menu

Tuesday 21 January 2014

ဂျွန်လလောက်မှာ ထွက်ရှိလာမဲ့ မျက်နှာပြင်နှစ်ဆ နဲ့ i Phone 6

iphone-5-4s-side-by-side

၂၀၁၄ခုနှစ်၊ ၆လပိုင်းလောက်မှာ ယခင်ထက်နှစ်ဆခန့်ရှိတဲ့ မျက်နှာပြင်နဲ့ ထွက်ရှိလာမယ်လို့ တရုတ်ဝက်ဆိုဒ်တစ်ခု ဖြစ်တဲ့ QQ Tech အဆိုအရသိရပါတယ်။ ယခင် Apple ရဲ့ နောက်ဆုံးထွက် i Phone 5S တုန်းကတော့ မျက်နှာပြင်ကို ၄ လက်မနဲ့သာလာ ခဲ့တာဖြစ်သလို ယခု i Phone 6 မှာ လည်း ဘယ်လောက်လောက်ရှိတဲ့ မျက်နှာပြင်အကျယ်နဲ့ လာမယ်ဆိုတာကတော့ Apple ပရိသတ်တွေအတွက် ရင်ခုန်စရာပါပဲ။ အိုင်ဖုန်းဟာ အခြားဖုန်းတွေလို မျက်နှာပြင် မကျယ်ပဲ သေးငယ်ထားတာကိုး က Apple ကုမ္ပဏီရဲ့ စံတစ်ခု၊ စတိုင်တစ်ခု ဖြစ်ပါလိမ့်မယ်။
တကယ်လို့ သင့်ဟာ Apple ပရိသတ်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်ပုံစံမျိုးလောက် မျက်နှာပြင် ဘယ်လောက်လောက်ကို ဖြစ်စေချင်ပါသလဲ။ လူတွေ ဘယ်ပုံစံကို ဘယ်လောက်ပဲ ဖြစ်ချင်ချင် တကယ်တမ်းထုတ်လုပ်တာက Apple ကုမ္ပဏီကပါ။ ဒါဟာ ရိုးရှင်းပါတယ်။
အခြား သတင်းတွေက ၄.၇လက်မရှိမယ်။ ၅.၇ လက်မရှိမယ် စသည့်ဖြင့် ပြောနေကြချိန်မှာတော့ ကျတော့တို့ သူတို့အသံတွေကို သိပ်နားထောင်စရာ မလိုလောက်တော့ဘူးထင်ပါတယ်။ ကင်မရာ အပိုင်းအနေနဲ့ တိုးမြှင့်နိင်ပါတယ်။ အရင်က နောက်ဆုံးထွက် i phone 5S ရဲ့ 8MP ဘဲရှိတဲ့ ကင်မရာဟာ ဆမ်းဆောင်းကို မကျော်နိင်လောက်အောင်နည်းနေခဲ့ပါတယ်။ ဒီအတွက်ပါ။ အခြား သူရဲ့ စနစ်ပိုင်းတွေကို ယခုထက်ပိုမိုကာ တိုးမြှင့်သွားနိင်တယ် လို့ သုံးသပ်မိပါတယ်။
Aung Heine ( www.smart.com.mm )
Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis