menu

Tuesday 21 January 2014

" ဖလင်ရှားပါးမှုကြောင့် အကယ်ဒမီဇာတ်ကား ဥ နှင့် မော်ကင်းဥဒါန်း ဇာတ်ကားနှစ်ကားကိုသာ မော်ကွန်းရုပ်ရှင်၌ မှတ်တမ်းအဖြစ်ထားရှိနိုင် "

မြန်မာ့ရုပ်ရှင်လုပ်ငန်း မော်ကွန်းရုပ်ရှင်ရုံးခွဲရှိ ဖလင်ထိန်းသိမ်းသိုလှောင်သည့် ” ဖလင်ပိဋကတ်တိုက်” တွင် မှတ်တမ်းအနေဖြင့် ထိန်းသိမ်းထားရှိရန် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီနောက်ဆုံးအဆင့် ဆန်ခါတင် စာရင်းဝင်ဇာတ်ကားခုနစ်ကားအနက် “ဥ” နှင့် “မော်ကင်းဥဒါန်း” ရုပ်ရှင်ဇာတ်ကားနှစ်ကားသာ မှတ်တမ်းအဖြစ်ထိန်း သိမ်း ထား နိုင်ခဲ့ကြောင်း သိရသည်။

” ဒီနှစ်မှာ နောက်ဆုံးအဆင့် ဆန်ခါတင်တာက ခုနစ်ကား။ ဒါပေမဲ့ ခုနစ်ကားစလုံး ကို မထိန်းသိမ်းနိုင်လိုက်ဘူး။ ဖလင်ရှားပါးနေတဲ့အပြင် လက်ကျန်ဖလင်ကလည်း နည်းနေ တော့ကူးလို့မရဘူး။ နောက် ပြီးတော့ ဒစ်ဂျစ်တယ်အဆင့်မြင့်ကင်မရာတွေနဲ့ ရိုက်ထားတဲ့ ကားတွေပါတယ်။ အဲဒါတွေကို ဒီမှာကဖလင်ပြန် ကူးလို့မရ တာ တွေကြောင့် ခုနစ်ကားလုံးကို မထိန်းသိမ်းလိုက်နိုင်တာပါ” ဟု မော်ကွန်းရုပ်ရှင်မှ ဦးဘုန်းမြင့် ဝင်းကရှင်းပြသည်။ 

 ” အကယ်ဒမီပေးတဲ့ ဆန်ခါတင်ကျန် တဲ့ဇာတ် ကားတွေကိုတော့ မှတ်တမ်းအနေ နဲ့ ထိန်းသိမ်းထားတာပေါ့။ ဇာတ်ကားတိုင်းကိုတော့ မဆိုလိုပါဘူး။ ဆန်ခါတင်စာရင်းဝင် ဇာတ်ကားတိုင်းထိန်းထားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ကူးလို့ရတဲ့အပေါ်မှာ မူတည်ပြီးတော့ “ဖလင်ပိဋ ကတ်တိုက်” မှာ ထိန်းသိမ်းထားပါတယ်” ဟု မော်ကွန်းရုပ်ရှင်မှ ဒုကြီးကြပ်ရေးမှူး (ပြင်/ထိန်း) ဦးလှကြိုင်က ထပ်လောင်း ပြော ပြသည်။ ဖလင်ရုပ်ရှင်ဇာတ်ကားများကို ဖလင်အနေဖြင့် ပြန်ကူးယူ၍ ထိန်းသိမ်းနေရသည့်အခါ ၌ယခင်ကဲ့သို့ဇာတ်ကားအများကြီး မကူးယူနိုင်ေ တာ့ကြောင်း သိရသည်။ ” ဒစ်ဂျစ်တယ်စနစ် တွေနဲ့ထုတ်လာတော့မယ်ဆိုရင် အဲဒီအတွက်ကိုလည်း စနစ်တစ်ခုနဲ့ ပြန်စုဆောင်းနိုင်ဖို့ လူကြီးတွေက လုပ်ဆောင်နေပါတယ်”  ဟု ဦးဘုန်းမြင့်ဝင်းက ထပ်မံပြောပြခဲ့သည်။

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis