menu

Thursday 30 January 2014

iPhone 6 တွင် ၄.၈ လက်မ display ပါဝင်မည်ဟုဆို

Photo: iPhone 6 တွင် ၄.၈ လက်မ display ပါဝင်မည်ဟုဆို

iPhone တွင် ၄.၈ လက်မအရွယ် display ပါဝင်လာမည်ဖြစ်ကြောင်း၊ အဆိုပါ display အရွယ်ကို အတည်ပြု သတ်မှတ်ထားပြီ ဖြစ်ကြောင်း Cowen and Com pany မှလေ့လာဆန်းစစ်သူ Tim othy Arcuri ၏ပြောကြားချက်ကို AppleInsider မှဖော်ပြချက်အရ သိရသည်။

ထို့အပြင် iPhone 6 တွင်အလွန်လျင်မြန်သည့် 802.11ac Wi-Fi ဆက်သွယ်မှုစနစ် ပါဝင်လာမည်ဟုဆိုသည်။

အသစ်ဖြန့်ချိမည့် iOS plat form ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး iBeacon, Touch ID နှင့် Passbook တို့ကိုပြောင်းလဲထားကာ

http://www.myanmarcnn.com/2014/01/iphone-6-display.html

iPhone တွင် ၄.၈ လက်မအရွယ် display ပါဝင်လာမည်ဖြစ်ကြောင်း၊ အဆိုပါ display အရွယ်ကို အတည်ပြု သတ်မှတ်ထားပြီ ဖြစ်ကြောင်း Cowen and Com pany မှလေ့လာဆန်းစစ်သူ Tim othy Arcuri ၏ပြောကြားချက်ကို AppleInsider မှဖော်ပြချက်အရ သိရသည်။

ထို့အပြင် iPhone 6 တွင်အလွန်လျင်မြန်သည့် 802.11ac Wi-Fi ဆက်သွယ်မှုစနစ် ပါဝင်လာမည်ဟုဆိုသည်။

အသစ်ဖြန့်ချိမည့် iOS plat form ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး iBeacon, Touch ID နှင့် Passbook တို့ကိုပြောင်းလဲထားကာ

မိုဘိုင်းငွေပေးချေမှုစနစ်ကို အာရုံစိုက်ထားကြောင်း Arcuri ကပြောကြားခဲ့သည်။

ထို့အပြင် iPhone 6 ကိုဇွန်လတွင် ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားခဲ့သူ တရုတ်အခြေစိုက် လေ့လာဆန်းစစ်သူ တစ်ဦးကလည်း ၄.၇ လက်မ display သည် iPhone 6 အတွက်ဖြစ်နိုင်သည့် display အရွယ်အစားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ သို့သော် resolution ကိုမူပြောကြားခဲ့ခြင်း မရှိပေ။

Apple သည် iPhone 6 ကို ထုတ်လုပ်ရာတွင် ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိပြီး ပထမဦးဆုံးအနေဖြင့် ၄.၈ လက်မအမျိုးအစားကို ထုတ်လုပ်မည်ဖြစ်ကာ နောက်ပိုင်းတွင် ၅.၅ လက်မ အမျိုးအစားကို ထုတ်လုပ်ဖွယ်ရှိကြောင်း အဆိုပါတရုတ် လေ့လာဆန်းစစ်သူက ဆိုခဲ့သည်။

-နောင်နောင်၊
Ref: BBC
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis