menu

Wednesday 23 October 2013

အိပ်မက်ရန်လွယ်ကူသော်လည်း လောင်းရိပ်သင့်နေဆဲ ကြိုးလျော့လက်များ


ဂီတကို မကြိုက်နှစ်သက်သည့် လူ ငယ်ဟူ၍မရှိ။ ထို့အတူ သီချင်းမဆိုဖူး သော လူငယ်နှင့်ဂစ်တာနှင့် အခြားတူရိ ယာတစ်မျိုးမျိုးကို မတီးခတ်ဖူးသော လူ ငယ်လည်း မရှိ သလောက် ရှားပါသည်။တချို့က အပျော်အနေဖြင့် ဂစ် တာတဒေါင်ဒေါင်ခေါက်သည်။ သူငယ် ချင်းများနှင့်ဆိုကြဖို့၊ လမ်းဘေးနှင့် ကျောင်း သားများဆိုပါက မိန်းကေ လးဆောင်များ တွင်လှည့်ပတ်တီးဖို့ သက်သက်။ ဤမျှ ဆိုလုံလောက်ပြီ။သို့သော် အချို့အတွက် တော့ ဂီတက သူတို့အတွက် အိပ်မက် ဖြစ်သည်။ ယခင်ကာ လများတုန်းက ဂစ်တာတီးတတ်ဖို့ပင်ခက်သည်။ တီး တတ်သည့်သူများထံ အောက်ကျို့ပေါင်း သင်းကာသင်ကြားရသည်။ ထို့ထက်မပို။ စင်မြင့်ပေါ်ရောက်ရန်နှင့် တကယ့် တီး ဝိုင်းတစ်ခု တီးနိုင်ဖို့က အလွန်အလှမ်း ဝေးသော အခြေအနေဖြစ်သည်။ သို့ပေ မယ့် အခုခေတ်တွင်တော့ ထိုကဲ့သို့ မ ဟုတ်တော့ပါ။ ဂစ်တာ သင်ခန်းစာများ အလွယ် တကူဝယ်၍ ရနိုင်သကဲ့သို့ အွန် လိုင်းကဲ့သို့နေရာမှလည်း အလွယ်တကူ သင်ကြားနိုင်လာသည်။ ဝါသနာရှင် လူငယ်များ အတွက်လည်း နာရီပိုင်းအခ ကြေးငွေပေး၍ တီးဝိုင်းတစ်စုံစာ တီး ခတ်လေ့ကျင့်နိုင်သည့် စတူဒီယိုအသေး စားလေးများကလည်း နေရာအနှံ့။ ထို့ အတူ အဆိုဝါသနာပါသူများ အတွက် အစွမ်းပြနိုင်မည့် ပြိုင်ပွဲနှင့် ရုပ်သံအစီ အစဉ်များကလည်း ရွေးချယ်စရာ များ ပြားလာသည်က အမှန်ပင်။

သို့သော် —အဆိုပါ လက်တစ် ကမ်း လွယ်ကူမှုများကြား ဝါသနာနှင့် အိပ်မက်တိုင်းက ရှေ့သို့ ရောက်လာနိုင် သည်တော့ မဟုတ်။ ပွင့်လင်းမှုနဲ့ ခေတ် စတိုင်အရ မြို့နယ် ရပ်ကွက်များမှ ဤကဲ့ သို့ သီတင်းကျွတ်နှင့် တန်ဆောင်တိုင်လ များတွင်ရှိတတ်သည့် ပျော်ပွဲ ရွှင်ပွဲများ တွင် တီးဝိုင်းထည့်သွင်းတတ်သည့်အခါ မျိုးသာ သူတို့ စင်ပေါ်ရော က်ရခြင်းဖြစ် သည်။
”ဒီနှစ်က ကံဆိုးတာလား။ ကံ ကောင်းတာလားတော့မသိဘူး။ ပွဲတစ် ပွဲပဲလက်ခံရသေးတယ်”ဟု ညည်းပြော ပြောလိုက်သူက သိမ်ဖြူ STAGAD -OOM Band အဖွဲ့မှ ဘေ့စ်ဂစ်တာတီး ခတ်သူကို New က ပြောသည်။ သူတို့ဝိုင်းက တည်ထောင်ထား သည်မှာ ၃နှစ်ရှိပြီ ဖြစ်သော်လည်း အဆင်ပြေနေသည်တော့ မဟုတ်။ ”ဝိုင်း အပြင်အဆင်က အဆင်မပြေတာလည်း မဟုတ်ဘဲ သီတင်းကျွတ်ပွဲတွေ ဆက် တိုက်လာရမှာကို အခုထိ လာမငှားတာ ဘာဖြစ်လို့လဲ မသိဘူး။ အချိန်ပိုင်း လောက်ပဲ လာခေါ်ကြတယ်။ ပွဲအစအ ဆုံးက တော်တော်ရှားတယ်”ဟု အဖွဲ့ ဝင်တစ်ဦးကလည်း ပြောသည်။
”ငွေကြေးတတ်နိုင်သူတွေကတော့ အခွေလုပ်ပြီး လူသိလာပြီဆို ပွင့်လင်း ရာသီမှာ ဆိုကြပေမယ့် ကျွန်တော်တို့ ကတော့ယက်ကန်ယက်ကန်ပဲ”ဟု ကိုယ် တိုင် တေးေ ရးတေးဆို လုပ်နေသော် လည်း အခွေထုတ်ရန်နှင့် အသံသွင်းရန် တို့အတွက်ခက်ခဲနေသည်ဟုပါ  Various  အဖွဲ့မှ Y က ပြောသည်။ သူတို့အတွက် တော့ အခွေ အဖြစ်ထုတ်၍ တရားဝင်ရပ် တည်နိုင်ရန် ထုတ်ဝေသူနှင့် စပွန်ဆာ မရှိသည့်အတွက် မနည်းအားတင်းရုန်းကန်နေရသည်ဟု ဆိုပါသည်။  ”ဒီလိုပွင့်လင်းရာသီမှာ ဆိုချင်ပေ မယ့် မငှားတော့ ငြိမ်နေရတယ်။ ပိုက်ဆံ ရှိရင် အသံပြေးသွင်းလိုက်၊ ကုန်ရင် ပြန် ရှာစုလိုက်ပါပဲ”ဟု သူက ဆိုပါသည်။ နာမည်ရ တေးရေးေ တးဆို တစ်ဦး ဖြစ် သည့်ကိုဆောင်းဦးလှိုင်ကတော့ ” ဂီတ လောကမှာ နာမည်ကျော်ပြီးအောင်မြင် သွားတဲ့လူငယ်တွေ တစ်နှစ်ထက်တစ်နှစ် လက်ချိုးရေတွက်လို့ရတယ်”ဟု သုံးသပ် သည်။
သူကပင်ဆက်၍ ”ဒီမှာ ဒီမိုကရေ စီစနစ်ကျင့်သုံးနေပြီ ဆိုပေမယ့် တခြား အသက်မွေးဝမ်းကျောင်း အလုပ်တွေ က မက်လောက်စရာ မရှိတော့ ဒီအနု ပညာနယ်ပယ်ကိုပဲ စုပြုံလာပြီး လုပ်။ ပြည်သူတွေဘက်မှာလည်း စားဝတ်နေ ရေးနဲ့ စီးပွားရေးတွေအဆင်မပြေတဲ့အခါ မှာ တကယ့်ဝါသနာရှင်လူငယ်တွေ အ တွက် အခွင့်အလမ်းက ပိတ်သွားတတ် တယ်”ဟု သူ့အမြင်ကို ပြောသည်။အောင်မြင်ထင်ရှားသည့် တေး ရေးတေးဆိုတစ်ဦးဖြစ်သူ ကိုမာရဇ္ဇက လည်း ”တော်တာညံ့တာ အောင်မြင်တာ က ကံတရားပါ။ ဒိလိုသီတင်းကျွတ်မှာ ဂီတဝါသနာရှင် လူငယ်တွေ တကယ် ဂီတကို တတ်ကျွမ်းပြီး ဝင်လာရင် အခွင့် အရေးပါပဲ” ဟု ဆိုပါသည်။ သို့ရာတွင် ခိုးကူးခွေဂယက်ကြောင့် နာလန်မထူနိုင်သည့် ရုပ်ရှင်ဗီဒီယိုခေတ် ပျက်ချိန်တွင် တေးစီးရီးခွေထုတ်လုပ်ဖို့ ဆိုသည်မှာလည်း ကံစမ်းမဲဖောက်သည် ထက် ပိုခက်ခဲပါသည်။ ကိုယ်တိုင်ငွေ ကြေးစိုက်ထုတ်၍ လုပ်နိုင်ပါက လုပ်၊ မဟုတ်လျှင် အများစုက စုပေါင်းထုတ် သည့်အတွဲခွေများတွင် ပါနိုင်ရန်အတွက် မျှလောက်ကိုပင် အနားမကပ်နိုင်ကြဟု သိရသည်။
”ကျွန်တော်တို့က ခွေထုတ်ဖို့ဆို တာ အိပ်မက်ပဲ မက်တာပါ။ ဖြစ်သွား တဲ့သူတွေလည်းအများကြီးပဲ။ မဖြစ်ဘဲ ရှိနေတဲ့လူတွေလည်း အများကြီးပါ။ ကျွန်တော်ကတော့ စီးပွား အရင်ရှာပြီးမှ ဂီတဘက်ကို လုပ်မယ်” ဟု ဆိုသူက ဂီတသင်တန်းတစ်ခု တက်ရောက်ထား သည့် ကိုသန့်စင်။ လက်ရှိခေတ်စတိုင် အရဝါသနာရှင် လူငယ်အများစု အနေဖြင့်  ကိုယ်တိုင်ဖန်တီးထားသည့် သီချင်းများ ကို အင်တာနက်ဖေ့စ်ဘွတ်နှင့် ယူကျုကဲ့ သို့ နေရာများတွင် တင်ကြသည်က များ သည်။ ထိုမှတစ်ဆင့်ပေါက်၍ အခွေ ထုတ်နိုင်လာသူများလည်း ရှိနေရာ ထို လမ်းကတော့ အလွယ်ကူဆုံးနှင့် အသက် သာဆုံးဖြစ်နေပေသည်။
ထိုအခြေအနေတွင် အဆိုသမား များထက် အတီးဝါသနာရှင်များအတွက် က ပိုခက်သည်။ နောက်ကွယ်မှ ပံ့ပိုးသူ ဖြစ်စေ၊ ကန့်ကွက်သူဖြစ်စေ မိသားစု များ အတွက်လည်း
အဆင်ပြေသည် တော့ မဟုတ်ပါ။ ”သီတင်းကျွတ်ပြီဆို ပျော်စရာ ရွှင် စရာတွေများတော့ ကျွန်မတို့မိဘတွေ အတွက်တော့ ရင်လေးတယ်။ ပြောမရ တားမရတဲ့ သားသမီးတွေ ဘယ်အချိန် ပြဿနာတက်မလဲဆိုတာက ရင်တမမ ပါပဲ ”ဟု ဝါသနာဖြင့် တီးဝိုင်းစုပေါင်း ထောင်ထားသည့်အဖွဲ့တစ်ခုတွင်ပါဝင် သော သားဖြစ်သူအတွက် ဒေါ်တူးမာက ပူပန်စိတ်ဖြင့် ပြောလိုက်သည်။ သား၏ ဝါသနာအတွက် တာဝန်မ ကျေနိုင်မှုအပေါ်ကိုတော့ သူက ”သား က တီးဝိုင်းကဆိုပေမယ့် သူတီးဝိုင်းနဲ့ရ တဲ့ ထမင်းမစားရပါဘူး။ ကျွန်မတို့လည်း စီးပွားရေးကို သူ့ကို ပံ့ပိုးလောက်အောင် မလုံလောက်တော့ မိဘအနေနဲ့ စိတ်မ ကောင်းပါဘူး”ဟု ဆိုပါသည်။
Strings Music မှ ကိုမျိုးကျော်က လည်း အခြေအနေကို ယခုလိုသုံးသပ်ခဲ့ သည်။ ”အသစ်တွေကို လိုအပ်တာတွေ သင်ယူမှုကအစလမ်းညွှန်ပေးသလိုတစ် နှစ်တစ်နှစ် မျိုးဆက်သစ်တွေတော်တော် များများက ထုတ်ကြပေမယ့် အောင်မြင် သွားတာနည်းတယ်။ အခွေတစ်ခွေ ထုတ်တာက ငွေတစ်ကျပ်နှစ်ကျပ်မဟုတ် တော့ အဲဒါရော စတူဒီယိုကြေးအတွက် လည်း လူငယ်တွေအခက်အခဲဖြစ်ကြ တယ်”ဟု သူက ဆိုသည်။ခေတ်အခြေအနအရ ပွင့်လင်း လွတ်လပ်မှုများလာသည့် မီဒီယာအခြေ အနေအရ လည်း လူငယ်များအနေဖြင့် ဂီတလောကဘက်သို့ အာရုံကျလာကြ သည်က များသည်။ မိမိတို့သန်ရာသန် ရာ ဂီတအမျိုးအစားများအတွက် သက် ဆိုင်ရာ ဂီတလော ကအတွင်း ကူးခတ် ရင်း ကမ်းရောက်သူရောက်၊ လမ်းပျောက် သူများလည်းပျောက်နေကြဆဲ။
”သီတင်းကျွတ်လို ရာသီကတော့ လူငယ်တွေအတွက် အခွင့်အလမ်းတစ် ခုပဲ။ ပွဲတွေလည်း များတဲ့အခါကျတော့ ပွဲတွေမှာ လိုက်ဆို လိုက်တီး၊ အဲဒါကို အွန်လိုင်းသုံး တင်ကြပြီး နာမည်ယူနေတဲ့ လူငယ်တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် တကယ်အရည်အချင်းပြည့်ဝတဲ့လူငယ်တွေဆိုရင်တော့ ပွဲငှားကြမှာပါ”ဟု ကိုမျိုးကျော် က အားပေးလိုက်သည်။ တကယ်တော့ရန်ကုန်သည် စာပေ ဂီတအနုပညာတို့ ပွင့်လန်းရာ အုတ်မြစ် ချရာ နောက်အိပ်မက်များ၏ အောင် မြေဖြစ်ရာ ဤလောကတွင်တော့ ထိုသို့ ရေစီးအသစ်များနှင့် အခက်အခဲလှိုင်း လှေများကလည်း မရပ်မနားပင်။ ဤ လောကအတွင်းပန်းတိုင်အတွက်လျှောက် ရင်း အခြားသော အလေအလွင့်အပျက် အစီးများစွာ၏ မြှူရာနောက် ကောက် ကောက်ပါကာ လမ်းပေါ်မှ ချော်သွားသူ များလည်း ဒုနှင့်ဒေး။ သို့သော် ကွင်းလုံး ပြည့်လျှံနေတတ်သည့် နာမည်ကျော် ဂီတအနုပညာ သမားများ၏ လက်ခုပ်သံ များကိုငေးကာ မာန်တင်း၍ ကြိုးစားနေ သော မျိုးဆက်တစ်ခုကလည်း အဆင် သင့်ရှိနေသည်က အမှန်။ လောကဓံဆို သည်ကနေ ရာတိုင်းရှိနေလေရာ မဆန်း သော်လည်း လျှောက်သလောက်ရောက် နိုင်အောင် တတ်စွမ်းသူများက လမ်းဖွင့် ပေးသင့်သည်ကလည်း အမှန်ပင်ဖြစ် သည်။ သို့သော် မရိုးသောစကားကဲ့သို့ပင် ပေါက်ပင်ကလည်း ကိုင်းဆဲ၊ ဗျိုင်းက လည်း နားဆဲဖြစ်ပါသည်။
”မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွား ရေး၊လူမှုရေးနဲ့ ကျန်းမာရေးတွေ အဆင် ပြေလာရင် ပြည်သူတွေလည်း ပျော်နိုင် ပြီး ဒီအနုပညာကို အားပေးမှသာ မျိုး ဆက်သစ်တွေ၊ ရွက်ပုန်းသီးတွေ ပေါ် လာခွင့် ရမယ်။ အောင်မြင်ပြီးသားသူ တွေကပဲ နေရာမယူဘဲနဲ့လူငယ်တွေကို ငွေကြေးမတတ်နိုင်တဲ့အချက်နဲ့ ပိတ်ဆို့ မှု မလုပ်စေချင်ဘူး။ အခွင့်အေ ရးပေး စေချင်တယ်။ ပရိုဂျူဆာတွေ၊ စပွန်ဆာ တွေ ဒီလူငယ်တွေကို လက်စွမ်းပြခွင့် ပေးပါ။ သူတို့သီတင်းကျွတ်မှာ ဝမ်းအ သာဆုံး အပျော်ရွှင်ဆုံးဖြစ်အောင် အား ပေးေ စချင်ပါတယ်” ဟု ဆောင်းဦးလှိုင် ကတော့ တိုက်တွန်းလိုက်ပါသည်။  နာမည်နှင့်အောင်မြင်မှုထက် သာမန်ရပ်ကွက်တစ်ခုတွင် ပြုလုပ်မည့် သီတင်းကျွတ်ေ ပျာ်ပွဲရွှင်ပွဲကဲ့သို့ စင်မြင့် တစ်ခုပေါ်သို့ တက်ရောက်အရည်အချင်း ပြခွင့် ရနိုင်ဖို့အတွက်ကိုပင် မရေမရာ စောင့်စားနေသည့် ဂစ်တာတစ်လက်နှင့် အိပ်မက်များစွာကတော့ အခန်းတစ်ခုခု ၏ထောင့်တွင် ငြိမ်သက်စွာ လောကကို ငေးနေလိမ့်မည်ဖြစ်သည်။
ထူးထူး
အောင်ခွန်းဆက်ကူညီရေးဖွဲ့သည်။
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis