menu

Tuesday 21 January 2014

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ပိုင်ရှင်များအား အမည်မသိ ပြောက်ကျားဝတ် သုံးဦးမှ သေနတ်ဖြင့် ချိန်၍ ခေါ်ယူရန်ကြိုးပမ်းမှု ဖြစ်ပွား


တောင်ကြီး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက် နယ်မြေ(၁၂) ညောင်ပင်သာလမ်းရှိ ငြိမ်းချမ်းဟိုတယ်တွင် အမည်မသိ ပြောက် ကျား ဝတ်စုံ ဝတ်ထားသည့် လူသုံးဦးက ဟိုတယ်ပိုင်ရှင်အား သေနတ်ဖြင့် ချိန်၍ ခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက် နယ်မြေ(၁၂) ညောင်ပင်သာလမ်း အမှတ် (၁၄)နေ ဦးသောင်းထိုက်တင် (၄ဝ)နှစ် (ဘ)ဦးတင်မြိုင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူသည် ယမန်နေ့ ညနေ ၆ နာရီက ၎င်းနေထိုင်သည့် ငြိမ်းချမ်းဟိုတယ်မှ အပြင်သို့ ထွက်စဉ် တစ်ရပ်ကွက် တည်းနေ ဦးစောပေါလူနှင့် ဦးခွန်ကျော်တို့ နှစ်ဦးသည် မတ်တူးအဖြူရောင် ယာဉ်နှင့် ရောက်ရှိလာပြီး ငွေကြေးကိစ္စ ပြောရန် ရှိကြောင်းပြော၍ ဟိုတယ် အနောက်ဘက်ရှိ မီးဖိုချောင် ထမင်းစားခန်း၌ လက်ခံ တွေ့ဆုံခဲ့သည်။ ဦးစောပေါလူက ၁၉၉၅ ခုနှစ်က ငြိမ်းချမ်းဟိုတယ် ဆောက်လုပ်ရန် အတွက် ဦးစောပေါလူထံမှ ဦးသောင်းထိုက်တင်၏ အစ်ကို ဦးကျော်ကျော်ဝေနှင့် ဦးဇော်ဇော်ဝေတို့ ချေးယူထားသည့် ငွေများကို တောင်းခံခဲ့ရာ

လတ်တလော အဆင်မပြေ၍ မပေးနိုင်သေးကြောင်း ပြောစဉ် ဦးခွန်ကျော်သည် အပြင်ထွက်၍ု ဖုန်းဆက်ပြီး ၅ မိနစ်ခန့် အကြာ ပြောက်ကျား ဝတ်စုံဝတ် အမည်မသိ လူသုံးဦး ဝင်ရောက်လာပြီး ငွေကြေးကိစ္စ တောင်းခံရာ ဦးစောပေါလူနှင့် လုပ်ထားသည့် ကိစ္စဖြစ်၍ ဦးစောပေါလူနှင့် ရှင်းရန် ပြောဆိုစဉ် အမည်မသိ လူတစ်ဦးက လားရှိုးမြို့သို့ လိုက်ပြီး ၎င်းတို့လူကြီးနှင့် ရှင်းရန် ခေါ်ဆောင်ခဲ့သည်။ ယင်းနောက် ဦးသောင်းထိုက်တင်က မလိုက်နိုင်ကြောင်း ပြောခဲ့ ရာ ပြောက်ကျားဝတ် နှစ်ဦးက အင်္ကျီအိတ်ကပ်ထဲမှ ငွေမင်ရောင် သေနတ်အတို နှစ်လက်ဖြင့် ထုတ်ချိန်ပြီး ဦးသောင်းထိုက်တင်၏ ယာဘက်လက်ကို လက်ထိပ်တစ်ခုဖြင့် ခတ်၍ ဝဲလက်ကို ခတ်ရန်ပြုစဉ် ဦသောင်းထိုက်တင်က အော်ဟစ် အကူအညီ တောင်းရာ အစ်ကိုဖြစ်သူ ဦးကျော်ကျော်ဝေနှင့် မိသားစု ပြေးလာကြ စဉ် ပြောက်ကျားဝတ် သုံးဦးသည် ဦးကျော်ကျော်ဝေနှင့် မိသားစုအား သေနတ်ဖြင့် ထုရိုက် တွန်းထိုးပြီး ထွက်ပြေး သွားခဲ့ကြောင်း၊ ဦးစောပေါလူနှင့် ဦးခွန်ကျော်တို့လည်း ကား ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးသောင်းထိုက်တင်အား သေနတ်ဖြင့်ချိန်၊ လက်ထိပ်ခတ် ဖမ်းဆီးသူနှင့် တကွ ငွေကြေး တောင်းယူသူ ဦးစောပေါလူ၊ ဦးခွန်ကျော်တို့အား တောင်ကြီး နယ်မြေ ရဲစခန်းမှ (ပ) ၁၇/၂ဝ၁၄၊ ပြစ်မှု ၃၄၂/၃၈၇/ ၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis