menu

Thursday 24 October 2013

ဒေါ်စု သမ္မတဖြစ်နိုင်စေရန် ဖွဲ့စည်းပုံကိုပြင်ဖို့လိုဟု ဦးရွှေမန်းဆို


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်အား လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက တားဆီးထားသဖြင့် လွတ်လပ်မျှတမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်ဟု ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်နေ့တွင် ပြောဆိုခဲ့သည်။

သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရမည်ဟု သူရဦးရွှေမန်းက တိုက်ရိုက်ပြောဆိုခဲ့ခြင်းမရှိသော်လည်း Free and Fair ဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင် ၂၅%ရယူထားသည့် တပ်မတော်၏ သဘောထားနှင့်ပတ်သက်ပြီး ပြောဆိုခြင်းမရှိခဲ့ပေ။

Kamayut Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis