menu

Wednesday 23 October 2013

ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာ ဖတ်ခွင့်ရလို့ အိန္ဒြာကျော်ဇင် ဂုဏ်ယူ

(ရန်ကုန်၊ အောက်တိုဘာ ၁၄)

(၉၃) နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဝဏ်လွှာ ကို ဖတ်ခွင့်ရခြင်း အတွက် အင်မတန် တာဝန် ကြီးပြီး ဂုဏ်ယူမိကြောင်း အိန္ဒြာ ကျော်ဇင်က ပြောသည်။
”သဝဏ်လွှာ ဖတ်ရင်း အမှားပါ သွားမှာ စိုးရိမ်စိတ် ကတော့ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦး လူမင်း ကပေးအပ်တဲ့ တာဝန် ဆိုတာရယ် ဖြစ်ပါ့မလားလို့။ မပြောရဲဘူး လို့ ငြင်း တော့ သူက အားကိုး တကြီးနဲ့ အကူ အညီတောင်းတော့ လုပ်ပေးလိုက်တာ ပါ”ဟု ၄င်းက ဆိုသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ”မြန်မာ့ ရုပ်ရှင် ဂုဏ်ပြု အခမ်းအနားသို့ ကိုယ်တိုင် လာရောက် နိုင်ခြင်း မရှိတာကို တောင်းပန်ပါတယ်။ ယခုခေတ်ကြီး မှာ ရုပ်ရှင် ဆိုတာ ပြည်သူ နဲ့ အနီးဆုံး အနုပညာရပ်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံ တိုးတက်ဖို့ ကြိုးစားကြရာ မှာ အားလုံး ကိုယ်စီ ကိုယ်စီ တာဝန်ရှိကြ ပါတယ်။ ဘက်ပေါင်းစုံ က ကိုယ်ကျရာ တာဝန်ကို စေတနာ အပြည့်နဲ့ ကျေကျေ ပွန်ပွန် ဆောင်ရွက်မယ် ဆိုရင် နိုင်ငံသား အားလုံး နိုင်ငံ့ တာဝန်ကို ကျေပွန်ရာ ရောက်ပါတယ်။
ရုပ်ရှင်လောက မှာ ပါဝင် ပတ်သက်နေ သူများရဲ့ အခန်း ကဏ္ဍက အထူးကို အရေးပါပါတယ်။ ကျွန်မတို့ လူငယ်တွေ အတွက် လမ်း ကောင်းတွေ ပြပေးနိုင်ခြင်း အားဖြင့် ကျွန်မတို့ အားလုံး လိုလားနေတဲ့ ဒီမိုက ရေစီ ပြည်ထောင်စုကြီး တည်ဆောက် နိုင်ရေးကို များစွာ အထောက်အကူ ဖြစ်မှာပါ။ ဒါကြောင့် ယခု ကျရောက်တဲ့ မြန်မာ့ ရုပ်ရှင်နေ့ အခါ သမယမှာ ရုပ်ရှင် လောကသား အားလုံး ညီညီညွတ်ညွတ် နဲ့ တိုင်းပြည် အတွက် တစ်ထောင့် တစ် နေရာကနေ တတ်အားသမျှ ပြည်သူ့ သားကောင်း၊ သမီးကောင်း များ ပီသစွာ မိမိတို့ အနုပညာကို တန်ဖိုး ထားကြစေဖို့ ဆန္ဒပြု အပ်ပါတယ်။
ကျွန်မတို့နိုင်ငံ အတွက် လုပ်ငန်း များကို ကူညီ ပံ့ပိုးပေးနေတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် အားလုံးကို နွေးထွေး စွာ မေတ္တာ ပို့သလိုက်ပါတယ်”ဟု ရေး သားဖော်ပြထား သည် ကို ဖတ်ရှုပေးခဲ့ရ ကြောင်း အိန္ဒြာကျော်ဇင် က ဆိုသည်။
ထူးထူး
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis