menu

Wednesday 23 October 2013

ကွန်တိန်နာယာဉ်မှအုတ်နံရံအားဝင်တိုက်မိပြီး အုတ်ခဲများလွင့်စင်မှုကြောင့် လူ (၄)ဦးဒဏ်ရာရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၃.၁၀.၂၀၁၃ရက်နေ့၁၂၁၅အချိန်တွင်ဆိပ်ကမ်းမြို့နယ်၊ကမ်းနားကွန်ကရစ်
လမ်းသစ်အတိုင်း မော်တင်ဘက်မှပန်းဆိုးတန်းဘက်သို့ ယာဉ်မောင်း
အောင်ဆန်းလင်း၊ (ဘ)ဦးကြည်စိုး၊ ငှက်ပျောတောကျေးရွာ၊
မြောင်းမြမြို့နယ်နေသူ မောင်းနှင်လာသည့် ၆က/----၊FUSO ကွန်တိန်နာအငှားယာဉ်သည် ကိုင်းတန်းလမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် ကာရံထားသော အုတ်နံရံအား တိုက်မိပြီး အုတ်နံရံအခန်း (၅)ခန်းပျက်စီးကာ ပြိုကျလွင့်စင်လာသော အုတ်ခဲများထိမှန်သဖြင့် ဆိပ်ကြီးခနောင်တို မြို့နယ်နေသူများဖြစ်သည့် ဦးရဲစိုး၊ (ဘ)ဦးလှမြင့်၊ ဒေါ်လှလှညွန့်၊ (ဘ)ဦးအောင်ညွန့်၊ မျိုးမြင့်ဇော်၊ (ဘ)ဦးစိန်ဝင်း၊ ဟန်ဇော်ထွန်း၊ (ဘ)ဦးဝင်းစိုးတို့ (၄)ဦးတွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရပါသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် အုတ်နံရံအခန်း (၅)ခန်းပျက်စီးပြီး ဆုံးရှုံးမှုတန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ဆုံးရှုံးပျက်စီးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဆန်းလင်းအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ်(ပ) ၂၈/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis