menu

Tuesday 21 January 2014

မြန်မာတွေသွားမယ့်ဟောင်ကောင်မှာ အင်ဒိုအိမ်ဖော် နှိပ်စက်ခံရမှု

မြန်မာတွေသွားမယ့်ဟောင်ကောင်မှာ အင်ဒိုအိမ်ဖော် နှိပ်စက်ခံရမှု

အင်ဒိုနီရှားအိမ်ဖော်အမျိုးသမီးငယ်တယောက် ဆိုးဆိုးရွားရွား နှိပ်စက်ခံရခြင်းအတွက် ဥပဒေအရ အရေးယူပေးဖို့အတွက် တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

 - ငါတို့ဟာ အလုပ်သမားတွေဖြစ်တယ်၊ ငါတို့ဟာ ကျေးကျွန်တွေ မဟုတ်ဘူး ဆိုပြီး ထောင်နဲ့ချီတဲ့ အိမ်ဖော်တွေက ဟောင်ကောင်အစိုးရဌာနချုပ်ကို ချီတက်ဆန္ဒပြရာလမ်းတလျှောက်
ကြွေးကြော်သွားကြပါတယ်။

တချို့ကလည်း အနီနဲ့အဖြူရောင်တွေပါတဲ့ အင်ဒိုအလံတွေ ဝှေ့ယမ်းကြ၊ တချို့ကလည်း အနှိပ်စက်ခံရတဲ့ အသက် 

http://www.myanmarcnn.com/2014/01/blog-post_5196.html

အင်ဒိုနီရှားအိမ်ဖော်အမျိုးသမီးငယ်တယောက် ဆိုးဆိုးရွားရွား နှိပ်စက်ခံရခြင်းအတွက် ဥပဒေအရ အရေးယူပေးဖို့အတွက် တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

 - ငါတို့ဟာ အလုပ်သမားတွေဖြစ်တယ်၊ ငါတို့ဟာ ကျေးကျွန်တွေ မဟုတ်ဘူး ဆိုပြီး ထောင်နဲ့ချီတဲ့ အိမ်ဖော်တွေက ဟောင်ကောင်အစိုးရဌာနချုပ်ကို ချီတက်ဆန္ဒပြရာလမ်းတလျှောက်
ကြွေးကြော်သွားကြပါတယ်။

တချို့ကလည်း အနီနဲ့အဖြူရောင်တွေပါတဲ့ အင်ဒိုအလံတွေ ဝှေ့ယမ်းကြ၊ တချို့ကလည်း အနှိပ်စက်ခံရတဲ့ အသက်  ၂၃ နှစ်အရွယ် အင်ဒိုအမျိုးသမီး Erwiana Sulistyaningsih ရဲ့ ပုံကို ဝှေ့ယမ်းကြပါတယ်။

သူ့ရဲ့အလုပ်ရှင် အနိုင်ကျင့်နှိပ်စက်တယ်ဆိုတဲ့ဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ် တဲ့။

၁၉၉၇ ကတည်းက ဗြိတိသျှလက်ကနေ တရုတ်လက်ထဲ ပြန်ရောက်သွားတဲ့ ဟောင်ကောင်ကျွန်းမှာ ပြည်ပက ၀င်ရောက်လာတဲ့ အိမ်ဖော် သုံးသိန်းဝန်းကျင် လုပ်ကိုင်နေကြတာပါ။

သူတို့ထဲကအများစုဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကဖြစ်ပါတယ်။


ဒီလို အနှိပ်စက်ခံရခြင်းတွေ တခါတရံ ဖြစ်တတ်တယ်၊ သို့သော်လည်း အလုပ်ပြုတ်မှာကြောက်ကြ၊ အလုပ်သစ်မရရင်လည်း နေရပ်ရင်းပြန်ပို့ခံရမှာ ကြောက်ကြတာကြောင့်  ရဲတိုင်ခြင်း မလုပ်ကြဘူးလို့ ဆိုတယ်။

အထက်ဖော်ပြပါ မိန်းကလေးမတိုင်ခင်က အိမ်ဖော်တယောက်ဟာလည်း အဲဒီအလုပ်ရှင် အနိုင်ကျင့်တာခံရတယ်လို့ ဆိုတယ်။
ရဲတိုင်ရင် သတ်ပစ်မယ်ဆိုပြီး အလုပ်ရှင်က ခြိမ်းခြောက်သေးတယ် တဲ့။

(အိမ်ဖော် ဆိုတဲ့ ဝေါဟာရကို တချို့က မသုံးစွဲစေလိုပါဘူး။ အိမ်အကူလုပ်သား စသဖြင့် သုံးစွဲဖို့ တိုက်တွန်းနေကြပါတယ်။ ဒီစာစုမှာတော့ အများသုံးစကားလုံး  အိမ်ဖော် ဆိုတာကိုပဲ သုံးထားပါတယ်။)

ဓာတ်ပုံထဲက မိန်းကလေးက ဆေးရုံမှာ အထက်ပါအတိုင်းတွေ့ရတယ်၊ ဒဏ်ရာတွေ သက်သာလာပြီလို့ ဆိုတယ်။
အခု ဟောင်ကောင်က ပြန်လာပြီး နေရပ်ရင်း အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက ဆေးရုံတခုမှာ ကုသမှု ခံယူနေပါပြီ။

ဒဏ်ရာ အကြီးအကျယ် ရခဲ့တယ်၊ အခုတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ဖြစ်လာကြောင်း ဆေးရုံက ပြောခွင့်ရ အရာရှိက ရှင်းပြပါတယ်။
ဒဏ်ရာအများစုက မျက်နှာ၊ ခြေထောက်၊ လက်မောင်းတွေမှာ။ အင်မတန်ပူတဲ့အရာတခုခုနဲ့ ထိုးခံထားရတာ။ ဒဏ်ရာက တော်တော်ဆိုးတယ်။ အားနည်းနေတယ်လို့ ရှင်းပြပါတယ်။

ဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ ဖြစ်ကြောင်းကုန်စင်ကို လူနာက သေသေချာချာ မပြောပြနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ် တဲ့။

ဒီသတင်းကို မြန်မာပြည်သူပြည်သားတွေလည်း စိတ်ဝင်စားကြပါလိမ့်မယ်။
မြန်မာပြည်က အိမ်ဖော်အလုပ်သမားတွေကို ဟောင်ကောင်ကအလုပ်သမားအေဂျင်စီတွေ   ခေါ်ယူခွင့် ရရှိ
ရေး  ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့လမှာပဲ သတင်းထွက်လာပါတယ်။  သွားလည်း သွားကြတော့မှာပါ။ ဒါကြောင့်
ဟောင်ကောင်မှာ ပြည်ပက၀င်ရောက်တဲ့အိမ်ဖော်အလုပ်သမားတွေကို အာဏာပိုင်တို့က မည်သို့မည်ပုံ အကာအကွယ်ပေးနိုင်မယ်ဆိုတာ လေ့လာရမယ့်အလုပ်က မြန်မာသတင်းမီဒီယာတွေနဲ့
မြန်မာအစိုးရတို့ရဲ့အလုပ် ဖြစ်နေပြီလို့ ဆိုချင်ပါတယ်

The Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis