစားပေးမှုအကြောင်းတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။
►ပညာရေးက ကျောင်းသားလူငယ်အားလုံး အတွက် အင်မတန်အရေးပါတဲ့ ကိစ္စတွေပါ
စိုးသူ
“ငယ်ငယ်ကတည်းက မိဘများရဲ့ သွန် သင်ဆုံးမမှုကြောင့် ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသားဖြစ်ခဲ့ပါတယ်။ မိဘတွေကလည်း စာမေးပွဲပြီးလို့ ကျောင်းပိတ်ရင်တောင် နား ချင်ရင် ခဏပဲ နားခိုင်းတယ်။ ပြီးရင် စာပြန် ကျက်ရတယ်။ စာကျက်တဲ့အချိန်ကျက်၊ လေ့လာတဲ့အချိန် လေ့လာ၊ ကစားတဲ့အချိန် ကစား၊ အင်္ဂလိပ်စာဆိုလည်း တစ်တန်း ထဲက စသင် ရတယ်။ သင်္ချာတွေဆိုလည်း အမှတ်ပြည့်ရ အောင် သွန်သင်ဆုံးမပေးတယ်။ စာထူး ချွန် တဲ့ကျောင်းသားတစ်ယောက် အနေနဲ့နေလာ ရင်းနဲ့ တကယ့်ဝါ
သနာကတော့ဂစ်တာတီးတဲ့လူ ဖြစ်ချင်တယ်။
တအားရယ် ရတဲ့ ပြက်လုံးတွေ ထုတ်တဲ့လူရွှင် တော်ကြီဖြစ်ချင်တယ်ဆိုပြီး စိတ်ကူးနဲ့ နေလာတာ။ ဂစ်တာလည်း တီးခဲ့ တယ်။ ၁ဝ တန်းအောင်ရင် တီးဝိုင်းထောင်မယ် ဆိုတဲ့ စိတ်ကူးနဲ့နေလာတာ။ တကယ့်တကယ်မှာမိဘတွေက သားတစ်ယောက်ထဲဖြစ်တဲ့ အတွက် ဆရာဝန်တစ်ယောက်ေ တာ့ ဖြစ်လာ စေချင်တယ်။ ပြောတော့ ဒီအတိုင်းကြိုးစား မယ်ဆိုတဲ့ စိတ်ကူးတော့ ရှိတယ်။ ကျွန်တော်က တီးဝိုင်း ထောင်ချင်တာဆိုတော့မင်းဆေးတက္က သိုလ်ဝင်ခွင့်ရေ အာင် ကြိုးစားနိုင်ရင်တီးဝိုင်းကို ထောင် ခွင့်ပြုမှာပေါ့ဆိုပြီး ပြောတော့ တီးဝိုင်း ထောင်ချင်တဲ့စိတ်နဲ့ စာကို ကြိုးစားတာပေါ့။ အဲဒီလိုနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။ အဲဒီ အချိန်မတိုင်ခင် ရှစ်တန်း ကျောင်းသားဘဝထဲ က ဦးလေးတွေက ရုပ်ရှင်ထုတ်လုပ်ရေးတွေ၊ ဖြန့်ချိရေးတွေလုပ်နေကြတော့ ရုပ်ရှင်နဲ့ပိုနီးစပ် သလိုဖြစ်တယ်။ တစ်ချိန် တည်း၊ တစ်ပြိုင်နက် တည်းမှာရုပ်ရှင်ဇာတ်ကားကြီး စရိုက်တာ။အဲဒီ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းဆိုတာနဲ့ ဆေးတက္ကသိုလ်တက်တာ တစ်ချိန်တည်း လောက်ဖြစ် သွားတယ်။ ဒါကလည်း အနန္တော အနန္တငါးပါး ဂုဏ်ကျေးဇူး၊ မိဘ ဆရာသမား တွေ၊သူငယ်ချင်းတွေ အားလုံးရဲ့ ဝိုင်းဝန်းပံ့ပိုး ကူညီမှု အားလုံး စေတနာထားမှု၊ ကိုယ်ကိုယ် တိုင်လည်း ဝီရိယနဲ့ ကြိုးစားခဲ့ရတယ်။ ဒီအနု ပညာ လောကကလူတွေကလည်း နားလည်ကြ တယ်။ ကျောင်းကလည်း နားလည်တယ်။ စာ လည်း တကယ်လုပ်ခဲ့ရတယ်။ အချိန်နဲ့ တကယ် နပန်းလုံးပြီး အားလုံးရဲ့စေတနာမေတ္တာပံ့ပိုး မှုတွေနဲ့ အဆင်ပြေပြေ ဆောင်ရွက်ခဲ့ တာပါ။ ပညာရေးက ကျောင်းသားလူငယ်အားလုံး အတွက် အင်မတန် အရေးပါတဲ့ ကိစ္စတွေပါ။ ငယ်စဉ်အချိန်မှာပညာရှာဆိုတဲ့ စကားလည်း ရှိတာပဲ”
►နိုင်ငံအပြောင်းအလဲ ကာလတွေကို ကြုံတွေ့ရတဲ့
ကာလ တွေမှာ ကသောင်းကနင်းတွေ ဖြစ်…
လူမင်း
“အစ်ကိုက မင်းသားဖြစ်မယ့် သာ ဖြစ် လာတာ။ ကိုယ့်ဘဝရဲ့ ရပ်တည်မှုနဲ့ ကိုယ့်ဘဝ ရည်မှန်းချက်တွေက ပညာရေးကိုအမြင့် ဆုံးရောက်အောင် ကြိုးစားဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ပဲ ကျောင်း သားဘဝမှာက တည်းက ပညာရေး ကို စိတ် ဝင်စားတယ်။ အဲဒီအတွက်ကြောင့် နှစ်စဉ် နှစ် တိုင်းလည်း ထူးချွန်ဆုတွေ ရခဲ့တယ်။ ၁ဝတန်း နှစ်က ဆို လည်း ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှု ရှိတာ။ဆရာဝန်နဲ့အင်ဂျင်နီယာဆိုရင် ဘယ်ဟာ ရွေးရမလဲ။ ကိုယ့်ဟာကိုယ်တောင် အရွေးခက် နေတာ။ သေချာပေါက် ဒါတွေကေ တာ့ ဝင်မယ် လို့ ယုံကြည်ထားတယ်။ သူငယ်တန်း ကနေစပြီး ၁ဝတန်းအထိထူးချွန်ဆုတွေနဲ့တော်ခဲ့တဲ့ ကျောင်း သား တစ်ယောက်ပေါ့။ ဖြစ်ချင်တော့ ၁ဝတန်း တစ်နှစ်မှပဲ   ဘောလုံးကန်တာတို့၊ သူငယ်ချင်း အပါင်းအသင်းတွေနဲ့ ။ကျောင်းလစ်တာတို့၊ ကျူရှင်လစ်တာတို့ ကနေစပြီး ကျောင်းစာဘက်မှာ ပေါ့သွားတဲ့ အတွက် ကိုယ်တစ်သက်လုံး   ဖြစ်ချင်တဲ့ ဆရာဝန်၊ အင်ဂျင်နီ ယာဆိုတာ ဖြစ်ခွင့် မရှိတော့ ဘူး။ ဒါပေမဲ့လည်း ကိုယ့်အမှား ကိုယ်သိလိုက်တယ်။ နောက် ဆုံးဝင်ခွင့်ရတာက စိုက်ပျိုးရေး တက္ကသိုလ်။ စိုက်ပျိုးရေး တက္ကသိုလ် ဆိုတာလည်း အဲဒီတုန်းက ပညာရှင်တွေ မွေးထုတ်ပေးတဲ့ ကျောင်း၊ ဒီပညာရပ်ကလည်း အစ်ကိုတို့ တိုင်းပြည်နဲ့ အသုံး ဝင်တယ်။ တခြားဘွဲ့တွေနဲ့ မတူဘူး။ စိုက်ပျိုးရေးကျောင်း ဆင်းတာနဲ့ အလုပ်အကိုင် ချက် ချင်းရတယ်ဆိုတဲ့ အားသာချက် မျိုးတွေရှိတယ်။ တက္ကသိုလ်တက်စဉ်မှာလည်း စိုက်ပျိုးရေး ပညာတွေကို လေ့ လာသလောက်၊ လိုက်စားသလောက် တက်လမ်း တွေရှိတယ်။ နိုင်ငံခြားထိ ပညာ တော်သင် သွားလို့ ရတယ်။ အသက်ငယ်ငယ်နဲ့ Ph.D ပါရဂူ ဘွဲ့တွေ ယူလို့ရတယ်။ အဲဒီ တက်လမ်းတွေကို မြင်တဲ့အတွက် အစ်ကို စိုက်ပျိုးရေး တက္ကသိုလ် ရောက်တော့လည်း ပညာရေး ကိုပဲ ကြိုးစားခဲ့တယ်။ အစ်ကို အဲဒီအချိန်တုန်းက  နိုင်ငံ အပြောင်းအလဲ ကာလတွေကို ကြုံတွေ့ရတဲ့ကာလတွေမှာ ကသောင်းကနင်းတွေဖြစ်၊ ကျောင်း တွေပိတ်တယ်။အဲဒီမှာ ကိုယ့်ပညာ ရေးဘက်ကို ယုံကြည်မှုနည်းနည်း လျော့သွားတယ်။ အဲဒီနောက် ပိုင်းမှာမှ ဒီပညာရေးတစ်ခု တည်းကိုပဲ အားကိုးပြီး ကြိုးစား လာတဲ့လူငယ်တစ်ယောက် အနေ နဲ့ ပညာရေးဘက်ကို ယုံကြည်မှု နည်းနည်းလျော့သွားတဲ့ အခါကျ တော့ တခြားကိုယ့်သူငယ်ချင်း မိတ်ဆွေတွေလည်းအတူတူပါ ပဲ။ ဘဝရပ်တည်မှုအတွက် ဘာ လုပ်ကြမလဲဆိုပြီး ကိုယ်စီကိုယ် စီ ရှာကြတယ်။အရေး အခင်းတြွေ ဖစ် ကျောင်းတွေပိတ်ပြီး ကျောင်းပြန် ဖွင့်တော့ တော်တော်များများ က ကျောင်းပြန်မတက်ကြဘူး။ အဲဒီအရေးခင်းကြီးဟာ အစ်ကို တို့ လူငယ်တွေအတွက် ပညာ ရေးဘက် ကို ယုံကြည်ချက်တွေ လျော့ပါးစေတဲ့ နိုင်ငံရေးအပြောင်း အလဲတစ်ခုပါပဲ။ အစ်ကို့အနေနဲ့ အဲဒီအခါ ဒီဘက်ကို အား သန်ခဲ့ပြီး ပညာရေးဘက်မှာ တော့ ဘွဲ့တစ်ခုကို ရအောင်ယူ နိုင်ခဲ့ပါတယ်။ ၁ဝတန်းအောင် လို့ ရွေးချယ်တဲ့အခါမှာ ကိုယ် ဝင်ချင်တဲ့ဟာတွေ မဝင်နိုင်ခဲ့ ပေမယ့် ဒီစိုက်ပျိုးရေး တက္က သိုလ်မှာ ဝင်ခွင့်ရခဲ့တယ်။ အခု ကြိုးစားေ နကြတဲ့ လူငယ်တွေ ကို ပြောချင်တာက ဝါသနာ ပါတာကို လုပ်တာကောင်းပါ တယ်။ဒါပေမဲ့ပညာရေးကို လက် မလွတ်စေချင်ဘူး။ အလုပ်လုပ် တာချင်း အတူတူ ပညာ တတ်လို့ ပြောဖို့ အတွက်က အဲဒီလူမှာ ဘွဲ့တစ်ခုခုရထားမှ ပြောလို့ရ တယ်။ ဘယ်လောက် ပဲ IQ တွေ ထက်မြက်ထက်မြက်ဘယ် လောက် ပဲတော်တော် ပညာတတ်လို့ အကြမ်းဖျင်းအားဖြင့် ပြော လို့မရဘူး။ ဒါကြောင့် အစ်ကို လည်း ဒီအလုပ်စလုပ်တော့ နောက်ထပ်ကျောင်းပြီးဖို့က ၂ နှစ်တောင် ကျန်သေးတယ်ဆို ပေမယ့် ကိုယ့်ဘဝမှာ ပညာရေး ကို နဂိုကတည်းက စိတ်ဝင်စား ခဲ့သူဖြစ်ခဲ့တော့ ဘွဲ့ကိုရအောင် ယူခဲ့ပါတယ်။ အနုပညာ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ တခြား ဝါသနာပါတာတစ်ခုခုလုပ်တာ ပဲဖြစ်ဖြစ် ပညာရေးကိုတော့ လက် မလွတ်သင့်ဘူး။ကျောင်းက သင် လိုက်တဲ့စာတွေရယ် မဟုတ်ဘူး။ တက္ကသိုလ်က ဘွဲ့တစ်ခုရတယ် ဆိုတာက ကျောင်းစာသင်ခန်း ထဲက သင်တဲ့ စာတွေကပဲ ဘဝ အတွက် အသုံးဝင်တာ မဟုတ် ဘူး။ လူအချင်းချင်းပေါင်းသင်း ဆက်ဆံရေး၊ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု၊ လူတစ် ယောက်ရဲ့ရင့်ကျက်မှု၊စိတ် ဓာတ် ပိုင်းဆိုင်ရာအတွေးအခေါ် ဗဟု သုတတွေအများကြီးကိုတက္ကသိုလ် ကျောင်းက သင်ပေးတာ။ ဒါ ကြောင့် ဝါသနာပါရာကို လုပ် ပါ။ပညာရေးကိုတော့ ဘယ်သူ မဆိုလွယ်လွယ်နဲ့ လက်မလွတ် စေချင်ဘူး။ တိုင်းပြည်မှာ ပညာ ရေးက ဒီဘွဲ့တစ်ခုကိုနှစ်ပေါင်း များစွာတက်ပြီး သင်တယ်။ ဒီ ဘွဲ့တစ်ခုကသူ့ဘဝကို ရပ်တည် နိုင်ေ လာက်တဲ့ အထောက်အပံ့ ဖြစ်မယ်လို့ တိုင်းပြည်ရဲ့ ပညာ ရေးစနစ်က ဒီလိုလိုသလို လူ ငယ်တွေဘက်ကလည်း ပညာ ရေးကို အလေးအနက်ထားဖို့ လိုတယ်။
လူငယ်တွေဆိုတာက အလုပ်လုပ်ပြီး ပိုက်ဆံရဖို့ထက် ပညာသင်ယူရမယ့်အချိန်မှာ ပညာသင်ကိုသင်ယူရမှာပါပဲ”
►ကိုယ် တကယ်ဝါသနာပါတာကို  သေချာဆုံးဖြတ် ရွေးချယ်ပြီး တက်တာက ဘဝ အတွက်…
မောင်
“ကျွန်တော်ဆယ်တန်း အောင်တော့ဂုဏ်ထူး ၄ဘာသာ ထွက်တယ်။ ကျောင်းမတက်ခင် သင်တန်းတွေတက်တယ်။ အဲဒီ အချိန်တုန်းကလူငယ်တိုင်းရဲ့ အိပ် မက်က စင်ကာပူကို သွားဖို့ပေါ့။ အဲဒါကြောင့်ကျွန်တော်လည်း သွားဖို့သင်တန်းတွေတက် စာမေးပွဲတွေဖြေတယ်။ ကျောင်းက လည်း ဆေးကျောင်းလျှောက် တော့ရတယ်။ အိမ် က နိုင်ငံခြား လည်း    မသွားစေချင်ဘူး။ နောက်တော့ ဆေးကျောင်း တက်ရတာပျော်လာတယ်။ဒါကိုပဲ ဆက်တက်ဖြစ်သွားတာ။ ကျွန် တော်တို့ ခေတ်တုန်းက ရွေးချယ် စရာက များများစားစား မရှိ ဘူး။အခုခေတ်လိုမျိုးအများကြီး မရှိခဲ့ဘူး။ တက္ကသိုလ်ကျောင်း သား ဘဝကိုတော့ ပြည့်ပြည့် ဝဝရခဲ့တယ်။ ပုံမှန်ကျောင်း တက်ရင်း နဲ့ပဲ စာလုပ် ခဲ့တာပါပဲ။ အခု ခေတ်လူငယ်တွေအတွက် ရွေးချယ်စရာတွေရော၊ နိုင်ငံ တော်ကရော ထောက်ပံ့ပေးတာတွေ ရှိလာတော့ ကိုယ် တကယ်ဝါသနာပါတာကို သေချာ ဆုံးဖြတ် ရွေးချယ်ပြီး တက်တာကဘဝအတွက် အောင် မြင်ဖို့ လမ်းစပိုများတယ်လို့ ထင်တယ်”
►ဒီတိုင်းရင်းဆေးသိပ္ပံ တက်ဖြစ်တာက ကျွန်တော့် အိမ် ရဲ့ မီရိုးဖလာလုပ်ငန်းဖြစ်တယ် …
သူရိယ
“ကျွန်တော်က ကျောင်း တက်ဖို့လုပ်တော့ မန္တလေးမှာ တိုင်းရင်းဆေးသိပ္ပံတက်ဖြစ် တယ်။  E-major  လည်း တက် ဖြစ်တယ်။ဒီတိုင်းရင်းဆေးသိပ္ပံ တက်ဖြစ်တာက ကျွန်တော့် အိမ် ရဲ့ မီရိုးဖလာလုပ်ငန်းဖြစ်တယ်။ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတော့ တက်ဖြစ် သွားတာ။ မိဘရဲ့အမွေကိုလည်း ဆက်ခံတဲ့သဘောပေါ့။ ကိုယ် လုပ်နေတဲ့အချိန်မှာ လုပ် နေတဲ့အရာပဲ တွေးတာပဲ ကောင်းပါတယ်။ ကိုယ်ဝါသနာ ပါတာကို လုပ်ကြည့်တာလည်း ကောင်းတယ်။ အဓိကက ယုံ ကြည်ချက်ရှိဖို့ပါပဲ။ ပညာဆိုတာ တော့အကောင်းဆုံးပါပဲ။ကိုယ်တတ် မြောက်တဲ့အရာကို အကောင်း ဆုံးကျွမ်းကျင်အောင် လုပ်နိုင် ရင် ဘယ်သူမဆို ပညာရှင်ပါပဲ”
►အနုပညာအလုပ်ထက် ပညာ ရေးကိုပဲဦးစား ပေးပြီး လုပ်ဖြစ်ခဲ့ပါတယ် . . .
နန်းမြတ်ဖြိုးသင်း
“နန်းမြတ် ကအစကတည်းက ဆေးကျောင်း တက်ချင်တယ်။ အောင်စာရင်း ထွက်လာတော့ တအားရင်ခုန်ခဲ့ ရတယ်။ ဆေးကျောင်းအမှတ်မီ တော့လည်း တအားပျော်ခဲ့ရ တယ်။ ဆေးကျောင်းကိုပဲရွေး ချယ်ပြီး တော့ တက်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်လည်း  ဝါသနာပါ တယ်။နန်းမြတ် ကျောင်းတက် ရင်းနဲ့ အနုပညာအလုပ်ကိုစပြီး Part -1  မှာစပြီးတော့ စလုပ် ဖြစ်ခဲ့တယ်။ ရှေ့ပိုင်းတောက် လျှောက်မှာတော့ ကျောင်းတက် ရင်းနဲ့ ဆယ်တန်းလေးတွေကို ဂိုက်လုပ်ပေးဖြစ်တယ်။ ကျောင်း တစ်ဖက်နဲ့ဆိုတော့ အနုပညာ ဘက်မှာ အားတဲ့ အချိန်လေးကို ပဲ ဓာတ်ပုံရိုက်တာလောက်ပဲ လုပ်ဖြစ်တယ်။ ကျောင်းတက် ရင်းနဲ့တော့ အနုပညာ အလုပ် ထက် ပညာရေးကိုပဲ ဦးစား ပေးပြီး လုပ်ဖြစ်ခဲ့ပါတယ်။ တစ်လုံးတတ်သည်ဖြစ်စေ၊ နှစ် လုံးတတ်သည်ဖြစ်စေ ဘဝကို ဖြတ်သန်းတဲ့ အခါမှာအများ ကြီးအကျိုးရှိပါတယ်။ ပညာက တော့ တတ်ထားတာမမှား ပါဘူး။ အဲဒီတော့ ကိုယ်ဖြစ် ချင်တာကိုလည်း လုပ်ရင်းနဲ့ ပညာရေးကိုလည်း နန်းမြတ်က ဦးစားပေးချင်ပါတယ်”
ပေါ်ပြူလာအဖွဲ့
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis