menu

Tuesday 21 January 2014

သေမင်းတမန်ချိုင့်ဝှမ်းက သူ့ အလိုလိုရွေ့ လျားနေတဲ့ ကျောက်တုံးများ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ ပိုင်း၊ မှာ တည်ရှိတဲ့ သေမင်းတမန်ချိုင့်ဝှမ်း ဟာ အလိုအလျောက်ရွေ့ လျားနေတဲ့ ကျောက်တုံးတွေကြောင့် နာမည်ကြီးပါတယ်။ ကမ္ဘာ့အပူချိန်အမြင့်ဆုံး နေရာတစ်ခုလည်းဖြစ်တဲ့ ဒီ သေမင်းတမန်ချိုင့်ဝှမ်း မှာရှိတဲ့ ကျောက်တုံးတွေဟာ လူ့ ပယောဂ မပါဘဲ သူ့  အလိုအလျောက်ရွေ့ လျားသွားလေ့ရှိပါတယ်။
သေမင်းတမန်တောင်ကြားချိုင့်ဝှမ်းက ခြောက်သွေ့ နေတဲ့မြစ်ဟောင်း တစ်စင်းမှာရှိတဲ့ ဒီကျောက်တုံးတွေ ကို“ရွက်လွှင့်နေသောကျောက်တုံးများ” လို့ နာမည်ပေးထားကြပါတယ်။ ရွေ့ လျားသွားတဲ့ အဖြစ်အပျက်ကို ဘယ်သူမှ မြင်တွေ့ ခဲ့ခြင်းမရှိပေမယ့် ကျောက်တုံးတွေရဲ့နောက်မှာ ရွေ့ လျားလာတဲ့ စွတ်ကြောင်းလမ်းကြီးက အထင်းသား ပေါ်နေတာပါ။ ဒီပြဿနာရဲ့ အဖြေကို ရှာဖွေစူးစမ်းတဲ့လူတွေဟာ ကျောက်တုံးတွေကို အမှတ်အသားပြုခဲ့တဲ့နေရာနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ တဲ့နေရာဟာ တော်တော်ကြီး အလှမ်းဝေး နေတာ ကို အံ့သြဖွယ်ရာတွေ့ ရှိခဲ့ရပါတယ်။ သေမင်းတမန်တောင်ကြားမှာ လူ၊တိရိစ္ဆာန်တွေ မရှိသလောက် နည်းပါးပြီး တစ်ချို့ ရွေ့ လျားသွားတဲ့ ကျောက်တုံးတွေဟာ ပေါင်ချိန်ရာနဲ့ ချီ လေးလံတာကြောင့် သက်ရှိတစ်ယောက်ယောက်က တွန်းရွှေ့ တာတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒီကျောက်တုံးတွေဟာ နှစ်နှစ်၊သုံးနှစ် တစ်ကြိမ် ပုံမှန်ရွေ့ လျားလေ့ရှိပြီး အရပ်မျက်နှာအစုံကို ရွေ့ လျားသွား လေ့ရှိပါတယ်။
တစ်ချို့ ကျောက်တုံးတွေဟာ ဖြောင့်ဖြောင့်တန်းတန်းသာ ရွေ့ လျားပေမယ့် တစ်ချို့ ကတော့ လမ်းကြောင်းအကောက်အကွေးတွေ အပြင် တစ်ခါတစ်လေ စက်ဝိုင်းပုံစံ ပတ်လည်ရွေ့ လျားမှု မျိုး တွေ တောင် ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အရွယ်အစားတူညီတဲ့ ကျောက်တုံးတွေဟာ ရွေ့  လျားမှုလမ်းကြောင်း တူညီလေ့ရှိပြီး ကျောက်တုံးတစ်တုံးတုံးက ဒီရွေ့ လျားမှုကို မရပ်တန့် သွားသရွေ့ မျဉ်းပြိုင် အတူတူ ရွေ့ လျားကြလေ့ရှိပါတယ်။  တစ်ခါတစ်လေမှာ ကျောက်တုံးတွေဟာ ရွေ့ လျားသွားရင်းနဲ့  အပေါ်အောက်၊ အစွန်းနှစ်ဖက်တွေ ပြောင်းလဲသွားလေ့ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ လုံးဝရွေ့ လျားမှု မရှိတဲ့ ကျောက်တုံးတွေလည်း ရှိပါတယ်။
ဒီလေ့လာမှုတွေကို ၁၉၀၀ ပြည့်နှစ်ကျော်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် အခုထိ တိကျတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ ဖြစ်နိုင်တဲ့ သီအိုရီတွေကတော့ ဒီအရပ်ဒေသရဲ့ အင်မတန်ပြင်းထန်လှတဲ့ လေတိုက်နှုန်းအားကြောင့်လို့  ယုံကြည်ကြပြီး တစ်ချို့ ကတော့ ရေခဲတွေအရည်ပျော်လာတဲ့ စီးဆင်းမှုကြောင့် ရွေ့ လျားသွားတယ် လို့  ယုံကြည်ကြပါတယ်။



Ref: wikipeida,omg-facts
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis