menu

Friday 6 April 2012

ပျဉ်းမနားပြည်သူတစ်ဦး၏ ကြေကွဲနှလုံးသား နှင့် မွေးဖွားခြင်း၏ နောက်ကွယ်မှရလာဒ်များ(မြင့်အောင်(နေပြည်တော်))


မတ်လ (၈)ရက်နေ့က အဖြစ် အပျက်ကလေးများနိုင်ငံတော်သမ္မတကြီး နှင့် နိုင်ငံခေါင်းဆောင်အကြီးအကဲများ သိသွားခဲ့ပါသော် ရင်နင့်အောင်ခံစားပြီး ရရှိလာတဲ့ဘ၀အတွက် ကြွေကျခဲ့ရတဲ့ ပြည်သူ့မျက်ရည်ဟာ တန်ဘိုးအနဂ္ဂ ထိုက်တန်ပေစွလို့
 ယခုခေါင်းစည်းဖြင့်ပင် သတင်း ဆောင်းပါးရှည်ကြီးတစ်ပုဒ်ရေးနိုင်ရန် ကျွန်တော်ကြိုးစားပါဦးမည်။ ဒီအတွက် လည်း နောက်ဆက်တွဲတွေ လေ့လာစုံ စမ်းမေးမြန်းရဦးမည်။ ပြီးလျှင် မရှိနွမ်းပါး ဆင်းရဲသားပြည်သူများရဲ့ (အမှန်တရား တွေ၊ နစ်နာမှုတွေနဲ့ တွေ့ကြုံခံစားနေရ တဲ့ လက်တွေ့ဖြစ်ရပ်အခြေအနေများကို စတုတ္ထမဏ္ဍိုင်ပါပဲလို့ နိုင်ငံတော် သမ္မတ ကြီးက နှုတ်မြွက်ခဲ့ဖူးသည်။ ယခု ဂျာနယ် မှာ ဖော်ပြတဲ့ပုံတွေကတော့ မီးဖွားချိန်နီး ပြီ၊ ဝေဒနာမခံစားနိုင်လို့ (သို့) ဗိုက်နာလို့ ဆေးရုံမှာမီးဖွားရန် (ဆေးရုံတက်ရန်ပေါ့ ဗျာ) သွားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို သူသွားတတ်တဲ့ ဆေးရုံက တခြားဆေးရုံကိုလွှဲလိုက်လို့ လမ်းမှာ, ဆိုက္ကားပေါ်မှာ (ကန်တော့ဗျာ) ရေမွှာ ပေါက်ပြီး ၀မ်းထဲရှိတဲ့ကလေး ခေါင်းတစ် ပိုင်းထွက်နေပုံပါ လမ်းပေါ်မှာ (ဆိုက္ကား ပေါ်မှာ) မွေးနေတဲ့ ပုံပဲပေါ့ဗျာ။ ရှေ့ တည့်တည့်မသင့်လျောလို့ နောက်ကနေ ပဲ နှစ်ပုံတိတိ ကင်မရာနဲ့ ရိုက်ယူခဲ့ပါ တယ်။ တွေ့မြင်ကြတဲ့အနီးအနားနဲ့ လမ်း သွားလမ်းလာတွေက အကြင်နာတရား တွေနဲ့ပေါ့။ မြန်မာဗုဒ္ဓဘာသာတွေပဲလေ သနားကြင်နာတတ်ကြတယ်ပေါ့။ စေတနာ, မေတ္တာတရားပိုင်ရှင်တွေဖြစ် လေတော့ အနီးအနားမှာ နားလည်တတ် ကျွမ်းသော မီးဖွားပေးနိုင်မည့်သူ (လက် သည်)ပေါ့ဗျာ ရှာကြ မေးကြ မြန်းကြ ပေါ့။
တချို့က ပလက်ဖောင်းပေါ်မှာ အခင်းရှာ ခင်းပေးသူက ခင်းပေါ့။ အမျိုး သမီးဆိုတော့ ၀ိုင်းပြီး အကာအကွယ် လုပ်ပေးသူတွေကလည်း ပြင်ကြဆင်ကြ ပေါ့။ စိတ်မကောင်းစရာမြင်ကွင်းတစ်ခု လို့ ကျွန်တော် အောက်မေ့မိတယ်။ သနားဂရုဏာနဲ့ စုတ်သတ်သူက သတ် ပေါ့။ ခံပြင်းစိတ်ဖြစ်တဲ့သူတွေက မကျေ နပ်တဲ့ (ဒေါမနဿ)ဆိုသော အသေးစား ဒေါသစိတ်နဲ့ တောက်ခေါတ်သူတွေလည်း ရှိတယ်ဗျ။ မတ်လ(၈)ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၃၀)ခန့်ပေါ့ဗျာ။ ရုံးပိတ်ရက်ဆို တော့ ဥတ္တရသီရိမြို့နယ်ကို သတင်းယူ စရာလေးရှိတာနဲ့ ကြေးမုံသတင်းစာမီဒီ ယာတစ်ဦးနှင့် လမ်းပေါ်ထွက်လာတဲ့ ကျွန်တော် အထက်ပါဖြစ်စဉ်တွေ ၀ိုင်းအုံ ကြည့်ရှုနေတာမြင်လို့ ယခု ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ။ ကျွန်တော်က ဟော့စ်နယူး သတင်းဂျာနယ် နေပြည်တော်တာဝန်ခံ ပါ။ အဲ့ဒီအထဲမှာ ကာယကံရှင် ဆွေမျိုး အသိုင်းအ၀န်းကပဲထင်လို့ သတင်းသမား ပီပီ မေးမြန်း (စပ်စု)မိတယ်ပေါ့ဗျာ။ ““သမီး တော်ပါတယ်။ ပျဉ်းမနားခြေလျှင်စုမှာ နေတယ်။ မီးဖွားသူအမျိုးသမီးအမည် မချောစု၊ အသက်(၃၅)နှစ်၊ (ဘ)ဦးကြည် မြင့် မီးဖွားဖို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ (ပျဉ်းမနား)ကိုရောက်တော့နေပြည်တော်  ကုတင် (၀၀၀)ဆေးရုံကို လွှတ်ပါတယ်။ အခုလမ်းမှာ မီးဖွားကြောင်းသိရသည်။ ““အဲဒီ့ဆေးရုံက ရောက်လာတဲ့ မွေးလုမွေး ခင် ဒီလူမမာကို ဘာဖြစ်လို့ (၆)မိုင်နီးပါး ဝေးတဲ့ ကုတင် (၀၀၀)ကို လွှတ်တာလဲ”” မေးတော့ ဒီမှာ လူကြီးတွေ ပါရဂူအထူး ကုတွေ ဆရာဝန်ကြီးတွေလာမှာမို့ မွေး လူနာလက်မခံတာပါဟု ပြောကြောင်း ““ဒီမှာ ဗိုက်အရမ်းနာလို့ လာတာပါ, ပြောပြတော့လည်း စမ်းသပ်စစ်ဆေး ကြည့်ရှုမှုမရှိဘဲ (၆)မိုင်ခန့်ဝေးတဲ့ နေပြည်တော် ကုတင် (၀၀၀)ကိုသာ သွားရန် ပြောနေသည့်အတွက် အနားမှာ ရှိနေတဲ့လူတစ်ယောက်က မွန်မြတ်တဲ့ စေတနာနဲ့ငွေ (၅၀၀၀)ပေးပြီး, ကယ်ရီ ငှားသွားရန် ကူညီပေးကြောင်း မချောစု ၏ ခင်ပွန်း ဦးနိုင်ဝင်းမှ ရှင်းပြသည်။
ထိုအချိန် ““အားတင်းထား- အား တင်းထား ဘာမှ အားငယ်စရာမလိုဘူး ကြောက်စရာလည်းမလိုဘူး”” ဆိုသော အသံတွေ ဆေးရုံပြန်လှည့်ရမှာပေါ့ ကလေးကော, လူကြီးကော ဒုက္ခဖြစ်နိုင် တယ်။ ဆေးရုံပြန်လှည့်ကြ။ သုံးဘီးဆိုင် ကယ်တစ်စီးလောက် ငှားမှထင်တယ်။ ဆေးရုံကိုပြေးပြီး ဆရာမတစ်ယောက် လောက် သွားခေါ်ပါလား။ စသည့် စသည့်အသံဘလံတွေ စုံအောင် ကြား နေရတယ်။ ဆိုင်ကယ်နှင့်လူရွယ်တစ် ယောက်က ဆေးရုံကို မောင်းထွက်သွား တယ်။ နောက်ဆိုင်ကယ်တစ်စီးနှင့် တစ် ယောက်က နောက်မှထိုင်လျက်ပါလာတဲ့ ကလေးမလေးကို ခဏဆင်းခိုင်းပြီး သုံးဘီးဆိုင်ကယ်ငှား ထွက်သွားသည်။ ဆင်းကျန်နေခဲ့တဲ့သူဟာ ပုံထဲက ဆိုက္ကား ရှေ့ဝဲဘက် ဆန်တို အင်္ကျီပြာမိန်းကလေး ပါ။ ဆေးရုံသွားတဲ့ဆိုင်ကယ်သမား ပြန် ရောက်တယ်။ ဆရာမတွေက ဆေးရုံ ပြန်ခေါ်လာပါလို့ ပြောသံကြားရတယ်။ အဲ့ဒီအချိန်မှာ ယောက်ျားလေး- ယောက်ျားလေး ခြေထောက်ကျန်သေး တယ်။ အချင်းဖြတ်- အချင်းဖြတ် ဒီအ တိုင်းဖြတ်လို့မရဘူး။ ဆေးရုံခေါ်သွား ဆေးရုံကြမှ ဖြတ်ကျ စသည့်အသံတွေ လည်း ကြားရတယ်။ ကျွန်တော်ကလည်း သွားရမည့်ခရီးရှိသေးတယ်။ (၃)မိုင်ခန့် ဝေးတယ်။ ဒါ့ကြောင့် စိတ်မသက်မသာ နဲ့ ရပ်ထားခဲ့တဲ့ ဆိုင်ကယ်ရှိရာလာခဲ့ တယ်။ ဆိုင်ကယ်နားရောက်တော့ သုံးဘီးဆိုင်ကယ်ငှားတဲ့သူ ပြန်ရောက် လာပြီ။ မီးဖွားလူနာကို ဆိုက္ကားပေါ်မှ သုံး ဘီးဆိုင်ကယ်ပေါ် ပြောင်းရွှေ့ကြပြီး ဆေးရုံကုန်းဘက် မောင်းထွက်သွားကြ လေရဲ့။ အဲဒီ သုံးဘီးဆိုင်ကယ်ကို ကပျာ ကရာ ဓာတ်ပုံနှစ်ပုံ အမိရိုက်လိုက်နိုင် သေးတယ်။ တကယ်တော့ ဆေးရုံနဲ့ ယခု နေရာဟာ မဝေးလှပါ။ လမ်းလျှောက် မယ်ဆိုရင် (၅)မိနစ်ခန့်ပါ။ နည်းနည်း ပို ပြောရရင် ညအခါဆို လှမ်းအော်ရင် ကြားနိုင်တယ်။ ချက်ချင်းမွေးတော့မယ့် လူနာကို (၆)မိုင်ခန့်ဝေးတဲ့ အခြားဆေးရုံ သွားခိုင်းတာ စဉ်းစားမရဘူး။ လူမမာက ကိုယ်ပိုင်ကားနဲ့ လာတာမဟုတ်ဘူး။ ဆိုက္ကားငှားလာတာ။ ကားဂိတ်အရောက် ကားစောင့်စီး (၆)မိုင်ခရီး ဆေးရုံရောက် ဖို့ နာရီ စဉ်းစားပေးကြပါ။ ချက်ချင်း ရောက်နိုင်ပါ့မလားလို့၊ ဆိုင်ကယ်မောင်း ရင်း ခရီးနှင်နေတဲ့ ကျွန်တော် စဉ်းစားမိ တယ်။ ပြည်သူ့ဆေးရုံ ပြည်သူတွေရဲ့ ဆေးရုံပါ- ဟုတ်ပါတယ်နော်၊ ခင်ဗျားတို့ ဖြေကြည့်စမ်းပါ။ ပြည်သူ့ဆေးရုံပါ။ လူ ကြီးသူမ ဆိုပြောခဲ့ကြတာက ကိုယ်ဝန် ဆောင်မိခင်ဟာ သင်္ချိုင်းဘယ်နှစ်ကြိမ်ထိုး တယ်ဆိုတာပေါ့။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေတဲ့ အဲဒီအချိန်ဟာ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အချိန်တွေပေါ့။ အဲ့ဒီ မတ်လ (၈)ရက်နေ့ နံနက်ပိုင်းက တွေ့ကြုံရတဲ့အကြောင်းလေးကို သတင်း တစ်ပုဒ်အဖြစ် ဖန်းတီးထားလိုက်တယ်။ မနက်ဂျာနယ်တိုက်ပို့မယ်ပေါ့။ မတ်လ (၉)ရက်နေ့  နံနက်(၇)နာရီ ထိုးပြီး လောက်မှာ ပြန်/ဆက် ဦးမြင့်သန်းက ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ သတင်းယူ လိုက်ခဲ့ပါလားခေါ်တော့ မနေ့က အဖြစ် အပျက်လေး တွေးမိတယ်။ ဒီလိုနဲ့ရေး ထားတဲ့သတင်းကယခုသတင်းဆောင်းပါး လေးဖြစ်သွားပြီ။ မတ်လ (၉)ရက်နေ့ နံနက်ပိုင်းမှာ ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ သူများအား နိုင်ငံတော်သမ္မတကြီးနှင့် အတူ တာဝန်ရှိသူများမှ ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို လိုက်လံကြည့်ရှုရင်း အားပေးစကား ပြောကြားကာကျန်းမာရေးစောက်ရှောက် ထားမှုများနှင့် ကျန်းမာမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ မြင်တွေ့ကြားသိရ တော့ မတ်လ (၈)ရက်နေ့က အဖြစ် အပျက်ကလေးများနိုင်ငံတော်သမ္မတကြီး နှင့် နိုင်ငံခေါင်းဆောင်အကြီးအကဲများ သိသွားခဲ့ပါသော် ရင်နင့်အောင်ခံစားပြီး ရရှိလာတဲ့ဘ၀အတွက် ကြွေကျခဲ့ရတဲ့ ပြည်သူ့မျက်ရည်ဟာ တန်ဘိုးအနဂ္ဂ ထိုက်တန်ပေစွလို့ ရိုးသားစွာဖြင့် မျက်ရည်စို့လျက် ပြည်သူထဲက မီဒီယာ တစ်ဦးအနေဖြင့် ရေးသားဖော်ပြလိုက် ခြင်းပင် ဖြစ်ပါသည်။
(သဗ္ဗေသတ္တာသတ္တ၀ါကံသာမူလပိုင်ကြတယ်)

Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis