menu

Wednesday 23 October 2013

ကတိတွေ … ကတိတွေ … အလကား ပဲတင်းကတိတွေလား

”ရွေးကောက်ပွဲမတိုင်ခင်က သုံး ခေါက်လာတယ်။ ရွေးကောက်ပွဲပြီးက တည်းက မြင်တောင်မမြင်ဖူးတော့ဘူး။ နောက်ဆိုလူပဲကြည့်တော့မယ်။ ပါတီ ကိုမကြည့်တော့ဘူး” ဟု နေပြည်တော် ပုပ္ဗသီရိမြို့နယ် သစ်ယာကုန်းကျေးရွာ နေသူတစ်ဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။
၎င်းသည် ၂ဝ၁၂ ခုနှစ် ဧပြီ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပုပ္ဗသီရိမြို့နယ် ကိုယ် စားပြုဝင်ပြိုင်သော  NLD  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇေယျာသော်ကို ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၌  ၂ဝ၁ဝပြည့် အထွေထွေရွေးကောက်ပွဲ တွင် စစ်တပ်မှ အတွင်းရေးမှူး (၁) ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက လူဝတ်လဲ၍ ဝင်ရောက် ယှဉ်ပြိုင်ကာ အစိုးရအတွင်းထိပ်ပိုင်းကျသော  ဒုသမ္မတ ရာထူးအထိ ရယူခဲ့သူဖြစ်သည်။

အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ဟောင်း ဒုသမ္မတဟောင်းသီဟသူရဦးတင် အောင်မြင့်ဦးသည်လည်းသစ်ယာကုန်းကျေး ရွာလေးအတွက် ဘာမှ အကျိုးမပြုခဲ့ပါ ဟု ဆိုပြန်သည်။ ၄င်းသည် အစိုးရအဖွဲ့ အတွင်း ကြာကြာမနေဘဲ နုတ်ထွက်သွားခဲ့ သူလည်းဖြစ်သည်။ သို့သော် သွားလေ သူကို မေ့ထားတတ်သည်မှာ လူသားတို့ ၏ ထုံးစံဖြစ်သည်။
” ၉ဝ(၁၉၉ဝ ခုနှစ်) ရွေးကော်ပွဲတုန်း က ခမောက်ကို ရွာလုံးကျွတ် ထောက် ခံခဲ့တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲမှာ ဒေါင်းကို ရွာလုံးကျွတ်ထပ်ထောက် ခံခဲ့တယ်။ ဒုသမ္မတကြီးဖြစ်တဲ့ သီဟ သူရဦးတင်အောင်မြင့်ဦးကလည်း သူ့ကို ထောက်ခံတဲ့ ရွာတွေကိုပဲ လမ်းကောင်း ဖို့နဲ့ မီးရဖို့၊ ရေရဖို့လုပ်ပေးခဲ့တာ။ ဒီရွာ ကတော့ နေပြည်တော် ဘူတာကြီးနဲ့ ခြံ စည်းရိုးပဲခြားတာတောင် ဖယောင်းတိုင် မီးနဲ့ နေနေရတုန်း။ နေပြည်တော်မြို့ တည်လို့ စစ်တပ်နဲ့ ဝန်ကြီးဌာနတွေက သိမ်းထားတဲ့ လယ်မြေ ယာမြေေ တွအ တွက် အခြားနေရာတွေ လျော်ကြေးရ တယ်။ ဒီရွာက အခုချိန်ထိ တစ်ပြားမှ မရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုသူလည်း ဘယ်လိုက်ဖမ်းရမှန်းမသိ ဘူး” ဟု သစ်ယာကုန်းကျေးရွာနေ ရပ်မိ ရပ်ဖတစ်ဦးက ပြောကြားသည်။
ယင်းကို အခြားသော ရပ်မိရပ်ဖ နှစ်ဦးကပါ ထောက်ခံပြော ပြောသည်။
၂ဝ၁ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ အောင် ပွဲ ခံအနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးသည် လက်ရှိ အစိုးရအဖွဲ့ ကို ဦးဆောင်နေသကဲ့သို့ လွှတ်တော်အရပ်ရပ်တွင်လည်း ¤င်းတို့ ပါတီဝင်များပင် ခုံနေရာအများစုယူထား သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ လွှတ်ေ တ်ာကိုယ်စား များသည် ရွေးကောက်ပွဲမတိုင်မီက ရွေး ကောက်ခံဒေသများသို့ သွားရောက်၍ မဲရရေး၊ အနိုင်ရရှိရေး ကျယ်ကျယ်တစ် မျိုး၊ တိုးတိုးတစ်ဖုံ စည်းရုံးခဲ့ကြသည်။ ၄င်းတို့ထဲမှ အချို့သာ ကိုယ်စားပြုသော မဲဆန္ဒနယ်အတွက် လုပ်ကျွေးသမှု ပြု ကြပြီး၊ မြို့နယ်အတော်များများတွင်  အခြေခံလူတန်းစားများက ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စား ပြု ဝင်ပြိုင် အရွေးခံထားရသူများကို မမြင်မသိဟုသာ ဖြေဆိုကြသည်ချည်း ဖြစ်သည်။
ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျောထောက် နောက်ခံအဖြစ်ထင်မှတ်ရသော စစ်တပ် မှ ၂၅ ရာခိုင်နှုန်း အရန်သင့်ယူထား သည်မှာ မည်သူ့ ကိုမျှ တိုက်ရိုက်ကိုယ် စားမပြုဟု ပြည်သူလူထုအတွင်းဝေဖန် မှုများလည်းရှိနေသည်။
” ရွေးကောက်ပွဲကာလ အချိန် တုန်းကတော့ ကားတွေနဲ့လှည့်တာတို့ အသံချဲ့စက်တွေနဲ့အော်ပြီး မဲဆွယ်တာ တို့၊ နောက်ပြီးလက်ကမ်းစာရွက်တွေဝေ တာတော့ တွေ့ဖူး တယ်။ အပြင်မှာတော့ တစ်ခါမှမတွေ့ဖူးဘူး” ဟု တာမွေမြို့ နယ်မှ အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီ ဝန်ထမ်း ဦးမင်းအောင်က ¤င်း၏မြို့ နယ်ကိုယ်စားပြု အရွေးခံထား ရသော လွှတ်တော် ကိုယ်စားလှယ်နှင့်ပတ်သက် ၍ ပြောကြားသည်။ အခြေခံ လူတန်းစားတို့ အားကိုး အားထားပြုနေရသော လွှတ်တော်ကိုယ် စားလှယ်များ မရှိ မဟုတ် ရှိသည်။
” ကျွန်တော်တို့ဆီက ကိုယ်စား လှယ်တွေကတော့ အလုပ်တော်တော် လုပ်ကြတယ်။ ပြောရဲဆိုရဲရှိတယ်။ မြို့ နယ်ရှိ သူတွေကလည်း သဘောကျကြ တယ်။ မိကျောင်း ကန်ကိစ္စလိုဟာတွေ ပြည်သူတွေဆီမှာ ဖြစ်နေတဲ့ကိစ္စတွေကို လိုက်လုပ်ပေးတယ်။ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူ တွေ ကို တော်တော်ကြည့်ပါ တယ်” ဟု ဝမ်းရေးအတွက်ဈေးရောင်းနေရသော အသက် ၂၉ နှစ်ရှိ ကိုမင်းသူက ၄င်းနေ ထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ်များနှင့် ပတ်သက် ၍
ချီးကျူးပြောကြားသည်။
လွှတ်တော် မင်းသားတစ်ပါးအဖြစ် သိသူများသော ဦးသိန်းညွန့် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီပါတီသစ်ကို သင်္ဃန်းကျွန်းရှိ ဈေးသည်များ၊ အနှေး ယာဉ် လုပ်သားများကြား မသိ မရှိ သလောက်ပင်။
” စည်းရုံးရေးဆင်းတဲ့အခါမှ ကတိ တွေပေးခဲ့တယ်။ ဘာပေးခဲ့လဲဆိုတော့ ရေကိစ္စ၊ မီးကိစ္စ၊ မြောင်းတွေ ရေပိတ် ဆို့နေတဲ့ဟာတွေ။ ဒါတွေ အဓိကထား ဆောင်ရွက်ပေး မယ်လို့ ပြောခဲ့တယ်။ ပြောခဲ့တဲ့အတိုင်းပဲ အန်တီတို့က ရွေး ကောက်ပွဲဝင်ပြီးတဲ့ အချိန်ကနေစပြီး နိုင်ငံတော်က လွှတ်တော်ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြု တရားဝင်လက် မှတ်မထုတ်ပေးခင်ကတည်းက ဆောင် ရွက်ပေးခဲ့တယ်” ဟု အမျိုးသားဒီမိုက ရေစီပါတီသစ်မှ သင်္ဃန်းကျွန်း၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန်းစန်းမြင့်က ပြောသည်။
ပါတီအနေဖြင့် ရွေးကောက်ပွဲ ကတိကဝတ်များကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်သော်လည်း ပြည်သူများ အကြား လတ်တလောကိစ္စများအတွက် ရာနှုန်းပြည့်ေ အာင်မြင်ခြင်းမရှိကြောင်းနှင့် ၄င်းတို့၏မဲဆန္ဒနယ်မဟုတ်သော အခြားအကူအညီတောင်းခံရာနေရာများ သို့ပါ လိုက်လံ ကူညီပေးနေကြောင်း ဒေါ်စန်းစန်းမြင့်က ထပ်လောင်းပြော ကြားသည်။
” မဲဆန္ဒရှင်ပြည်သူတွေအတွက် ၅ဝ ရာခိုင်နှုန်းအထက် လုပ်ပေးပြီးပြီ။ အားရဖွယ်မဖြစ်သေးပါဘူး။ မဲဆန္ဒရှင် ပြည်သူတွေကို ကတိပေးထားလို့ ထပ် ကြိုးစားပေးမယ်” ဟု မွန်ဒေသလုံးဆိုင် ရာဒီမိုကရေစီပါတီမှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာ သားတစ်ဦးက လွှတ်တော်ကိုယ်စား လှယ် ကတိပေးခဲ့သည့် ရေ၊ မီး၊ လမ်း ကိစ္စများမှာ ပေးထားသည့် ကတိအ တိုင်း ဖြည့်ဆည်း မပေးနိုင်သေးကြောင်း ပြောကြားသည်။
အထက်ပါ အကြောင်းအရာများ သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ၄င်းတို့ကိုယ်စားပြု မဲဆန္ဒနယ်များအ တွင်းသာဖြစ်ပြီး၊ ပါတီတစ်ခုလုံး၏ ကတိကဝတ်များ မူဝါဒသဘောတရား များ မပါဝင်သေးပေ။
ထိုသို့ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် မူဝါဒသဘောတရားများကို  ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်း သားပါတီများနှင့် တစ်နိုင်ငံလုံးလွှမ်း ခြုံမှုမရှိသည့် ပါတီငယ်လေးများသည် လည်း ကတိကဝတ်အမျိုးမျိုးပေးခဲ့သည် ချည်းဖြစ်သည်။
” ကျွန်တော်တို့ပါတီအနေနဲ့ ကိုယ့် မဲဆန္ဒရှင်ပြည်သူတွေကို  တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးနေပါတယ်။  အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း မူ ဘောင်ထဲက လုပ်နေပြီး လွှတ်တော်ထဲ မှာရှိတဲ့ ပါတီပေါင်းစုံနဲ့ဆွေးနွေးနေ တယ်။ အဓိကကျတဲ့ ပြည်ခိုင်ဖြိုးပါတီ နဲ့လည်း အလွတ်သဘောဆောင်ရွက်နေ တယ်” ဟု အမျိုးသားဒီ မိုကရေစီအဖွဲ့ ချုပ်မှ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမျိုး အောင်က ပြောသည်။
ဒေါက်တာမျိုးအောင်အား ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ မဲဆန္ဒရှင်များက  သဘောကျနှစ်ခြိုက်ကြပြီး လယ်ယာမြေ ပြဿနာ၊ အလုပ်သမားပြဿနာများ ထိုက်သင့်သောအတိုင်းအတာ တစ်ခုထိ ကူညီပေးကြောင်း အသက် ၃၂ နှစ် အရွယ်ရှိ ဦးလင်းထွန်းက ပြောသည်။
” ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ရပ်ကွက်က ပြည်သူတွေကို အကျောကြီးနဲ့ မဆက်ဆံဘူး။ ကျွန်တော် တို့မြို့နယ်ကလည်း သူ့ကိုယုံကြည်လို့ မဲ ပေးခဲ့တာလေ။   ပြဿနာတစ်ခုခုဖြစ်ရင် လည်း အောက်ထိလိုက်ကြည့်ပေးတယ်” ဟု ၄င်းက ထပ်မံပြောကြားသည်။
” သိသလောက်  NLD ကတော့ တိုင်းရင်းသားအရေး၊ တရားဥပဒေစိုးမိုး ရေး၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြော ခဲ့တာပဲ။ ဒါကတော့ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ကိစ္စပါ။ ဒီလိုပဲ ပြည်ခိုင်ဖြိုးလွှတ် တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း လွှတ်တော်အတွင်းက ဆောင်ရွက်ချက် တွေက ချီးကျူးစရာတွေ ရှိသလို၊ အစိုးရ အဖွဲ့က ဝန်ကြီးတွေ၊ ပါတီထိပ်ပိုင်းတာ ဝန်ရှိသူတွေ ပြောတဲ့စကားအချို့ဟာ လည်း ကဲ့ရဲ့စရာတွေရှိခဲ့တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီတစ်ကြိမ်လုပ်ဆောင်ချက် ဟာ နောက်လာမယ့် ရေးကောက်ပွဲအတွက် မှတ်ကျောက်ပဲ” ဟု မြန်မာ့နိုင်ငံရေး လေ့လာနေသူ အငြိမ်းစား ဝန်ထမ်း တစ်ဦးက ပြောကြားသည်။
ယင်းအပြင်  အစိုးရနှင့်လွှတ်တော် အတွင်းဦးဆောင်နေသော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် မကြာမီပြင်ဆင်ဖို့ဖြစ်လာမည့် ၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင် ရေး  ပြည်သူ လိုလားချက်အတိုင်း ပူး ပေါင်း ပါဝင်မှု ရှိ မရှိမှာ ၂ဝ၁၅ ရွေး ကောက်ပွဲအတွက်အကြီးမားဆုံးမှတ် ကျောက်ဖြစ်လာမည်ဟု အထက်ပါ အငြိမ်းစား ဝန်ထမ်းက သုံးသပ်ပြော ကြားသည်။
” ဦးတို့ဆီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မဲဆွယ်တုန်းကတော့ ဘယ်လိုမဲဆွယ်လဲ မသိလိုက်ဘူး။ ဒါပေ မဲ့ သူက အလုပ်လုပ်ပါတယ်။ သူ့ကိုယ် စားလှယ်သက် တမ်းမှာတော့ အကောင်း ဆုံးလုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ သူလုပ်ပေးလို့ လမ်းခင်းတာတွေရှိတယ်။ ဟိုပါတီမှ ဒီပါတီမှဆိုပြီး အစွဲတော့ မရှိ ပါဘူး” ဟု အသက် ၄၅ နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးမြင့်လွင်က ¤င်း နေထိုင်ရာ တာမွေမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့်ပတ်သက်၍ ရှင်း ပြသည်။
မည်သို့ပင်ဆိုစေ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝေဖန်မှု များစွာနှင့် စစ်တပ်မှ လူဝတ်လဲ၍ အရပ်သားအစိုးရ တက်လုပ်ခဲ့သော အစိုးရ ထိပ်ပိုင်းခေါင်းေ ဆာင်များသည် လည်း ဒီမိုကရေစီအစိုးရဖြစ်ရေး ကြိုး စား လုပ်ဆောင်နေသည်။ ပြည်သူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးစ သည့် လို အပ်ချက်များ ဖြည့်ဆည်းမပေးနိုင်သေး သော်လည်း နိုင်ငံတကာက မြန်မာ၏ အပြောင်းအလဲကိုထောက်ခံချီးကျူးမှု မှာ ငြင်းမရသောအချက်ပင်။
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်အချို့အပေါ်ပြည်သူယုံကြည်မှုနည်းနေသော် လည်း လူဝတ်လည်းဗိုလ်ချုပ်ကြီးဟောင်း များဦးဆောင်သော အစိုးရကသာ ငြိမ်း ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အခြေခံလုပ်ခလစာ တိုးမြင့်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်များကို လက်ကျန် အစိုးရသက်တမ်း ကာလအတွင်း အတိုင်း အတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ပါ က ၂ဝ၁၅ အတွက် ယုံကြည်မှု တစ်စုံ တစ်ရာရှိမှာ မလွဲပေ။
ထိုသို့မဟုတ်ပါဘဲ ပြီးခဲ့သောအစိုး ရ သက်တမ်းအတွင်း အဖြစ်အပျက်များ လို ခရိုနီကြီးများအလိုကျ လယ်ယာမြေ များ ခြိမ်းခြောက်သိမ်းယူခြင်းမျိုး အပါ အဝင် ပြည်သူ နစ်နာများမှုကို ပြစ်ပယ် ထားပါက ပြည်သူ့ရင်ထဲမှ NLD ပါတီကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲနည်းတူ မရှုမလှရှုံးနိမ့်မည်မှာ မလွဲဟု နိုင်ငံရေး လေ့လာသုံးသပ်သူများ က ပြောကြားကြသည်။ ထို့အပြင် တိုင်းရင်း သား ဒေသများသည်လည်း လူမျိုးစု အလိုက် ကိုယ်တိုင်ဦးဆောင်နိုင်ရေး ကြိုးစားနေကြသည်။
”ကျွန်တော်သိသလောက် စနစ် ပြောင်းအစိုးရသစ်လက်ထက်မှာ လူ တွေက မပြောင်းတော့ ခရိုနီကြီးတွေ အခွင့်အရေးကို အရင်ကာကွယ်တာပဲ။ စစ်တပ်က တောင် သူတွေရဲ့ လယ်ယာ မြေတွေသိမ်းတာကို အစိုးရကလက်ပိုက် ကြည့်နေတယ်။ တရားဥပဒေစိုးမိုးရေး ဦးဆောင်တဲ့ပြည်သူ့ရဲဆိုသူတွေက လုပ် ငန်းရှင်တွေ၊ ကုမ္ပဏီ ကြီးတွေ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကိုပဲ ကာကွယ်ပေး နေတာ။ သံဃာတော်တွေကို မီးလောင် ဗုံးနဲ့ပစ်တာ၊ ငြိမ်းချမ်းရေးလမ်းလျှောက် သူတွေနဲ့ လူမှုရေး တက်ကြွလှု ပ်ရှားသူ တွေကို ပုဒ်မအမျိုးမျိုးတတ် ဖမ်းတာ တွေက ဒီမိုကရေစီအစိုးရတရပ်ရဲ့ လုပ် ဆောင်မှုလား။ စနစ်ပြောင်း အစိုးရ ကြောင့် ခရိုနီကြီးတွေက နိုင်ငံပိုင်မြေ တွေ၊ အဆောက်အဦးတွေ၊ နှစ်ရှည်စည်း ပွားရေး လုပ်ကိုင်ခွင့်တွေ အသီးသီးပိုင် ဆိုင်သွားကြပြီး၊အခြေခံလူတမ်းစား နင်း ပြားတွေရဲ့ ရှိစုမဲ့စု ပိုင်ဆိုင်သမျှမြေယာ လေးတွေကို အသီးသီးသိမ်းယူနေကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ ဒါကို ယုံတဲ့သူရှိ ရင်တော့ မပြောတတ်တော့ဘူး။ ကတိ ဆိုတာ ပါးစပ်ကပေးတာ။ အကျင့်တို့ ညင်တို့ဆိုတာက လုပ်ဆောင်ချက်မှာ ပေါ်တယ်။ လွှတ်တော်ထဲရောက်နေတဲ့ ခရိုနီကြီးတွေလည်း ဥပဒေပြုရေးကိစ္စ တွေမှာ သူတို့အကျိုးစီးပွားကာကွယ်ဖို့ လောက် အရင်စဉ်းစားတာ”ဟု NGO  တစ်ခုတွင်အလုပ်လုပ်ကိုင်နေသူ ကိုမင်း မင်းက ပြောသည်။
မကြာမီကာလအတွင်း အစိုးရ တစ်ရပ် သက်တမ်းက နေ့ညပြောင်း၍ ကုန်ဆုံးတော့မည်ဖြစ်သည်။ ၅ နှစ်တာ ကာလအတွင်း လုပ်ဆောင်သမျှတို့သည် ၂ဝ၁၅ ခုနှစ်ရွေးေ ကာက်ပွဲအတွက် အ စမ်းသပ်ခံ ဖြစ်သည်။  ကတိတွေသည် ရင်ထဲကလာသော စိတ်ရင်းစေတနာဖြစ် ဖို့လိုပြီ။ မိမိကိုယ်ကိုယ် ဒီမိုကရက်တစ် အင်အားစု အဖြစ် ကြွေးေ ကြာ်ခဲ့သော ပြည်သူ့ဘက်တော်သား ဆိုသူများသည် လည်း ကတိပေးမရဲဖို့ လိုသည်။

သတင်းအချက်အလက်
စိုင်းလမင်း၊ ရန်နိုင်
မိုးမြင့်မြက် ရေးဖွဲ့သည်။
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis