menu

Thursday 30 January 2014

အငြိမ်းစားရဲဝန်ထမ်းအိမ်အချို့ တရားရုံးအမိန့်ဖြင့် ဖယ်ရှား

Photo
ဦးမင်း
မင်းဘူး၊ ဇန်န၀ါရီ ၂၉ ရက်
မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက် ပင်စင်စားရပ်ဟုခေါ်တွင်သော မယ်ဘဲ့ကုန်းဘုရားဝန်းအနီးရှိ ယခင်ရဲဝန်ထမ်း(အငြိမ်းစား)များနေထိုင်သည့်နေအိမ် ၅အိမ်ကို ယနေ့ (ဇန်န၀ါရီ ၂၉ရက်)နံနက်ကတိုင်းတရားရုံး ဘီလစ်စာရေးကြီးဦးမြင့်သိန်းဦးဆောင်မှုဖြင့်လက်သမားများငှါးရမ်း၍ချက်ခြင်းဖယ်ရှားခြင်းများပြုလုပ်ခဲ့သည်ဟုသိရသည်။

ထိုသို့ပြုလုပ်ရခြင်းမှာတာဝန်အရ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဘိလစ်စာ ရေး မှပေါ်ပြူလာနယူး သို့ပြောသည်။

“တိုင်းတရားရုံးကပါ၊တရားမကျင့်ထုံး အမိန့်(၂၁)၊ နည်း(၃၅)နဲ့အညီဆောင်ရွက်နေတာပါ” ဟု၎င်းကပြောကြားသော်လည်း အခြားအကြောင်းအရာများကိုဖြေကြားခြင်းလုံးဝမရှိခဲ့ပေ။

ထိုအိမ်တန်းများမှာ ရဲစခန်းမှူး(အငြိမ်းစား)၀န်ထမ်းမိသားစုများ နေထိုင်လာသည်မှာ နှစ်ပေါင်း (၅၀)ကျော်ရှိခဲ့ပြီဟု နေထိုင်သူများကဆိုသည်။ အိမ်ခြေပေါင်း(၇၀)မျှရှိသော်လည်း အိမ်ဝိုင်းဂရံမြေ ပေါက် မရှိဟုသိရသည်။ထိုအထဲတွင်မှ ကိုညီညီဟန်၊ဒေါ်လှမြင့်၊ဒေါ်မကြီး၊ဦးတင်အောင်ထွန်း၊ဦးအောင်စိုးရင် တို၏မိ သား စု(၅)အိမ်သာဖယ်ရှားပေးရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ပိုင်မြေနေရာဂရံပေါက်ခြင်းနှင့်ပတ်သက်၍ ဒေါ်လှမြင့်က “သူတို့ကဂရံကို ၂၀၁၂ ခု ၁၁လပိုင်းတုံးကလုပ်တာ။ကျမတို့ကဂရံမလုပ်ဖြစ်ဖူးပေါ့၊ အဲဒီ မှာသူတို့ကဂရံကိုင်ပြီးတော့ပြောတာ။တရားရုံးမှာကျမကပြောတယ်။ဂရံထုတ်တာ ငါတို့ကို နို့တစ်လည်း မပေး ပါဘူးကောလို့ ပြောသေးတယ်။အကြောင်းလဲမကြားဖူး”ဟုပြောသည်။
ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ရဲမှူးဝင်းဦးအားမေးမြန်းခဲ့ရာ၎င်းမှာအခြားနေရာတွင် ဆောက် လုပ်နေသော အ ဆောက် အဦများလာရောက်ကြည့်ရှုခြင်းသာဖြစ်ပြီးတရားရေးဝန်ထမ်းကိုသာ မေး မြန်း ရန်ပြောကြားခဲ့သည်။

အိမ်ရှင်များထံပေးအပ်ထားသောဝရမ်းစာအရ ရဲမှူးဝင်းဦးမှာ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ ကိုယ် စားတရားလိုပြု၍ ယခုအိမ်ရှင်များကိုတရားစွဲဆိုအနိုင်ရခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
 
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis