menu

Wednesday 23 October 2013

ဆယ်ကျော် သက် မိန်းကလေး တစ်ဦး ကို အက်ဆစ် ရည် အတင်း အကျပ် သောက်သုံး စေပြီး ပင်လယ် တွင်း သို့ တွန်းချ ခဲ့သူ အား အိန္ဒိယ ရဲ တပ်ဖွဲ့ ဖမ်းဆီး

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့၏ အနောက် ဘက် ဆင်ခြေ ဖုံး ဒေသ ရှိ Gorai Beach တွင် အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ဆယ်ကျော် သက် အမျိုး သမီး တစ်ဦး အား အက်ဆစ် ရည် အတင်း အကျပ် သောက်ခိုင်း ကာ ပင်လယ် အတွင်း သို့ တွန်းချ ခဲ့သည့် အမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ က   ဖမ်းဆီး ခဲ့သည် ဟု အင်တာ နက် သတင်း တစ်ပုဒ် အရ သိရသည်။

ဖြစ်စဉ်မှာ အမျိုးသမီး များ ကို လိမ်လည် လှည့်ဖြားသူ အမျိုးသား တစ်ဦး သည် အသက် ၁၈ နှစ် အရွယ် ရှိ အဆိုပါ အမျိုး သမီးငယ် အား လှည့်ဖြား ခေါ်ဆောင် ခဲ့ပြီး နောက်တွင် အက်ဆစ် ရည် များ ကို  အတင်း အကျပ် သောက် သုံး စေခဲ့ပြီး နောက် ပင်လယ် တွင်း သို့ တွန်းချ ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ယခု အချိန်တွင် တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်သူ အဆိုပါ အမျိုးသမီး ငယ် သည် ဆေးရုံ တွင် အရေး ပေါ် အခြေ အနေ နှင့် ရင်ဆိုင် နေရပြီး ပြစ်မှု ကျူးလွန် ခဲ့သည့် အသက် ၂ဝ အရွယ် ဂျီတန်ဒရာဆက်ခ်ပါလ် အမည် ရှိ အမျိုးသား ကိုမူ ရဲ တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထား၍ စစ်ဆေး မှု များ ပြုလုပ် လျက် ရှိသည် ဟု သိရသည်။

MWD

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis