menu

Wednesday 23 October 2013

အပြာရောင် ကမ္ဘာကြီး ဆု အတွက် မိုး လေ၀သ ပညာရှင် ဦးထွန်းလွင် ကို တင်ပြထား

ဂျပန် နိုင်ငံမှ တစ်နှစ် လျှင် တစ်ဦး သာ ပေးအပ်သော အပြာရောင် ကမ္ဘာကြီး ( Blue Plannet ) ဆု အတွက် မြန်မာ နိုင်ငံ အနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကို တင်ပြ ထားကြောင်း FREDA မှ ဦးအုန်း က ပြောကြား သည်။

ယင်း ဆု သည် တကမ္ဘာ လုံး တွင် တစ်နှစ် လျှင် တစ်ဦး နှင့် နှစ်ဦးကြား သာ ပေးသော ဆု ဖြစ်ပြီး Blue Plannet ဆု ကို ဂျပန် ရှင်ဘုရင် က ပေးအပ် မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ မှ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏ လုပ်ဆောင်ချက် များ ကို ကမ္ဘာ မြေ ချစ်သူ ဆု ရရှိ ထားသူ ဦးအုန်း က ထောက် ခံ ၍ ဂျပန် ရှင်ဘုရင်ထံ သို့ တင်ပြ ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အပြာရောင် ကမ္ဘာကြီး ဆု ဆိုတာ ကမ္ဘာကြီး ကောင်းအောင် လုပ်တယ် ပေါ့။ သူ သက်ဆိုင် ရာ ပညာရပ် တွေမှာ ကောင်း
အောင် လုပ်တယ် ပေါ့။ ဦးထွန်းလွင် က လည်း သူ့ မိုးလေ၀သ ပညာရပ် နဲ့ ပတ်သက် ပြီး လူတွေ အတွက် သဘာဝ ပတ်ဝန်း ကျင်တွေ အတွက် ကောင်းအောင် လုပ်လို့ တင်ပေး တာ ရမရ တော့ မသိ ဘူး” ဟု ဦးအုန်း က ပြောကြား သည်။

ယင်း ဆု ရရှိရန် ယခင် နှစ် က June Pharmueutical Ltd ၏ ဥက္ကဋ္ဌ ဒေါက်တာ မင်းသိမ်း ကို တင်ပြ ပေးခဲ့ သော်လည်း ဆုရရှိ ခဲ့ခြင်း မရှိ ကြောင်း ယင်းဆု ကို ရရှိ ပါက မြန်မာ ငွေကျပ် သိန်းပေါင်း ၅၀၀၀ ရရှိမည် ဖြစ်သည်။

Blue Plannet အပြာရောင် ကမ္ဘာကြီးဆု ကို ဒေါက်တာ ထွန်းလွင် ကို ထောက်ခံ ၍ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဂျပန် နိုင်ငံ သို့ ပေးပို့ ခဲ့ကြောင်း၊ အဖြေ ကို ၂၀၁၄ ခုနှစ် ဇွန်လ မှ သိရမည် ဖြစ်ကြောင်း ဦးအုန်း က ရှင်းလင်း ပြောကြား သည်။ ဂျပန် နိုင်ငံ တွင် ရှိသော အာဆာရီးဂရပ်( စ် ) ဖောင်ဒေးရှင်း အသင်းဝင် များ သာ ယခု ကဲ့သို့ ဆု ကို တင်ပြခွင့် ရှိပြီး ဦးအုန်း သည် အဆိုပါ အဖွဲ့ ၏ အသင်းဝင် ဖြစ်သဖြင့် ဦးထွန်းလွင် ကို တင်ပြခွင့် ရရှိ ခဲ့သည်။

People power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis