menu

Tuesday 21 January 2014

ပြစ်ဒဏ်ကျခံခဲ့ရသော အငြိမ်းစား ဝန်ထမ်းဟောင်းများကို ပင်စင်လစာ ပြန်လျှောက်ခွင့်ပြုမည်

Photo: ပြစ်ဒဏ်ကျခံခဲ့ရသော အငြိမ်းစား ဝန်ထမ်းဟောင်းများကို ပင်စင်လစာ ပြန်လျှောက်ခွင့်ပြုမည် 

နေပြည်တော်၊ ဇန်နဝါရီ ၂၀

နိုင်ငံရေးနှင့် အခြားသော ပြစ်မှုဆိုင်ရာ တစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသော အငြိမ်းစား ဝန်ထမ်းများကို ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာပါက ပင်စင်လစာ ခံစားခွင့် ပြန်လည် လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်ပြီးပါက ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန သို့မဟုတ် မြန်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်ရာ မြို့နယ်ရှိ ပင်စင်ထုတ်ပေးနေသည့် လုပ်ငန်း အဖွဲ့အစည်းတွင် ရပ်ဆိုင်းထားသော ပင်စင်လစာကို ပြန်လည် လျှောက်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြစ်ဒဏ်ကျ ပင်စင်စား ဝန်ထမ်းများ ပင်စင်လစာ ခံစားခွင့် ရှိ မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းက ယင်းသို့  ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပင်စင်လစာ ထုတ်ယူရန် လျှောက်ထားပါက နောက်ဆုံး ထုတ်ယူခဲ့သော အထောက်အထားများကို ပူးတွဲ တင်ပြရမည်ဖြစ်ပြီး  ပင်စင်လစာ အပြီးအပိုင် ရုပ်သိမ်းထားကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြားထားပါက ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis