၁၉၀၅ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဟစ်တလာမှာ
ဂျာမနီမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂျူးလူမျိုး အမျိုးသမီး
ငယ်ေးလကိုချစ်ကျွမ်းဝင်ပါတယ်။
သူ ဘယ်လောက်ချစ်ကြောင်း ကြိုက်ကြောင်း မှတ်စုစာအုပ်ထဲ ရေးမှတ် တယ်။ စာတွေလည်း ရေးပြီး မိန်းကလေးကို သူပေးမှန်း မသိအောင် အမျိုးမျိုး ကြိုးစားပြီးတော့ ပေးတယ်။ ထိပ်တိုက် ရင်ဆိုင်ပြီး ချစ်ခွင့်ပန်ဖို့ ကျတော့ ဟစ်တလာ ကိုယ်တိုင်လည်း သတ္တိ မရှိခဲ့ ပါဘူး။ မိန်းကလေး ငယ်ကိုပဲ အဝေးကနေ အမြဲ စောင့်ကြည့် စိတ်ကူးယဉ် သတဲ့။ အမျိုးသမီး ငယ်လေးရဲ့  အမည်က Stefanie Isak ဖြစ်ပါတယ်။
Stefanie Isak ဟာ ဟစ်တလာအပေါ် စိတ်ဝင်စားတဲ့ အရိပ်အယောင် တစ်စက်မှ မပြပါဘူး။ နောက်တော့လဲ သြစတေးလျ လူမျိုး တစ်ဦးနဲ့ လက်ထက် ထိန်းမြားသွားပါတယ်။ Stefanie Isak ကို လက်ထက်ပြီး တစ် သက်လုံး ကျောင်းစရာ ဘဝနဲ့ ဖြတ်သန်းမယ့် ဟစ်တလာရဲ့  စိတ်ကူးယဉ် အိပ်မက် ကမ္ဘာတွေ ပျောက်ဆုံးကုန်ပါတယ်။
အသက်ငယ်စဉ်ကတည်းက ချစ်ဖို့အခွင့်ကြုံတဲ့ မိန်းကလေးပေါင်း မြောက် များစွာ ရှိပေမယ့် ဂျူးမလေး တစ်ယောက်ကြောင့် ဟစ်တလာဟာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ ပါတယ်။ ဂျူးလူမျိုးတွေကို နဂိုကတည်း စိတ်နာနေတဲ့ ဟစ်တလာအတွက် အားဖြစ်ခဲ့ပြီး ကမ္ဘာမှာ မထင်မှတ် တာတွေ တကယ် ဖြစ်ခဲ့ ပါတယ်။
ဂျူးမလေးတစ်ယောက်ကို ဟစ်တလာ ချစ်ကြိုက်မှုအား သူ့ရဲ့  မှတ်တမ်း အချို့  ကနေ လေ့လာသူတို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dailymail
အောင်ခမ်း ( ရိုးရာလေး )
YoYarLay

No comments:
Post a Comment