menu

Wednesday 23 October 2013

ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍(၁)ဦးသေ

Photo: ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍(၁)ဦးသေ
 
နေပြည်တော်၊ အောက်တိုဘာ ၂၁

 ၁၈-၁၀-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၃/၇)နှင့် (၁၂၄/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မအူတန်းရပ်နေ ထွန်းအောင်ဇော်(၂၅)နှစ် မောင်းနှင်လာသော ၈ဏ/xxxx လိုက်အေ့အဖြူရောင်ယာဉ်သည် ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ(၂၁)ဦးအနက် မန္တလေးမြို့၊ ဗောဓိကုန်း အလယ်ရပ်နေသူများဖြစ်သည့် ဒေါ်ကော်မူ(၅၅)နှစ်တွင် ၀ဲ/ယာမျက်လုံးဖူးရောင်၊ နှာခေါင်းသွေးထွက်၊ ၀ဲနားရွက်အပေါ်ပိုင်းပြက်ရှပေါက်ပြဲဒဏ်ရာ၊ မရှမ်းမ(၄၅)နှစ်တွင် ယာနဖူး/ယာပါး/ ယာမျက်လုံးပေါက်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဒေါ်ကော်မူမှာ ဖြူးဆေးရုံမှတစ်ဆင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားခဲ့သည်။ ထို့ပြင် ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာတံခါး မှန်ကွဲ၊ ဘော်ဒီအနည်းငယ်ပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ထွန်းဇော်အောင်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis