menu

Thursday 30 January 2014

အငန်စားခြင်းက နှစ်စဉ် လူဦးရေ ၂.၃သန်းကို သေဆုံးမှုကို ဖြစ်စေ

Photo: အငန်စားခြင်းက နှစ်စဉ် လူဦးရေ ၂.၃သန်းကို သေဆုံးမှုကို ဖြစ်စေ

အငန်စားသုံးမှု များခြင်းသည် ကမ္ဘာ့လူဦးရေ ၂.၃သန်းကို နှလုံး တိုက်ခိုက်မှုကြောင့် သေဆုံးမှု ဖြစ်စေကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြထားသည်။

သေဆုံး သူများသည် နှလုံး တိုက်ခိုက်မှု၊ လေဖြတ်ခြင်းနှင့် ဦးနှောက် သွေးကြောပိတ်ခြင်း များဖြင့် သေဆုံးမှုများ ဖြစ်နေကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ ရောဂါများကြောင့် သေဆုံးရမှုများ အနက်၁၅%သည် အငန်စားသုံးမှု များခြင်း၏ နောက်ဆက်တွဲ ဖြစ်ကြောင်း သိရှိရသည်။

တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁၀၀၀ မီလီဂရမ်ထက် နည်းသော ပမာဏကိုသာ စားသုံးသင့်ပြီး ယင်းပမာဏသည် အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ် စားသုံးသင့်သော ပမာဏဖြစ် ကြောင်း၊ နှလုံးသွေးကြော ဆိုင်ရာ ရောဂါ များကြောင့် သေဆုံးရမှု အနက် ဆိုဒီယမ် ပမာဏများသော အငန်ကဲသည့် အစားအစာများ ကိုစားသုံးခြင်းက တရားခံ ဖြစ်နေကြောင်း သုတေသနကို ဦးဆောင်သူ ဟားဗတ် ဆေးတက္ကသိုလ်မှ ပြည်သူ့ရေးရာ ဆေးပညာ ပါမောက္ခ Dr. Dariush Mozaffarian က ပြောကြားခဲ့သည်။

သန့်စင်

Health Updates Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis