menu

Thursday 30 January 2014

" သားသမီးရင်သွေးနဲ့ ကျောင်းပညာရေး အနုပညာရှင်မိဘတို့ရဲ့ အနာဂတ်မျှော်လင့်ချက် ရင်ခုန်သံစကားများ "

Photo: " သားသမီးရင်သွေးနဲ့ ကျောင်းပညာရေး အနုပညာရှင်မိဘတို့ရဲ့ အနာဂတ်မျှော်လင့်ချက် ရင်ခုန်သံစကားများ "

မိဘတိုင်းက မိမိရဲ့ သားသမီးတိုင်းကို ပညာတော်ပြီး ထူးချွန်ထက်မြက်တဲ့ လူတော်လူ ကောင်း ရင်သွေးရတနာလေးတွေ ဖြစ်စေချင်ကြ ပါတယ်။ ပညာလို့ဆိုလိုက်တာနဲ့ အသိဥာဏ် ပညာရော၊ အတတ် ပညာပါ ယှဉ်တွဲရှိနေတာမို့ မည်သူမဆိုတစ်စုံတစ်ခုကိုရွေးချယ်တတ် မြောက် ရင်ပဲ လူမှုဘဝမြင့်မားစေ မှာဖြစ်သလို တန်ဖိုးရှိတဲ့ လူသား ဘဝတစ်ခုကိုလည်း ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိဘ နေရာရောက်ရှိပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ အနုပညာရှင်တို့ရဲ့ မိမိသားသမီးလေးတွေ အနာဂတ် လှပသာယာစေ ဖို့ ပညာရေးဘက်မှာ ဘယ်လိုအားပေး ပံ့ပိုး ဖြည့် ဆည်းနေကြောင်း စိတ်ဆန္ဒ ရင်ခုန်သံစကားများ ကို စုစည်း ဖော် ပြလိုက်ပါတယ်။

►မေသန်းနု

“ကလေးတစ်ယောက်အတွက် ပညာဆိုတာအနာဂတ်မှာ တအားအရေးကြီး တယ်။ ဒီကလေးက ခေတ်ပညာတတ်တစ် ယောက်ဖြစ်ဖို့ လည်းလိုတယ်။ မဖြစ်မနေ နိုင်ငံ တကာသုံး အင်္ဂလိပ်စာ တတ်ကျွမ်းရ မယ်။ မဆင့်တို့တုန်းကအားနည်းခဲ့တယ်။ ကိုယ် အားနည်းခဲ့တဲ့ပညာရေးမို့ ကလေးကို အား မနည်းစေချင်ဘူး။ အနာဂတ်မှာ မဖြစ် မနေ တတ်ကျွမ်းရမှာ အင်္ဂလိပ် စာဆိုပေမယ့် မြန်မာစာလည်း မဖြစ်မနေတတ်ရမယ်။ ကိုယ့် လူမျိုး ဘာသာစကားက တတ်ကို တတ်ရမယ်။ အင်္ဂလိပ်ကျောင်းထားပေမယ့် ဒီလိုပဲဖြစ်ရ မယ်။ သားက တစ်ဦးတည်းသော သားဆိုတော့ သူငယ်ချင်းတွေ၊ အပေါင်း အသင်းခင်တယ်။ အဲဒီတော့ ကျောင်းသွား တယ်။ သူငယ်ချင်းတွေ နဲ့ အတူတူသွား တယ်။ ကျောင်းမှာက အနုပညာ ဘာသာရပ်၊ အားကစားက အစ အကုန် လုပ်တယ်။ ဒီလိုမျိုးဆို တာက လိုအပ်တယ်လေ။ ကျောင်း စာတစ်ခုတည်းနဲ့လည်း မွန်းကျပ် မနေသင့်ဘူး။ ကျောင်းစာကိုပဲ ဖိနေရင် ကလေးတွေထွက်ပေါက်မရှိဘူး။ အဲဒီတော့ ခိုးလုပ်တာတွေ ဖြစ်လာနိုင်တယ်။ ကျန်းမာ ရေးအတွက် အားကစားလုပ် ရတာပေါ့။ အနုပညာပဲဖြစ်ဖြစ် တစ်ခုခုလုပ်စေချင်တယ်။ အဲဒါမှ ကလေးတစ်ယောက်ရဲ့ စိတ် ပျော်ရွှင်မှု၊ နူးညံ့မှုဖြစ်မှာလေ။ ဒါမှ တခြား အပြင်စိတ်တွေ မဝင်လာမှာ။ မိဘတိုင်း ကတော့  အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ။ အခုသားက ILBC  မှာ ဆယ်တန်း တက်နေပါတယ်”

►ခင်စံပယ်ဦး

“သမီးနဲ့သားကို Net Work  ကျောင်းမှာ ထား ဖြစ် တယ်။ သမီးက Foundation II  နဲ့ သားက Foundation I  တက် နေတာ။ ကျောင်းတက်ဖို့အ တွက် သားနဲ့သမီးက မပျင်း ကြဘူး။ ကျောင်းပျော်တယ်လို့ ပြောရမယ်။ အခုလောလော ဆယ်တော့ သမီးက ပန်းချီဆွဲ တတ်ချင်တယ်လို့ ပြောပေ မယ့် နောက်နှစ်လောက်မှ ထား ပေးမယ်။ ပညာရေးဆို တာကတအားအရေးကြီး တယ်လေ။ နောင်တစ်ချိန် ကိုယ်တွေမရှိတော့ရင် တောင်မှ သူတို့အတွက် မပျောက် ပျက်သွားမှာက ဒီပညာအမွေပဲရှိတာလေ။ ပညာတတ် တစ်ယောက် ဖြစ်စေချင်တာပါပဲ။ သူတို့အ ပေါ် မူတည်ပြီးတော့ အတတ်နိုင်ဆုံး ပံ့ပိုးပေးရ တာပေါ့။ သမီးက ဥာဏ်တအား ကောင်းတယ်။ စာဖတ်ဝါသနာ ပါတော့ သူဝါသနာပါရာ လေးတွေ လုပ်ပေးရတာပေါ့။ သားကဥာဏ် ကောင်းပေမယ့် အဆော့သိပ်မက်တော့ ထိန်း ကျောင်း ပေးရတာပေါ့။ အဓိက က ပညာရေးဘက်ကို စိတ်ဝင်တစားနဲ့လုပ်ဖို့အတွက်မိဘတစ် ယောက် အနေနဲ့ လုပ်ပေးရတာပေါ့။ ကလေး ရဲ့ပညာရေးအတွက် ဘာတွေလို အပ်လဲဆိုတာ စောင့် ကြည့်ပြီး ပြုစု ပေးသင့်တယ်။”

►အိန္ဒြာကျော်ဇင်

“သမီးလေးက ဒိုရေမီ ကျောင်းမှာ တက်နေတာ။ ညက nursery ပဲပေါ့။ သူတစ်နှစ်နဲ့ ၈လလောက်ထဲက ထားထားတာ။ စာသင်တာတော့ မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါး လေး ပါပဲ။ သမီးလေးကို ပညာရေး ဆုံးခန်းတိုင် အောင်သင်ခိုင်းမယ်။ တကယ့် ပညာ တတ်တစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်။ ဒီမှာ အင်္ဂလိပ် ကျောင်းတက်တဲ့ ကလေးတွေ က ဒုက္ခရောက် တယ် ။ တက္ကသိုလ် ကောင်းကောင်းတက်ချင်ရင် နိုင်ငံခြားမှာပဲသွားတက်ရတယ်။ ဒီမှာမရှိဘူး။အူဝဲတူမလေးတွေ လည်း တက္ကသိုလ် သွားတက်ဖို့ နိုင်ငံခြား ကိုသွားရတယ်။ ကိုယ် တွေနဲ့ ခွဲခွာပြီးသွားရတော့ အဲဒီ ခံစားမှုမျိုး မခံစားချင်ဘူး။သမီး အလှည့်ကျရင် ပိုဆိုးမယ်။ ဆု တောင်းတာပေါ့လေ သမီးအဲဒီ အရွယ်ရောက်ရင် ဒီမှာလည်း တက္ကသိုလ်ကျောင်းကောင်းကောင်းတွေ လာဖွင့်ကျမယ်လို့ ထင်တာပဲ။လာဖွင့်ပါစေလို့လည်း ဆုတောင်းတယ်။ အဲဒီအချိန်ကြ လို့ မရှိသေးဘူး၊မဖွင့်သေးဘူးဆို ရင်တောင်မှပဲ တကယ်လို့ သူ့ ကိုဟိုမှာ ကျောင်းသွားထားရ မယ်ဆိုရင် ကိုယ်ကိုယ်တိုင်သူနဲ့ လိုက်သွားရမှာပဲ”

►Lလွန်းဝါ

“သမီးအကြီး မိုင်းမိုင် က ၅ နှစ်ခွဲရှိပြီ။ သမီးငယ်လုလု ကတော့ ၁နှစ်ခွဲပေါ့။ သမီးကြီး က Horizon မှာတက်နေ တယ်။နောက်နှစ်ဆိုရင် Grade 1  တက်မယ်။ နှစ်ယောက် စလုံး ကိုတော့ ပညာတတ်တွေဖြစ်စေ ချင်တယ်။ အရည်အချင်းရှိတဲ့ သူတွေ၊ ကိုယ်တိုင်အစွမ်းအစရှိတဲ့သူတွေ ဖြစ်စေချင်တယ်။ ကလေးတွေအပေါ်မှာ ပညာနဲ့ ပတ်သက် ပြီး လောဘတော့ရှိ တာပေါ့။ သူတို့ရဲ့ အမေက ပို တောင်ရှိသေးတယ်။ ဆရာဝန် တွေဖြစ်ရမယ်ဆိုတဲ့ စိတ်တော့ အစ်ကိုတို့မှာ မရှိပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ဘဝမှာ ဘာ တွေ ဖြစ်လာမလဲဆိုတာ ဘယ် သူမှ ကြိုမသိနိုင်ဘူးလေ။ ပညာ ရေးတစ်ဖက်နဲ့ အနုပညာအလုပ် နဲ့ဆိုရင်လည်း  သိပ်အဆင်မပြေ ပြန်ဘူးလေ။ ကလေးတွေနဲ့ပတ် သက်ပြီး ပညာရေးအပိုင်းမှာ တော့ မလစ်ဟင်းရအောင် အစ် ကို့အမျိုးသမီးကသေချာဂရုစိုက် တယ်။အဓိကကတော့ Generation တွေတက်လာတဲ့အခါ မှာ အစ်ကိုတို့ ကလေးတွေ မျက် နှာမငယ်ရအောင်၊ သူများရဲ့ အောက်မကျရအောင် လုပ်ပေး သွားမယ်။ အခုက နိုင်ငံတကာ ကိုလည်း ပွင့်လင်းလာပြီ၊ ပညာ တတ်ရုံနဲ့ မရတော့ဘူး။ အရည် အချင်းပါရှိရတော့မယ်။အနောက် နိုင်ငံတွေမှာဆိုရင်လည်း တက္က သိုလ်ကိုပြီးအောင်တက်ကြတယ်။ တချို့ကတော့ High School  ပြီးသွားပြီဆိုတာနဲ့ အလုပ်တွေ လုပ်ကြတယ်။ တစ်ချိန်ချိန်မှာ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်လာ တဲ့အခါမှာ Grade  ဖြစ်တဲ့လူ တွေ ပဲအလုပ်ခွင်ထဲမှာကျန်ခဲ့တာပါ”

►ထွန်းအိန္ဒြာဗို

“နိုင်ငံခြားကျောင်း တွေက ကလေးတစ်ယောက်ကို တည်ဆောက်ပုံက ကျွန်မတို့ မြန်မာကျောင်းတွေနဲ့ နည်းနည်း ကွာတယ်။ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ပေးတဲ့ေ ကျာင်း လေးတွေဖြစ်တယ်။ နိုင်ငံတကာ ပညာရေးကိုလည်း သင်ကြားခွင့် ရမယ်။သူတို့ရဲ့သင်ရိုးညွှန်းတမ်း ကိုလည်းကြိုက်လို့ထားဖြစ်တာပါ။ သူက Grade 2 ရောက် သွားပြီး၊ International School of Myanmar (ISM) ကျောင်းမှာ တက်နေပါတယ်။ ပညာရေးက အရေးပါပါတယ်။ တိုင်းပြည် တစ်ပြည်မှာ ပညာရေးနဲ့ ကျန်း မာရေးက အခြေခံပါပဲ။ ကျန်း မာမှ အရာရာလုပ်နိုင်မယ်ဆိုတဲ့ ဘုရားစကားအတိုင်းပါပဲ။ အာ ရောဂျံပရမ္မံလာဘံဆိုတဲ့ အတိုင်း ပဲ ကျန်းမာခြင်းက လာဘ်တစ် ပါးပဲ။အဲဒီလိုပဲ ပညာရှိမှ သူလုပ် သင့်တာကို အမှားအမှန် ခွဲခြား နိုင်ပြီးနောက်ဆုံးတိုင်းပြည် တည် ဆောက်တဲ့အထိ ကလေးတိုင်း ကို ပြောတာပါ။ ကျွန်မသားတစ် ယောက် တည်းပြော တာမဟုတ်ပါ ဘူး။သားကို golf  ရိုက်တာသင် ပေးတာက သူ့အဖေက သူ့သား ကိုဝါသနာပါအောင်ပျိုးပေးရင်း နဲ့ရိုက်ဖြစ်နေတာ။

Piano ကကျ တော့ ကျွန်မရော ကိုအောင်မင်း ထွန်းကရော Piano Music ကို ငယ်ငယ်ကတည်းက သိပ်ကြိုက် တာ။ကိုယ့်အလှည့်တုန်းက မသင် လိုက်ရဘူး။သားသား ကိုယ်ဝန် ဆောင်တုန်းက အစ်မ သင်တယ်။ ဒါပေမဲ့ ဗိုက်ကြီးနာထနေတော့ ဘာမှသေချာမသင်ခဲ့ရဘူး။ ရေ ကူးတာကျတော့ ကလေးတိုင်း သင်သင့်တယ်။ သူ့ဘဝအတွက် safety ဖြစ်ဖို့ လူတစ်ယောက် ဟာ  ရေးကူးတတ်သင့်တာ ကြောင့်  ရေကူးလည်း  သင် ပေးတယ်။ အခုတော့ Global Art  လေးတွေ ပန်းချီသင်တန်း လေးသင်ရင်းနဲ့ တခြားအတတ် ပညာတွေပါတွဲသ င်တဲ့ သင်တန်း ရှိတယ်။ အဲဒါလေးတွေလည်း အားတဲ့အချိန်မှာသူ့ကို ပို့ပေး တယ်။ အသက်ကြီးမှ သင်တာ ထက်ကလေးအရွယ်မှာ သင်တာ မြန်တယ်။တတ်လွယ်တယ်။ စိတ် ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ရော အင်အားကောင်းတဲ့ အရွယ် မှာပညာရှာရတာပေါ့။အဲဒါကြောင့် ပညာရေးအပြင်တခြားအရာတွေ လည်းသင်ပေးတဲ့ သဘောပါ”

►ကြည်လဲ့လဲ့ဦး

“အစ်မသားလေး က အခု TTC မှာတက်နေတယ်။ အတန်းက ဒုတိယတန်းပါ။ သူမူ ကြို စတက်တုန်းကတော့ အစ်မ က ILBC မှာ၂နှစ်ထားတယ်။နောက် တော့ TTC မှာပြောင်းပြီးထား လိုက်တယ်။ အစ်မက မြန်မာ ကျောင်းမှာပဲ ထားချင်တာနဲ့ TTC မှာထားဖြစ်လိုက်တယ်။ ဒီ ကျောင်းတွေက အစစအရာရာ ဘာမှပြောစရာမလိုဘူး။ စည်း ကမ်းကလည်းကောင်းတယ်။အသင် အပြကလည်းကောင်းတယ်။ အစ်မ ကလည်း အစစအရာရာ သား ကို လိုအပ်တာလေးတွေလုပ်ပေး တယ်။အိမ်မှာလည်း ဂိုက်ချည်း
ပဲနှစ်ယောက်ခေါ်ထားပေးတယ်။

 ကျောင်းကပြန်လာတာနဲ့ အိမ် မှာ ဂိုက်နဲ့ထပ်သင်ပေးတယ်။ အစ်မက ဒီနှစ်နွေရာသီမှာတော့ သူ့ကိုရေကူး သင်တန်းပို့ပေး မယ်။ အင်္ဂ လိပ်စာသင်တန်းတွေ တက်ခိုင်းမယ်။ အင်္ဂလိပ်စာကို ဦးစားပေးပြီးတတ်စေချင်တယ်။ အစ်မတို့ကပညာရေးကို အဓိက ထားပြီးသင်ပေးတယ်။ပညာတတ် တအားဖြစ်စေ ချင်တယ်။ ပညာ နဲ့ပတ်သက်လို့ကတော့ လုံးဝ အပြည့်အဝထားပြီးသင်ပေးဖြစ် တယ်။အစ်မသမီးငယ်လေးကို လည်း သူ့အစ်ကိုလိုပဲ သင်ကြား ပေးသွားမှာပါ။ပညာရေးက တအား အရေးကြီးပါတယ်။ ကိုယ်ရည် ရွယ်ထားတဲ့အထိရောက်မှ သူတို့ လုပ်ချင်တာကို ပေးလုပ်ဖို့စိတ် ကူးထားတယ်။တခြား ကလေးတွေ ကိုလည်းပညာရေးနဲ့ ပတ် သက်  ပြီး တတ်စေချင်ပါတယ်။ သားသမီးချင်း ကိုယ်ချင်းစာပြီး တတ် စေချင်ပါတယ်”

ပေါ်ပြူလာအဖွဲ့

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis