menu

Thursday 30 January 2014

ဝလွန်းလို့မွေးသူ မရှိဖြစ်နေတဲ့ အင်္ဂလန်က ကြောင်မလေး

အင်္ဂလန်နိုင်ငံ၊ Cheshire ပြည်နယ်၊ Warrington မြို့ က ကြောင်မလေး တစ်ကောင် ဖြစ်ပါတယ်။ သာမန် ကြောင်တွေမှာ ရှိတဲ့ ဝိတ်အလေးချိန်ထက် ၅၀ ရာခိုင်နှုန်းတောင် ပိုနေပြီး ပထမဆုံး အပြင်မှာ မြင်တွေ့သူတိုင်း အံ့သြ သွားစေပါတယ်။ 

သူ့ကိုမွေးထားတဲ့ သခင်များက Cheese, နို့၊မလိုင်၊ ချောကလက်နဲ့ အာဟာရအင်မတန်ကြွယ်တဲ့ အစားအစာများကို ပိုပိုလျှံလျှံကျွေးလေ့ရှိ တာကြောင့် နှစ်အနည်းအတွင်း သိသိသာသာ ဝလာခြင်း ဖြစ်ပါတယ်။ ယခုတော့ သူ့ကိုမွေးထားတဲ့ သခင်တွေအားလုံး ကွယ်လွန်ကုန်ပါပြီ။ ဒါကြောင့်မို့ သခင်မဲ့နေတဲ့ ယင်းကြောင်မ လေးကို ဘေးအိမ်များကလည်း မမွေးတာကြောင့် Warrington က အိမ်မွေးတိရစ္ဆာန် ပြုစုစောင့်ရှောက်ရေး ဌာနမှာ ထားရှိထားရ ပါတယ်။ သူမရဲ့ စားသောက်မှုကလည်း အင်မတန် များပြားပြီး အခြားကြောင်လေးတွေလို မပြေးလွားနိုင်ပါဘူး။ ချစ်ဖို့ကောင်းတဲ့ အသွင်သဏ္ဍာန်ရှိကြောင့် စောင့်ရှောက်ရေး ဝန်ထမ်းများက ဆိုပါတယ်။ သူမဟာ အင်မတန်လေးလှတဲ့ ဝိတ်ကြောင့် အခြားကြောင်တွေလို ခပ်မြန်မြန် မပြေးလွှားနိုင်ပဲ အချိန်အတော်များများမှ လှဲလျောင်းလို့သာ နေရ ပါတယ်။

ဒါကြောင့်မို့ သူမရဲ့ အစားအသောက်အားလုံးကို ကယ်လိုရီလျော့ချပြီး ဝိတ်ကျ၊အဆီကျအောင် သေချာ ဖန်တီးပေးရ ပါတယ်။ ဒီတော့ လပိုင်းအတွင်း ဝိတ်ကျလာနိုင်ချေရှိတဲ့ ကြောင်မလေး ကို မွေးမယ့် သူ စောင့်မျှော် နေကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး ) 

http://www.yoyarlay.com/international-news/europe/39858-big-cat-in-england

YoYarLay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis