menu

Tuesday 21 January 2014

သင့်အိပ်ချိန်များအားစောင့်ကြည့်ပေးနိုင်မည့် iPhone ၏ Aura စနစ်

Photo: သင့်အိပ်ချိန်များအားစောင့်ကြည့်ပေးနိုင်မည့် iPhone ၏ Aura စနစ်

သင့်၏အိပ်ပျော်ချိန်များအား အကောင်းမွန်ဆုံးဖြတ်သန်းချင်ပါသလား။ ထိုသို့ဆိုလျှင် သင့်အနေဖြင့် ယခုကျွန်ုပ်ပြောပြမည့် ပစ္စည်းကိရိယာတစ်ခုအား အိပ်ရာအောက်တွင် ထားရှိရုံဖြင့် သင်၏အိပ်ချိန်များအား အကောင်းမွန်ဆုံးဖြစ်စေနိုင်တော့မည် ဖြစ်ပါသည်။

အဆိုပါ ကျွန်ုပ်တို့အနေဖြင့် ပြောပြမည့် ကိရိယာအမည်မှာ Aura အာရုံခံစနစ်ပင် ဖြစ်ပါသည်။ ၄င်းကိရိယာသည် သေးငယ်ပြီး သင်၏ အိပ်နေစဉ်အတွင်း ကိုယ်ခနာလှုပ်ရှားမှုများ၊ အသက်ရှုနှုန်းများ၊ နှလုံးခုန်သံများကို တိုးတိတ်စွာဖြင့် မှတ်သားထားပေးမည် ဖြစ်ပါသည်။ အဆိုပါကိရိယာတွင် နောက်ထပ် စပီကာနှင့်တွဲဘက်ထားသော မီးအိမ်လည်း လိုအပ်မည်ဖြစ်ပြီး သင်၏ ဘေးနားတွင်ထားရှိနိုင်ကာ သင့်အိပ်ခန်း၏ အသံဆူညံမှုနှင့် အလင်းကျရောက်မှုတို့အား စောင့်ကြည့်ပေးမည် ဖြစ်ပါသည်။

Aura စနစ်အနေဖြင့် iPhone ဖြင့်ချိတ်ဆက်ထားရပြီး သင့်အနေဖြင့် အိပ်စက်သည့်အခါ ကောင်းမွန်စွာ အိပ်စက်နိုင်သလား ၊ မအိပ်စက်နိုင်ဘူးလားဆိုသည်အား သိရှိစေမည် ဖြစ်ပါသည်။ ထို့နောက်သင့်အား မနက်အချိန်အခါတွင် သင့်တော်မည့်အချိန်အား မီးအိမ်မှအလင်းနှင့် မီးအိမ်နှင့်တွဲဘက်ထားသော စပီကာတို့မှ သင့်အားနိုးထစေမည် ဖြစ်ပါသည်။ iPhone တွင် ပါဝင်သော App မှ သင်သည် အိပ်စက်သည့်အခါ မည်ကဲ့သို့ အိပ်စက်သနည်းဆိုသည်အား တစ်ညလုံးစောင့်ကြည့်ပေးကာ ဖော်ပြပေးမည်ဖြစ်သည်။ ဥပမာအနေဖြင့် သင်သည် နာရီအတော်ကြာအိပ်စက်ပြီးမှ နိုးတက်ပါသလား၊ အိပ်နေစဉ်လူးလိမ့်နေပါသလား၊သို့မဟုတ် သင်အိပ်ပျော်နေစဉ်အတွင်း သင်၏နှလုံးခုန်နှုန်းမြန်ဆန် နေပါသလား စသည်အချက်များအား စုစည်း ထားပေး မည်ဖြစ်သည်။

ယခုစနစ်သည် မည်သူမဆိုအသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။ အဆိုပါ App အား ၂၀၁၃ ခုနှစ်တွင် Apple ၏ iPhone App Downloads စာရင်းတွင် အဆင့် ၉ နေရာရောက်ရှိခဲ့ပါသည်။ ခေါင်းအုံးအောက်တွင် ထားရှိရုံဖြင့် ဖုန်းတွင်ပါဝင်သော အာရုံခံစနစ်အနေဖြင့် သင့်အိပ်နေစဉ် စောင့်ကြည့်နေပြီး မှန်ကန်သောအချိန်ရောက်မှ သင့်အားနိုးထစေမည်ဖြစ်ပါသည်။

Source:www.wired.co.uk/news/archive/2014-01/05/withings-aura
ပြန်ဆိုသူ-worldwide

Tech Space Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis