menu

Thursday 24 October 2013

ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာတစ်စီး အုတ်တံတိုင်းကို ၀င်တိုက်မိ၍ လူလေးဦး ဒဏ်ရာရ

Photo: ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာတစ်စီး အုတ်တံတိုင်းကို ၀င်တိုက်မိ၍ လူလေးဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ ကမ်းနားလမ်းသစ်တွင် အောက်တိုဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကွန်တိန်နာ Fuso ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကိုင်းတန်းလမ်းထိပ် ယာဘက်ခြမ်းရှိ ဆိပ်ကမ်းတွင်းအား ကာရံထားသည့် အုတ်တံတိုင်းကို တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်သည် အုတ်တံတိုင်းကို တိုက်မိရာမှ နောက်ဘက်ရှိ သံချောင်းများ ထည့်ထားသော ကွန်တိန်နာ သေတ္တာအပြင် ယာဉ်ပါတိမ်းမှောက်ပြီး ယင်းအုတ်တံတိုင်း နောက်ဘက်ရှိ ထမင်းဆိုင် နှစ်ဆိုင်အတွင်းရှိ လူလေးဦးမှာ အုတ်ခဲကျိုးများ လွင့်စင်ပဲ့ကျမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"ဆိုင်ထဲမှာ ထိုင်နေတုန်း ၀ုန်းဆိုပြီး အုတ်ခဲတွေ လာမှန်တယ်။ ဆိုင်ပြိုပြီး အုတ်ခဲကျိုးက ခြေထောက်ကို လာထိတယ်။ ကျွန်တော့် ခြေထောက်ဒဏ်ရာက သွေးပူတုန်းဆိုတော့ ဘာမှမသိရသေးဘူး။ ကျန်သုံးယောက် ကတော့ ဆေးရုံမှာ၊ အသက်(၄၀)လောက် အမျိုးသမီးကတော့ သတိမရသေးဘူးလို့ ပြောတယ်"ပာု အုတ်ခဲကျိုး ထိမှန်ခံရသူ ကိုရဲစိုးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ လေးဦးအနက် သုံးဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေပြီး အသက် ၁၄ နှစ်နှင့် ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ကာ ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း အဆိုပါယာဉ်တိုက်မှု၏ အမှုစစ်ဖြစ်သူ ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင်က ပြောကြားသည်။

"ကျွန်တော်တို့က အပေါ်ကြောက မောင်းလာတယ်။ တခြားကွန်တိန်နာ တစ်စီးကလည်း အပေါ်ကြောကနေ ခေါင်းထွက်လာတော့ ဟိုဘက်ကို ယိမ်းပြီး ပတ်ရှောင်တော့ အရှိန်မထိန်းနိုင်ဘဲ အုတ်တံတိုင်းကို တိုက်မိပြီး ကွန်တိန်နာသေတ္တာနဲ့ ကားတုံးလုံးလဲတယ်"ဟု အဆိုပါယာဉ် နောက်လိုက်ဖြစ်သူက ပြောကြားသည်။ အဆိုပါဖြစ်စဉ်ကို ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင်က တရားလိုပြုလုပ်၍ ယာဉ်မောင်းဖြစ်သူအား (ပ) ၂၈/ ၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကွန်တိန်နာယာဉ် ၀င်တိုက်မှုကြောင့် ပျက်စီးသွားသော အုတ်တံတိုင်း၊  ထမင်းဆိုင် နှစ်ဆိုင်နှင့် ကွန်တိန်နာ သေတ္တာအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis