menu

Thursday 30 January 2014

ပြည်ပဆက်သွယ်ရေးကုမ္ပဏီ Ooredoo နှင့် Telenor တို့အား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေးလိုင်စင် ယနေ့ (ဇန်န၀ါရီ ၃၀) ချပေးမည်

Photo: ပြည်ပဆက်သွယ်ရေးကုမ္ပဏီ Ooredoo နှင့် Telenor တို့အား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေးလိုင်စင် ယနေ့ (ဇန်န၀ါရီ ၃၀) ချပေးမည်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တင်ဒါအောင်မြင်ထားသည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုအား ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနက ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ချထားပေးမည်ဖြစ်ကြောင်း Ooredoo ဆက်သွယ်ရေးကုမ္ပဏီမှ သိရသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo နှင့် တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီကို MIC မှ ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီ ၈ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထောက်ခံချက်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ၁ဝဝ ဖြင့် ကုမ္ပဏီလိုင်စင် ချထားပေးခဲ့ကြောင်း သိရသည်။

“မနက်ဖြန်ကျရင် ကျွန်မတို့ Ooredoo ဆက်သွယ်ရေးကုမ္ပဏီနဲ့ ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိတဲ့သူတွေနဲ့ နှစ်ဦးသဘောတူ လတ်မှတ်ရေးထိုးဖို့ ရှိပါတယ်။ လိုင်စင်ရပြီဆိုတာနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို စတင်ပြီးတော့ လုပ်ကိုင်သွားမှာပါ” ဟု Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

Ooredoo ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် မြန်မာနိုင်ငံသား ရာခိုင်နှုန်း ၉ဝ ကို အလုပ်အကိုင်များ ပေးသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကာ 4G  စနစ်ကိုပါ တစ်ပါတည်း အသုံးပြုနိုင်အောင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း အကူအညီပေးသွားပြီး မိုဘိုင်းဟန်းဆက်များကိုပါ ထုတ်လုပ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများ ရောင်းချရန် လက်လီလက္ကား ရောင်းချပေးမည့်သူများကိုလည်း ခေါ်ယူလျက်ရှိသည်။

အလားတူ တယ်လီနော်မြန်မာမှ တာဝန်ရှိသူတစ်ဦးကလည်း “ဇန်န၀ါရီ ၃၀ နံနက် နေပြည်တော်မှာ လုပ်မဲ့အခမ်းအနားမှာ တယ်လီနော်ရော အူရီဒူးပါ ပါဝင်ပါတယ်။ အခမ်းအနားပြီးရင်တော့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမှာပါ” ဟုဆိုသည်။   

စမ်းချောင်းမြို့နယ် ရပ်ကွက်တစ်ခုတွင် ၁၅၀၀ တန်ဖုန်းပေါက်မဲစာရင်းကို ကြည့်ရှု့နေကြသူများအား တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis