menu

Thursday 24 October 2013

ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများ

CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့
ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများဆီးရီးယား ပြည်တွင်းစစ်အတွင်း ပျင်းရိငြီးငွေ့နေသော Sniper လက်ဖြောင့် သေနတ်သမားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ပစ်မှတ်ထားကာ စိတ်အပန်းဖြေနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း မိခင်ဖြစ်သူ အသက်ရှင်ခဲ့သော်လည်း သန္ဓေသားမှာမူ ပျက်စီး သေဆုံးသွားခဲ့သည်။ ဗြိတိန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ပြီး ဆီးရီးယားရှိ ဆေးရုံ အချို့တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူထားသည့် ဒေါက် တာ ဒေးဗစ်နော့တ်က လက်ဖြောင့် သေနတ်သမားများသည် အပျင်းပြေ ပစ်ခတ်မှု ကစားပွဲတစ်ခုအဖြစ် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လက်တည့်စမ်းနေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် အလားတူ အခြေအနေ အချို့ကိုလည်း ယခင်ကတည်းက ဒေါက်တာနော့တ်က ကြုံခဲ့ပြီး ဖြစ်သည်။ "အဓိက ပစ်မှတ်ထားတာက မိခင်ကို မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်ထားတဲ့ ဗိုက်ကိုပဲ။ ပြီးတော့ သန္ဓေသားတွေကို ဖယ်ထုတ်လိုက်ရတိုင်း ကိုယ်ဝန်ဆောင် သက်တမ်း (၈)လ၊ (၉)လလောက် ရှိနေတဲ့ အခြေအနေတွေချည်းပဲ။ အဓိပ္ပါယ်ကတော့ ပစ်မှတ်ဟာ ကိုယ်ဝန်သည် တစ်ယောက်မှန်း လုံးဝ သိသာထင်ရှားနေတာမျိုးကို ရွေးချယ်တာလို့ ယူဆနိုင်ပါတယ်"ဟု ဒေါက်တာနော့တ်က ရှင်းပြခဲ့သည်။ ဆီးရီးယား စစ်ဘက် Sniperများသည် ငယ်ရွယ်သည့် ကလေးများကိုလည်း ပစ်မှတ်အဖြစ် ရွေးချယ်လေ့ရှိကြောင်း သိရသည်။


ဒေါက်တာနော့တ်က CNNသတင်းထောက်အား အသက်(၅)နှစ်ပင် မပြည့်သေးသည့် ဖြူဖျော့နေသော မိန်းကလေး တစ်ဦးကို ပြသခဲ့သည်။ သူမသည် ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ထားသည့် ဆိုးရွားသော ဒဏ်ရာကြီး ရရှိထားပြီး ဆေးရုံခုတင်ပေါ်တွင် လဲနေသည်။ "တစ်နေ့တစ်နေ့ ကျွန်တော် ခွဲစိတ်ကုသပေးရသမျှ ကိစ္စအားလုံးရဲ့ (၉၀)ရာခိုင်နှုန်းလောက်က Sniper ကျည်ဆန် မှန်ထားတာတွေချည်းပဲ"ဟုလည်း ပြောကြားခဲ့သည်။

၎င်းက "ဒဏ်ရာနဲ့ ရောက်လာတဲ့ ကလေး အများစုက တစ်နေရာတည်းကို အပစ်ခံရတာ များတယ်။ ဥပမာ တစ်နေ့တုန်းက ကလေး(၁၅)ယောက်၊ (၁၆)ယောက်လောက် ရောက်လာတယ်။ အဲဒီထဲက (၈)ယောက်၊ (၉)ယောက်လောက်က ဘယ်ဘက် ပေါင်ခြံကိုချည်း ချိန်ပစ်ခံထားရတာ"ဟုလည်း ဆိုသည်။ ၎င်းက "ဒီအနေအထားက Sniperတွေဟာ ကလေးတွေကို ပစ်မှတ်အနေနဲ့ သဘောထားပြီး လက်တည့်ပြိုင်တဲ့ ကစားပွဲတစ်ခု လုပ်နေတဲ့ သဘောပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။ သူပုန်တပ်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့တွင် လူအများသည် အလစ်ချောင်း ပစ်ခတ်မှုများကို ရင်တထိတ်ထိတ်ဖြင့် သွားလာ လှုပ်ရှားနေရသည်။ နော့တ်က ဆီးရီးယားတွင် စားနပ်ရိက္ခာနှင့် လူသားချင်း စာနာမှု အထောက်အပံ့များ လိုအပ်နေကြောင်းလည်း ဝန်ခံ မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis