menu

Thursday 24 October 2013

အစိုးရသူလျှိုဟု စွပ်စွဲခံရသူ စသုံးလုံးသို့ နင်းမိုင်းတစ်လုံးနှင့် လက်ပစ်ဗုံးအပ်နှံ

ဟင်္သာ (ရာမည)
မော်လမြိုင်၊ အောက်တိုဘာ-၂၂

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)၊ မွန်ပြည်နယ်ရုံး တာဝန်ခံ
သို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု ကလို ထူးဘောအခြေချ စစ်ဗျူဟာအဖွဲ့မှ ကိုယ်ပိုင်အမှတ် (၀၁၅ ၇၈) တပ်ကြပ် ကြီးအဆင့်ရှိ စောသန်းဇော် (၃၈) နှစ် သည် အောက်တိုဘာ ၂၀ ရက် ညနေ
၃ နာရီခွဲတွင် ကညင်းကုန်းကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်တိုင်း
ဒေသကြီး (ဇာတိ) သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး တပ်မှ ထွက်ပြေးလာကြောင်း ပြောဆိုကာ ၎င်းင်း၌ပါလာသည့် နင်းမိုင်းတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို အပ်နှံခဲ့ သည်။

တပ်ကြပ်ကြီးအဆင့်ရှိစောသန်း ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ကရင်ပြည်နယ် ကျိုက်ဒုံနှင့် ကြာအင်း ဆိပ်ကြီးအကြား (၂၁) မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင် ရွက်လျက်ရှိပြီး
အောက်တိုဘာ ၁၅ ရက်က တပ်ဖွဲ့ပိုင် ကူတိုဘာ ၄၅၀ အမျိုး အစား လယ်ထွန်စက်သည် ကျိုက်ဒုံ ချောင်းအတွင်း ရေနစ်မြုပ်ခဲ့မှုကို အကြောင်းပြုပြီး ၎င်းအားအဖွဲ့ ခေါင်း ဆောင်ဗိုလ်ကြီးအဆင့်ရှိ စောရဲလှိုင်က အစိုးရသူလျှိုဟု စွပ်စွဲခဲ့သဖြင့် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကော့ကရိတ် မြို့နယ် ကောင်းမှုကျေးရွာ ရှိ ကလိုဘောအခြေချစစ်ဗျူဟာ၊ ဗျူဟာခွဲ (၁) တွင် ခေါ်ယူ ထိန်းချုပ်ထားခဲ့ ကြောင်း၊ ၎င်း၏ အသက်အန္တရာယ် စိုးရိမ်ရသဖြင့်
အောက်တိုဘာ ၂၀ ရက် နံနက် ၁၁ နာရီ ခန့်တွင် ကော့ကရိတ် မြို့မှ မော်လမြိုင်မြို့သို့ လိုင်းကားဖြင့် ထွက်ပြေးလာခဲ့ကာ ညနေ ၃ နာရီ ၃၅ မိနစ်တွင် ဆိုင်ကယ် ကယ်ရီဖြင့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန မွန်ပြည် နယ်ရုံးသို့ လာရောက်ပြီး ၎င်းယူ ဆောင်လာသည့် နင်းမိုင်းတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

၎င်းတွင် ကလိုထူးဘောတပ်ဖွဲ့ ခေါင်းစီးပါတပ်ဖွဲ့ဝင်ခရီးသွားထောက် ခံချက် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ခွင့်ပြုစာတစ်စောင်၊ အပြာ ရောင် ချည်လွယ်အိတ်တစ်လုံး၊ ကျား ခေါင်းတံဆိပ်
နှစ်တောင့်ထိုးဓာတ်မီး တစ်လက်၊ ဒိုင်ယာရီစာအုပ်၊ ယာဉ်မောင်း လိုင်စင်တို့ ပါရှိလာခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်နံနက် ၁၁ နာရီခွဲတွင် စရဖရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis