menu

Wednesday 23 October 2013

" ငါးပါးမကသော ရန်သူများကြားမှ ပြည်သူ့စကား "


ငြိမ်းချမ်းစွာ သွားလာစားသောက်နေထိုင်လိုကြသည်မှာ ကျွန်မတို့ ပြည်သူများ၏ လိုလားမှုတစ်ခုအဖြစ် ငြင်းမရ။ ယခုတလော ခေါင်းဖြတ်သတ်ခံရမှု၊ အုပ်စုဖွဲ့အနိုင် ကျင့်ခံ ရမှု၊ ဗုံးပေါက်မှုတွေ စသည်ဖြင့် ထိတ်လန့်စရာများက ခြောက်လှန့်လာသောကြောင့် ပွင့်လင်းရာသီပွဲတော်ရက်များမှာပင် သွားသတိ၊ လာသတိ၊ စားသတိနှင့် သတိများ စွာဖြင့် ရှိနေရသည့်ကာလဖြစ်သည်။ ထိုသို့ စိုးရိမ်သောကများ ပိုင်ဆိုင်နေကြသည့် ပြည်သူတွေ ဘယ်လို ခံစားနေကြရလဲ၊ စားဝတ်နေရေးအတွက် ပြေးလွှားရင်း ဘယ်လို သတိရှိနေကြသလဲ။ ဘဝလုံခြုံမှု လိုအပ်နေတဲ့ ပြည်သူအချို့၏ အသံကို တင်ပြလိုက်ပါသည်။
ရွှေညာသား (မရမ်းကုန်း)
အဲဒီလို ဗုံးပေါက်ကွဲမှုတွေ ရှိလာ တော့ လူတွေက ထိတ်လန့်မှုတွေ ရှိပြီး အိမ်ထဲက အိမ်ပြင်သိပ်မထွက်ဖြစ်ကြဘူး။
အဲဒီတော့ ကျွန်တော်တို့ အရောင်းအဝယ် ပိုင်းလည်း နည်းနည်းပါးသွားတာပေါ့။ လူ တွေ စိုးရိမ်သောကတွေ များကြတယ် ပေါ့။ နှလုံးရောဂါလည်း အဖြစ်များလာ တာပေါ့။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ် ကိုယ်တော့ လုံခြုံမှုေ တာ့ မရှိဘူးပေါ့။ ဒါ ပေမဲ့ စားသတိ၊ သွားသတိလေးတွေနဲ့ နေ နေရတယ်။ အဲ့ဒါတွေကတော့ လူကြီးပိုင်း တွေမှာ တာဝန်ရှိမယ် ထင်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည် သူတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်တော့ ထိန်း သိမ်းရမှာပေါ့။ ဖြစ်နိုင်မယ်ဆိုရင်တော့ အစစအရာရာအားလုံးပေါ့။ အခြားနိုင်ငံ တွေလို လွတ် လွတ်လပ်လပ် သွားလို့လာ လို့ရအောင် စိုးရိမ်သောကတွေ မရှိဘဲနဲ့ အဲ့ဒီလိုမျိုးလေး ဖြစ်စေချင်တယ်။ တချို့ နိုင်ငံတွေမှာက အဲဒီလို သောကတွေ မရှိ ဘူးလေ။  ကျွန်တော် တို့ နိုင်ငံမှာက အဲဒီ လို အထိတ်တလန့်တွေဖြစ်နေတော့ အမြဲ တမ်းစိုးရိမ်သောကတွေများနေတယ်။ အဲ ဒါလေး ပျောက်အောင်လုပ်ပေးသင့်တာ ပေါ့။ ကျွန်တော်တို့ဆို အခုနောက်ပိုင်းလူ ရှုပ်တဲ့နေရာမျိုးတွေ သွားမယ်ဆို တော် တော်ဆင်ခြင်ရတယ်။ ကိုယ်ကလည်း သွားရင်းလာရင်းနဲ့ မသင်္ကာဖွယ်ရာတွေကို သတိ ထားနေရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရ တာပေါ့။ ကျွန်တော်တို့က ဈေးရောင်းနေတာဆိုတော့ ဂမုန်းပွင့် အောက်မှာ ဗုံးတွေ့တယ်ဆိုတော့ အားလုံး အထိတ် တလန့် ဖြစ် ကုန်တယ်။ ဒါပေမဲ့ သေချာစစ်ကြည့်တော့ ဗုံးမဟုတ်ဘဲ ဂျာနယ် တွေဖြစ်နေတယ်။ ဈေးရောင်းတယ်ဆိုတာ လည်း အားလုံးအထိတ်တ လန့် နဲ့ ရောင်း နေရ တာလေ။ ကျွန်တော်တို့ ဘုရားရှေ့ တွေမှာ ဈေးရောင်းတာလေ။ လူတွေက ဝါဆိုလပြည့်နေ့လောက်တောင် မစည် ဘူး။ ဗုံးသံတွေဘာတွေကြားတော့ လူပါး တာပေါ့။
နိုင်နိုင်မော် (အင်းစိန်)
ကျွန်မတို့က လူစည်တဲ့ဘုရားရှေ့ မှာ ခိုစာရောင်းတာဆိုတော့ ဗုံးတွေဘာ တွေကိုတော့ လန့်နေမိတယ်။ မနေ့တုန်း ကတောင် ကားဘီးပေါက်တာကို ဗုံး ပေါက်တယ် ထင်ပြီး လန့်နေကြသေးတယ်။ ဒီမှာ ဘုရားလုံခြုံရေးတွေ ရှိပေမယ့်လည်း ဟိုက ဒီက သတင်းသိုးသိုးသဲ့သဲ့ ကြားနေ ရတာဆိုတော့ ကိုယ်လည်း အထိတ်တ လန့် နဲ့ ရောင်းနေရတာပေါ့။ အခုကတော် တော်များများက လူစည်ကားရာနေရာ တွေ သွားရတာကြောက်တဲ့စိတ်တွေ ဖြစ် နေတဲ့သူတွေ ရှိနေတော့ ဈေးက သိပ် မ ရောင်း ရ ဘူး။ လူအများကြီးလာမှ ဈေးက ရောင်း ကောင်းမှာပေါ့။ ဒီလိုတွေ မခံစား ရအောင် လုံခြုံမှုကို အပြည့်အဝပေးထား ရင် အဆင်ပြေတာပေါ့။ ဒါကို နိုင်ငံတော် အုပ်ချုပ် တဲ့ သူတွေက ကာကွယ်ပေးရင် စိတ်မပူရဘူးပေါ့နော်။ ကျွန်မတို့ကတော့ အမေစု (ဒေါ်အောင်ဆန်းစုကြည်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)ကို အား ကိုးတယ်။
မောင်ဝေယံ
(တောင်ကြီး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ)
ဖြူးမှာ ပထမခေါင်းဖြတ်သတ်တဲ့ တရားခံတောင်မပေါ်သေးဘူး နောက် ထပ် ခေါင်းဖြတ်တဲ့ လူသတ်မှုတွေက ထပ်ပေါ်လာတော့ တော်တော်စိတ်ပျက်မိ တယ်။ အခု ဆိုရင် ဗုံးခွဲတာတွေကလည်း မနည်းတော့ဘူးလေ။ ပြည်သူတွေတော် တော် ထိခိုက်တယ်။ ပိုက်ဆံရှိတဲ့သူတွေက အကြောင်းမဟုတ်ဘူး။ လက်လုပ်လက် စား တစ်နေ့လုပ်မှ တစ်နေ့စား ရုန်းကန် နေရတဲ့သူတွေအတွက် အများကြီးဆိုး ကျိုးဖြစ်တယ်။ ဘယ်လုံခြုံမှုရှိမှာလဲ။ အဖြေကအသိသာကြီးပဲ။ ခုနက ကျွန်တော် ပြောသလိုပဲ ပထမအ မှုတောင်မပေါ် သေးဘူး။ နောက်တစ်မှုကထပ်ဖြစ်ပြီ။ အဲ ဒီတော့ ကိုယ့်မြန်မာနိုင်ငံရဲ့ လုံခြုံရေး ဘယ်လောက်ကောင်းလဲသာ ကြည့်တော့။ ဌာနဆိုင်ရာတွေမှာ အများကြီး တာဝန်ရှိ တယ်။ လုံခြုံရေးကို ဒီ့ထက်ပိုပြီး စောင့် ကြည့်ရမယ်။ ဟိုတယ်ဆိုလည်း ဟိုတယ် လုံခြုံရေးကို အရင်ကထက်ပိုပြီး စောင့် ကြည့်ရမယ်။ သတိဝီရိယရှိရမယ်။ CCTV  တွေလည်း နေရာအနှံ့တပ်ဆင်ထားသင့် တယ်လို့ ထင်တယ်။ သွားရလာရတာတော့ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ မျက်စိစွင့် နားစွင့်ပေါ့။ သတိနဲ့  သွားလာနေရ တယ်။ ပြီးတော့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်အောင် လှုံ့ ဆော်တဲ့ လူတွေက ရှိသေးတယ်။ ဒါ ကြောင့် ဌာနဆိုင်ရာက အကြီးအကဲတွေ မှာ တာဝန်အများကြီး ရှိတယ်လို့ ပြောချင် ပါတယ်။
မျိုးသူရဟန် (တာမွေ)
ဒါကတော့ ဖောက်ခွဲမှုအတွက်ဆို လုံခြုံရေးတာဝန်ရှိသူတွေကိုပဲ ပြောရမှာ ပါ။ အဲဒီလို မဟုတ်ဘူးဆိုရင် တင်းကျပ် တဲ့ ဥပဒေတွေကို နိုင်ငံသားတွေအတွက် ကာကွယ်ဖို့ ချမှတ်သင့်နေပါပြီ။ လုံခြုံပါ တယ်ဆိုတာက အကြမ်းဖက်တိုက်ခိုက်မှု တွေ မဖြစ်တော့ဘူးထင်လို့ မဟုတ်ပါ ဘူး။ လုံခြုံရေးအားနည်းနေသရွေ့ သူတို့ ကတော့ လုပ်မှာပါပဲ။
ကျွန်တော်တို့ နိုင်ငံ သားတွေမှာက အခြေခံအသိပညာအရမ်း အားနည်းတယ်ဗျ။ ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာရင် ဘယ်လိုနေရမယ်ဆို တာ မသိဘူးဗျ။ သူများနိုင်ငံတွေမှာဆို ကလေးဘဝကတည်းက သင်ပေးထားပါ တယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လုံခြုံရေးအသိရှိမှုက အများကြီး အရေးပါ ပါတယ်။ သွားတာလာ တာက အဲဒီလို တော့ မရှောင်ပါဘူးခင်ဗျ။ အိမ်က လူကြီး တွေကတော့ စိတ်ပူတာရှိတယ်ပေါ့လေ။  ဘယ်သူရယ်လို့တော့ အပြစ် ပြောနေရင် ပြီးမှာမဟုတ် ဘူးပေါ့နော်။ ဘယ်မှာအား နည်းလဲ။  အားနည်းတဲ့ နေရာတွေ ဦးစီး ဌာနတွေကို ပိုကောင်းအောင် လုပ်ဖို့ပဲ လိုတယ်။ တစ်နေရာစီကို အပြစ်တွေကို လိုက်ရှာပြီးပြုပြင်မယ်ဆိုရင်တော့ အဓိက ရဲကို ပြုပြင်ရပါမယ်။ တရားခံကို မဖော် ထုတ်နိုင်ရင် နုတ်ထွက်တဲ့အထိ တာဝန် ယူပေးရမယ်။ အဲဒီလိုမျိုးတွေအထိ တင်း ကျပ်သင့်ပါတယ်။
ပိုင်ပိုင် (ကျောက်မြောင်း)
စိတ်လည်း မကောင်းဘူး။ တချို့ ကိစ္စတွေကိုတော့ မကျေနပ်ဘူး။ ဖြူးမှာ လို ခေါင်းဖြတ်တဲ့ကိစ္စတွေ ထပ်မဖြစ်စေ ချင်ဘူး။ သေချာမထိန်းဘူးလို့ ထင်တယ်။  သူတို့လည်း လုပ်တော့လုပ်နေတာတွေ့ပါ တယ်။ ဒါပေမဲ့တချို့က ပေါ့ပေါ့လျော့ လျော့လုပ်နေသလိုပဲ။ ဒီလိုလူတွေ သေ နေတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတာကို သိ လျက်နဲ့တော့ လေးေ လးနက်နက် ထား စေချင်တာ။ သတင်းတွေကတော့ မျိုးစုံ ပေါ့။ စဉ်းစားပြီးတော့ ယုံရတာပေါ့။ သွား ရလာရတာတော့ မကောင်းတာအမှန်ပဲ။ သီတင်းကျွတ် လပြည့် ကတောင် ကောင်း ကောင်းမလည်လိုက်ရဘူး။ ဗုံးကြောက်လို့။ ဒီမှာ ဆို ညဘက်ကားကို စစ်တဲ့ရဲတွေတွေ့ တယ်။ သူတို့ ဘာကိုစစ်တာလဲတော့ မသိ ဘူး။ ကားသမားနာမည်မေးတယ်။ ပြီး တော့ လွှတ်လိုက်တယ်။ သေချာလည်း မကြည့်ဘူး။ အဲဒါတွေက နည်းနည်းပေါ့ နေသလိုပဲ။ ကားသမားတွေကလည်း အဲ ဒါကို အလကားတွေပါလို့လည်း ပြော တယ်။ ဗုံးကိစ္စ အကုန်လုံးမှာ ပြည်သူ တွေမြင်ပြီးမှ သူတို့မြင်တာ။ သိပ်သဘာဝ မကျသလိုပဲ။ တစ်လုံးကို ပြည်သူတွေ စ မြင်တယ်ဆိုတာ ထားတော့။ နောက်အ လုံးတွေတော့ မဖြစ်အောင် သူတို့ လိုက် နေပါတယ်ဆိုပြီး ပေါက်ချင်တဲ့နေရာက ဆက်ပေါက်နေတယ်။ သူတို့တွေလည်း မတွေ့ကြဘူး။ သီတင်း ကျွတ်လပြည့်ညက လူစည်တဲ့ နေရာတွေမှာ လုံခြုံရေးတွေ သိပ်မတွေ့ဘူး။ တကယ်လို့ တစ်ခုခုဖြစ် မယ်ဆိုရင် ကိစ္စအားလုံးပြီးမှ သူတို့ရောက် လာမှာ။ ဒါရန်ကုန် မှာ ဖြစ် တဲ့ဟာတွေပေါ့။ မြို့ ကြီးလိုနေရာမျိုးတောင် ဒီလို ပေါ့ပေါ့ လျော့လျော့လုပ်နေရင် တခြားနယ်တွေ မှာ ပိုဆိုးမယ်ထင်တယ်။
ဦးစိုးအောင်
ဆောက်လုပ်ရေးဝန်ထမ်း  (မြောက်ဒဂုံ)
ဦးတို့ကတော့ နိစ္စဓူဝ အလုပ်ထဲမှာ ပဲ အချိန်ကုန်နေတာဆိုတော့ ဒါတွေကို မစိုးရိမ်မိဘူး။ သွားတာကတော့ ပုံမှန်ပဲ သွားနေတာပဲ။ ကျန်ခဲ့တဲ့ မိသားစုကိုတော့ စိတ်ပူတယ်။ အဲဒါကတော့ အဓိကပဲ။ အိမ်မှာ ကျောင်းသားတွေလည်း ရှိတော့ သူတို့တွေကိုလည်း သွားတာတွေကို စိတ် ပူရတယ်။ ကိုယ်တွေကတော့ တစ်နေ့ တစ်နေ့ စားသောက် ဖို့အတွက်ပဲ လုပ်နေ ကြတာဆိုတော့ ဒီလုံခြုံရေး အပိုင်းက တော့ လူကြီးတွေ၊ အကြီးအကဲတွေအ ပေါ်မှာ တာဝန်ရှိတာပေါ့နော်။ ဒီလိုမ ကောင်းမှု ဒုစရိုက်ေ တွ ပျောက် ကင်းသွား စေချင်တယ်။ ပြည်သူတစ်ယောက်အနေ နဲ့ လိုလားတာပေါ့နော်။ တာဝန်ရှိသူ တွေက လုံခြုံရေးအပိုင်းကို လုပ်ပေးစေ ချင်တယ်။ အိမ်မှာ ကျောင်း သားတွေက လည်းရှိနေတော့ ကိုယ့်သားသမီးတွေ ကျောင်းသွားနေတဲ့အချိန်မှာလည်း တစ် ခုခု ဖြစ်မှာစိုးရိမ်နေရတယ်။ ဒါကြောင့် မို့ တော်ရုံတန်ရုံ လူစု လူဝေးရှိ တဲ့ နေရာဆို မသွားတော့ဘူး။ ရှောင်တာပေါ့။ ဒီလို ရှောင်တော့ အန္တရာယ်ကင်းတာပေါ့။ မသမာတဲ့ သူတွေဆိုတာ ပြောလို့ရတာ မျိုး မဟုတ်ဘူးလေ။
အိမ်စည်စိုးစံ၊ ခိုင်နွယ်ဦး
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis